အရင်က ဂျပန်နိုင်ငံမှာအသုံးပြုခဲ့တဲ့ စီးနှင်းစရာတွေက သက်တောင့်သက်သာရှိရဲ့လား?

ကား၊ ရထား၊ စက်ဘီးတောင် မရှိတဲ့ခေတ်မှာ ကိုယ့်ဘာကိုလမ်းလျှောက်သွားကြတာက သဘာဝပဲဖြစ်ပါတယ်။ အလျှင်လိုတဲ့အခါမှာတော့ မြင်းစီးကြပါတယ်။
မြင်းကိုတော့ နည်းနည်းအလှမ်းဝေးတဲ့နေရာကို သွားတဲ့အခါမျိုးမှာ အသုံးပြုပေမယ့် ဟိုနားဒီနားလေးသွားဖို့အတွက်ပဲဆိုရင် အဲ့ဒီခေတ်ကလည်း တက္ကစီလိုမျိုး စီးနှင်းစရာရှိခဲ့ပုံရပါတယ်။ အဲ့ဒီစီးနှင်းစရာတွေကတော့

ဝေါယာဥ်

https://mag.japaaan.com/

ဝေါထဲမှာ လိုက်စီးရပြီး ရှေ့နောက်မှာ ယောက်ျားလေးတွေက သယ်မပြီး ပို့ဆောင်ပေးအရာဖြစ်ပါတယ်။
အတော်လေးလှုပ်ခါမှာဖြစ်ပေမယ့် ဗလရှိတဲ့အမျိုးသားတွေက သယ်ပို့ပေးမှာဖြစ်တဲ့အတွက် ဒီလိုမျိုးကြိုက်နှစ်သက်တဲ့အမျိုးအမီးအတွက်တော့ အဆင်ပြေတဲ့စီးနှင်းစရာ ဖြစ်ဟန်တူပါတယ်။

ဈေးနှုန်းကတော့ ၄ ကီလိုမီတာခန့်ကို ယန်း ၁ သောင်းခန့်ဖြစ်ပါတယ်။
အခုခေတ်တက္ကစီတွေလိုပဲ သွားလိုတဲ့နေရာရောက်မှ ပိုက်ဆံပေးရတာဖြစ်ပါတယ်။
ဒါက သာမန်လူတွေအကြားမှာ အသုံးပြုမှုများပြားပြီး ၁၇၁၁ ခုနှစ်စာရင်းတွေအရဆိုရင် ၁၈၀၀ စီးလောက်ရှိတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ဒါက သေးငယ်တဲ့ဝေါထဲဆန့်မှရမှာဖြစ်တဲ့အတွက် ဒူးတုပ်ထိုင်စီးရမှာဖြစ်ပါတယ်။
နိုင်ငံခြားသားတွေအတွက်တော့ သိပ်အဆင်မပြေစေလောက်ဘူးထင်ပါတယ်။
အနောက်တိုင်းသားတွေကိုက ခန္ဓာကိုယ်ကြီးမားတဲ့အတွက် အဲ့ထဲမှာဆံ့မှာမဟုတ်ပါဘူး။
ဒီလိုအခြေအနေအတွက်ကတော့ အောက်ကလိုမျိုး စီးနှင်းစရာရှိပါတယ်။

ထမ်းစင်


https://mag.japaaan.com/

ဝေါယာဥ်ရဲ့ ခေါင်မိုးကို ဖြုတ်ပြီး ထိုင်ခုံထည့်ထားတဲ့အရာဖြစ်ပါတယ်။
ပိုကောင်းတာက သယ်ယူသူက ၄ ဦးဖြစ်လာတာဖြစ်ပါတယ်။
၄ ယောက်အားနဲ့ သယ်ပို့ကြတာဖြစ်ပေမယ့် အမြန်နှုန်းကတော့ မတိုးလာပါဘူး။

ဒါပေမယ့် ဒူးတုပ်ထိုင်ဖို့မလိုဘဲ ကျောရှည်ရင်တောင် စီးရတာအဆင်ပြေစေပါတယ်။

မြင်းလှည်း


အနောက်နိုင်ငံလွှမ်းမိုးမှုတွေ ရောက်လာတဲ့ခေတ်ဖြစ်ပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံက တောင်တန်းတွေများပြီး မြေပြန့်နည်းပါးတဲ့အတွက် အရှိန်ပြင်းတဲ့မြင်းကို အသုံးပြုဖို့ခက်ခဲပါတယ်။ အဲ့ဒီအဲဒိုခေတ်ရဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးဖြစ်ခဲ့တဲ့အတွက် နေရာယူတဲ့မြင်းလှည်းဟာ အန္တရာယ်များတဲ့အတွက် သိပ်အသုံးမတွင်ကျယ်ခဲ့ပါဘူး။

နွားလှည်း


ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ခန့်လောက်မှာ နွားတွေနဲ့ဆွဲပြီး အသုံးပြုခဲ့တဲ့အရာရှိတယ်လို့ဆိုပါတယ်။
ပုံစံက ဒီလိုရှေးကျတဲ့ယာဥ်ဖြစ်ပါတယ်။

အပေါ်မှာ ပြောပြသွားတဲ့အခါအရာတွေအနက် ဒါက ရှေးအကျဆုံးဖြစ်ပေမယ့် အဆင့်မြင့်စီးနှင်းစရာတစ်ခုဖြစ်ခဲ့တဲ့ပုံပါပဲ။
အတွင်းမှာတော့ တတမိဖျာချပ်တွေခင်းထားပြီး အေးအေးဆေးဆေးထိုင်နိုင်တဲ့အကျယ်ရှိပါတယ်။
ပြီးတော့ အပြင်ကနေလည်း မမြင်နိုင်ဘဲ နှစ်ယောက်လောက် စီးနိုင်ပါတယ်။
ဒါကြောင့် နည်းနည်းမလျော်ကန်တဲ့အပြုအမူတွေကို လုပ်တဲ့သူတွေလည်း ရှိပုံရပါတယ်။
ဒါပေမယ့် မျိုးရိုးမြင့်တဲ့သူတွေလုပ်တာမို့လို့ ပတ်ဝန်းကျင်အလုပ်သမားတွေက မမြင်ချင်ယောင်ဆောင်ထားကြရပါတယ်။

ပွဲတော်တွေမှာ ဖိတ်ကြားခံရတဲ့အခါ ဒီနွားလှည်းကို လှည်းယာဥ်ရပ်ရာနေမှာ မကြာခဏ ရပ်ထားကြတာမျိုးရှိပါတယ်။ ဒါပေမယ့် မူးယစ်သောက်စားပြီး ဒီနွားလှည်းထဲမှာ One Night Love လုပ်ကြပုံရပါတယ်။

ပတ်ဝန်းကျင်သိသွားမှာစိုးရိမ်တဲ့စိတ်နဲ့ ရင်ပိုတုန်နေမှာလားမသိဘူးနော်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: