ကိုရိုနာရောဂါအချိန်မှာ ဆောင်းဦးရာသီကို ပျော်ရွှင်ခံစားနိုင်မည့်နည်းလမ်း။ Glamping ဆိုရင်ရောဘယ်လိုလဲ?

၂၀၁၁ ခုနှစ် နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှု ပြီးတော့ Corona ကြောင့် အခြေအနေဆက်လက်ဆိုးရွားနေတဲ့နေရာတစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ ဖုခုရှိမစီရင်စု အိဝခိမြို့မှာရှိတဲ့ Spa Resort Hawaiians ဖြစ်ပါတယ်။

https://blog.goo.ne.jp/lanarana/e/

ဖုခုရှိမစီရင်စုဟာ ချမ်းအေးတဲ့နေရာဖြစ်ရက်နဲ့ ဘာလို့ တောင်ပိုင်းနိုင်ငံဖြစ်တဲ့ Hawaii နဲ့ပတ်သက်တဲ့ ဆိုင်ကို ဖွင့်ထားတာလဲ။

လက်တွေ့မှာ အဲ့ဒီ Resort ဟာ အားလုံးနဲ့အတူတူ ရုန်းကန်လှုပ်ရှားကြရင်း ဒေသခံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ထားတဲ့ အံ့သြဖွယ်အဆောက်အအုံတစ်ခုဖြစ်ပါတယ်။

တစ်နှစ်ပတ်လုံးရေကူးနိုင်တဲ့ ရေနွေးရေကူးကန်၊ ဟာဝိုင်အီအကစတာတွေနဲ့ လူကြီးလူငယ်ကျားမမရွေး ပျော်ရွှင်ခံစားနိုင်တဲ့ အဆောက်အအုံဖြစ်ပါတယ်။

ဒါပေမယ့် နျူကလီးယားဓာတ်အားပေးစက်ရုံ မတော်တဆမှုကြောင့် ဧည့်သည်အရေအတွက်သိသိသာသာကျဆင်းသွားပြီး ပြန်လည်အဆင်ပြေခါစမှာတော့ ကိုရိုနာရောဂါက ထပ်မံဖြစ်ပွားပြန်ပါတယ်။

ဒါတွေဖြစ်တာတောင် အလျှော့မပေးတာကတော့ Hawaiians ရဲ့ ထူးခြားတဲ့အချက်ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ Mauna Village ဆိုတဲ့နေရာအသစ်ကို တည်ဆောက်ခဲ့ပါတယ်။
အောက်ကပုံလေးကို ကြည့်လိုက်ပါ။

https://www.travel.co.jp/guide/article/

ရွက်ဖျင်တဲတွေလို့ထင်ရပေမယ့် ဒါတွေက Glamping အမျိုးအစားထဲပါတဲ့အရာတွေဖြစ်ပါတယ်။
တဲထဲမှာတော့ အောက်ကပုံအတိုင်းဖြစ်ပါတယ်။

ရွက်ဖျင်တဲလို့မထင်ရလောက်တဲ့ အပြင်အဆင်ကတော့ Glamping ရဲ့ ထူးခြားချက်ဖြစ်ပါတယ်။
ဒီပစ္စည်းတွေက ဟာဝိုင်အီအငွေ့အသက်ပေးစွမ်းနေပါတယ်။

ဒါ့အပြင် ပိုကျယ်တဲ့ သစ်သားခန်းအမျိုးအစားလည်း ရှိပါတယ်။

ဇိမ်ခံစရာက ရွက်ဖျင်တဲတစ်ခုတည်းရှိတာမဟုတ်ပါဘူး။
ညစာအတွက် ပြင်ဆင်ပေးထားတဲ့ ဘာဘီကျူးအသားကင်ပါဝင်ပစ္စည်းတွေကလည်း အတော်လေး အဆင့်အတန်းမြင့်ပါတယ်။

ကြယ်တာယာစုံလင်လှတဲ့ကောင်းကင်ကြီးကို ငေးမောရင်းနဲ့ အထက်တန်းကျလှတဲ့အစားအသောက်တွေကိုစားပြီး အထက်တန်းကျတဲ့ရွက်ဖျင်တဲမှာ အိပ်ကြတာကတော့ Glamping ဖြစ်ပါတယ်။

ဒီလိုရေကူးကန်လည်း အသုံးပြုနိုင်ပါသေးတယ်။

တိုကျိုမြို့ကနေဆို ကားနဲ့ ၃ နာရီလောက်မောင်းရင်ရောက်နိုင်တဲ့ Hawaii။
ဂျပန်ဘာသာစကားလည်း နားလည်တဲ့အတွက် အင်္ဂလိပ်ဘာသာစကားကို နားမလည်သူကိုလည်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။

Glamping က နွေရာသီအတွက်လည်း အဆင်ပြေပေမယ့် အခုရာသီနဲ့ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတဲ့အတွက်
တိုကျိုမြို့ကပုဂ္ဂိုလ်များ ဒီရာသီမှာ သေချာပေါက် သွားကြည့်ကြပါနော်။
ဂျပန်နိုင်ငံပြင်ပကလူများလည်း နောက်နှစ်မှာ ဂျပန်နိုင်ငံရဲ့ Hawaii ကို လာလည်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော်။

လိပ်စာကတော့
Hawaiians Glamping Mauna Village
၂၁၆ ခမိခမဒို ဟရှိနို့အုအဲ၊ ဝတနဘဲမြို့နယ်၊ အိဝခိမြို့၊ ဖုခုရှိမစီရင်စု

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: