ဂျပန်နိုင်ငံက မြို့တွေမှာတွေ့နေရတဲ့ “ Shimenawa” (ရှိမဲကြိုး) လေးတွေရဲ့အဓိပ္ပာယ်က?

ဂျပန်လာဖူးတဲ့သူတွေရော နတ်ကွန်းတွေမှာ ဒီလိုလေးတွေမြင်ဖူးကြလား?

ရုပ်ရှင်နဲ့တီဗီအစီအစဉ်တွေမှာ ဂျပန်အကြောင်းရိုက်ပြရင် အမြဲပါနေတတ်လို့၊ ဂျပန်ကိုတစ်ခါမှမရောက်ဖူးရင်တောင် တော်တော်များများကမြင်ဖူးကြပါလိမ့်မယ်။
နတ်ကွန်းပရိဝုဏ်ထဲမှာ ဒီထူထဲတဲ့ကြိုးလေးတွေ ရှိကိုရှိပါတယ်။

သစ်ပင်အိုအကြီးကြီးတွေမှာလည်း ဒီလိုကြိုးတွေ ချည်ထားတတ်ကြပါတယ်။


နတ်ကွန်းအပြင် အခြားနေရာတွေမှာလည်း ရှိတတ်ပါတယ်။
ဒါကတော့ ကျောက်ဆောင်အကြီးကြီးပေါ်မှာ ချည်ထားတာပါ။


ဒီကြိုးရဲ့အဓိပ္ပာယ်က အတားအဆီးပဲဖြစ်ပါတယ်။
နတ်တွေရှိနေတဲ့ နယ်မြေနဲ့ အပြင်က မကောင်းတာတွေရှိနေတဲ့ နယ်မြေကို ခွဲခြားပေးထားတဲ့အရာပါ။ ဒါက “ Shimenawa” (ရှိမဲကြိုး) ရဲ့အဓိပ္ပာယ်ပါပဲ။

မူလကတော့ ဂျပန်ဒဏ္ဍာရီတစ်ခုဖြစ်တဲ့ Amano-Iwato ဆိုတဲ့ဒဏ္ဍာရီကနေစခဲ့တာပါ။
Iwato တစ်နည်းအားဖြင့် အပေါက်မရှိတဲ့ကျောက်တုံးထဲမှာ နေမင်းကနေ ပုံပြောင်းထားတဲ့ Amaterasu Omikami နတ်က ဝင်ရောက်သွားခဲ့ပါတယ်။
နေမင်းကနေ ပုံပြောင်းထားတဲ့နတ်က အဲ့ဒီလိုဝင်သွားခဲ့တော့ ကမ္ဘာပေါ်မှာ နေရောင်မလုံလောက်တော့ဘဲ၊ မှောင်မိုက်သွားပါတော့တယ်။
ဒုက္ခရောက်နေတဲ့ တခြားနတ်တွေက Iwato ရဲ့ရှေ့မှာ ပွဲတော်ကြီးကျင်းပကြပါတယ်။

ကျယ်လောင်နေတဲ့ ပျော်ပွဲရွှင်ပွဲကအသံတွေကိုကြားပြီးသိချင်လာတဲ့ Amaterasu Ogami ဟာ
အပေါက်ကိုဖွင့်ပြီး ချောင်းကြည့်လိုက်တာကြောင့် စွမ်းအားကြီးမားတဲ့နတ်တွေက အပေါက်ကိုရအောင်ဖွင့်ပြီးအပြင်ကိုထွက်လာဖို့လုပ်နိုင်ခဲ့တယ်လို့ဆိုတဲ့ ဒဏ္ဍာရီပဲဖြစ်ပါတယ်။

နောက်ထပ်ဝင်ရောက်ပုန်းအောင်းတာမျိုးမဖြစ်ရအောင် “ Shimenawa” (ရှိမဲကြိုး) နဲ့ Iwatoကိုချိတ်ပိတ်ခဲ့ရာကနေ၊ ဒီ” Shimenawa” (ရှိမဲကြိုး) ယဉ်ကျေးမှုပေါ်ပေါက်လာတာပါ။

ဂျပန်နိုင်ငံရဲ့နတ်ကိုးကွယ်မှု ရှင်းတိုး ဆိုတဲ့ဘာသာတရားမှာ ဘယ်ပစ္စည်းမှာမဆို နတ်တွေရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။
အထူးသဖြင့် တည်ရှိနေတာကြာညောင်းနေတဲ့ အရာတွေမှာ နတ်တွေနေဖို့လွယ်ကူတာကြောင့်၊ နတ်ကွန်းမှာရှိတဲ့ သစ်ပင်ကြီး၊ အပေါ်ကလိုမျိုးကျောက်ဆောင်ကြီးတွေမှာ နတ်တွေနေတာကြောင့် အရေးကြီးတဲ့အရာတွေအဖြစ် အတားအဆီးထားပြီး၊ အဲ့ဒီနေရာကို နတ်ရဲ့နယ်ပယ်လို့သတ်မှတ်ပေးထားတာပါ။

အိမ်အသစ်ဆောက်တဲ့အခါ ပြုလုပ်ရတဲ့ ရှေးထုံးတစ်ခုအဖြစ်၊ ကြိုးအပါးလေးကို သုံးကြပါသေးတယ်။
“ Shimenawa” (ရှိမဲကြိုး)နဲ့ အဲ့ဒီမြေနေရာကိုဝိုင်းပြီး မကောင်းတာတွေမဝင်နိုင်အောင် နတ်ဆီဆုတောင်းပြီး ကောင်းချီးပေးဖို့ပြုလုပ်တဲ့ ထုံးတမ်းအစဉ်အလာလေးပါ။
အခုကစပြီး နေထိုင်သွားမယ့် ဒီမြေရဲ့ နတ်မင်းနဲ့ ချိတ်ဆက်တဲ့အရေးပါတဲ့ ထုံးတမ်းဖြစ်ပါတယ်။
အဲ့တာကြောင့် “ Shimenawa” (ရှိမဲကြိုး) ကိုလုံးဝ ကိုင်လို့မရပါဘူး။

ဒီလိုနယ်မြေပိုင်းခြားရတာကို ဂျပန်လူမျိုးတွေတော်တော်ကြိုက်ကြပုံပါပဲ။ နတ်ကွန်းတွေမှာ နတ်မင်းတွေလျှောက်ဖို့ထားတဲ့လမ်းမှာ လမ်းတက်လျှောက်ခွင့်မရှိပါဘူး။
နတ်ကွန်းကို ဆုတောင်းဖို့သွားတဲ့လမ်းကြောင်းက အခြေခံအားဖြင့် တဖြောင့်တည်း ဆိုပေမယ့်လည်း၊ အလယ်တည့်တည့်က နတ်မင်းတွေအတွက်လမ်းပါ။
လူသားတွေကဘေးအစွန်ကနေသွားရတာပါ။
ဒါပေမယ့် အဲ့ဒီလိုခွဲထားတာကို ကောင်းကောင်းမသိဘဲ အလယ်ကနေလျှောက်မိတဲ့ ဂျပန်လူမျိုးတွေလည်း တော်တော်များပါတယ်။
ဂျပန်နိုင်ငံကနတ်ကွန်းကိုသွားပြီး နတ်မင်းကိုစိတ်ဆိုးအောင်လုပ်မိရင် သွားရတာ အလကားဖြစ်မှာမို့ ဘေးအစွန်ကလမ်းလျှောက်ပါနော်။

ဒါနဲ့ ကိုင်လို့ရတဲ့ “ Shimenawa” (ရှိမဲကြိုး) လည်းရှိပါတယ်။
နှစ်သစ်ကူးမှာ အိမ်အလှဆင်ဖို့သုံးတဲ့ “ Shimenawa” (ရှိမဲကြိုး) ၊ Shimekazari (ရှိမဲခဇရိ) ပဲဖြစ်ပါတယ်။
အခုနောက်ပိုင်းတော့ ရှိမဲကြိုးကို အလှဆင်တဲ့အိမ်သိပ်မရှိတော့ပေမယ့်၊ လွန်ခဲ့တဲ့ နှစ်၃၀ကတော့ အိမ်တော်တော်များများမှာ နှစ်သစ်ကူးအလှဆင်ဖို့သုံးကြပါတယ်။

Shimekazari (ရှိမဲခဇရိ) ကအဖိုးတန်လှပနေရင် “ ဒီအိမ်က ပိုက်ဆံရှိတာပဲ” လို့တွေးကြပါတယ်။
ကားရှေ့ grill မှာအလှဆင်တဲ့အမျိုးအစားလည်းရှိပါတယ်။
အိမ်သုံးအမျိုးအစားဖြစ်တာကြောင့် ကိုင်လို့ရပါတယ်။
အကျိုးရှိမရှိကတော့ ယုံကြည်တာ၊ မယုံကြည်တာနဲ့ ဆိုင်မယ်လို့တွေးမိပေမယ့်၊ ဒီဇိုင်းလေးကတော့ ချစ်စရာလေးနော်?
ချစ်စရာကောင်းလို့ အလှဆင်လို့လည်း ကောင်းမယ်ထင်တာပါပဲ။

နှစ်သစ်ကူးအစပိုင်းအချိန်။
အဲ့ဒီအချိန်မှာ အိမ်ထဲကိုသန့်ရှင်းအောင်ပြုလုပ်ပြီး၊ အဲ့ဒီနှစ်ရဲ့ နတ်မင်းကို ကြိုဆိုကြပါတယ်။
အလှဆင်ရမှာက ဒီဇင်ဘာလ ၁၃ရက်နောက်ပိုင်းပါ။
ဒီရက်ကို နှစ်သစ်ကူးအစပိုင်း (Shougatsukotohajime)လို့ခေါ်ပြီး၊ နှစ်သစ်ကူးပြင်ဆင်မှု စတင်ရက်လို့သတ်မှတ်ထားပါတယ်။
ဒါပေမယ့် အခုခေတ်ကျတော့ ခရစ်စမတ်ပွဲတော်လို နိုင်ငံအနှံ့ကျင်းပတဲ့ပွဲတော်တွေရှိနေတာကြောင့်၊ ခရစ်စမတ်ပြီးမှ အလှဆင်တဲ့ အိမ်ကပိုများပါတယ်။
ဒါပေမယ့် ၂၉ရက်နေ့မှာ လုံးဝမလုပ်ရပါဘူး။
(二重に苦しむ) နှစ်ဆပို ခက်ခဲမယ် (နိဂျူးခု)ဆိုပြီး အဓိပ္ပာယ်ကောက်ကြတာကြောင့် ၂၉ရက်နေ့မှာ လုံးဝမလုပ်ရပါဘူး။
၂၈ရက်နောက်ဆုံးထား အပြီးသတ်တာက ပိုကောင်းပုံပါပဲ။
ပြီးတော့ နှစ်သစ်ကူးမှာ နတ်မင်းကိုကြိုဆိုပြီး ၇ရက်ကြာ (ဒေသအလိုက် ၁၅ရက်ကြာ) အထိအလှဆင်ထားပြီး၊ အဲ့ဒီနောက်ကျရင်တော့ ဖြုတ်သိမ်းပြီး နှစ်သစ်ကူးပြီးဆုံးပါပြီ။

ဖြုတ်ထားတဲ့ “ Shimenawa” (ရှိမဲကြိုး) ကို ၁၅ရက်နေ့မှာ နတ်ကွန်းကိုယူသွားပြီး၊ Dondo Yaki ဆိုတဲ့ပွဲမှာ မီးရှို့လိုက်ရင် ပြီးပါပြီ။

ဂျပန်လူမျိုးတွေအတွက် အလွန်အရေးပါတဲ့ နယ်ပယ်ပိုင်းခြားတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
ဒီလိုတွေရှိနေလို့ ဂျပန်လူမျိုးတွေက နှလုံးသားမှာနံရံခြားထားသလို (ပွင့်ပွင့်လင်းလင်းမဆက်ဆံတတ်တဲ့သူတွေလို့) ထင်ရတဲ့သူတွေများတာများလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: