Online ကနေကျင်းပနိုင်မယ့် နွေရာသီပွဲတော်အတွက် Surisawa ဒေသ ပြင်ဆင်နေပြီး !!!

ကိုရိုနာဗိုင်းရပ်စ်ရဲ့သက်ရောက်မှုက နေရာဒေသရဲ့ ပွဲတော်နဲ့ ရိုးရာယဥ်ကျေးမှုဓလေ့တွေအပေါ်ပါ သက်ရောက်လာခဲ့ပါတယ်။

၂၃ ရက်နေ့က ၄ ရက်ဆက်တိုက် ဂျပန်ရုံးပိတ်ရက်ဖြစ်ပါတယ်။  

  

ပုံမှန်နှစ်တွေဆို ဒီအချိန်ဟာ နွေရာသီပိတ်ရက်ထဲ ဝင်ရောက်လာချိန်ဖြစ်သော်လည်း ယခုနှစ်ကတော့ ဇာတိအရပ်ကိုပြန်ဖို့ရော၊ ဒေသရဲ့ပွဲတော်မှာပါဝင်ဆင်နွှဲဖို့ရော၊ တန်ဖိုးထားရတဲ့လူတွေနဲ့ပြန်လည်ဆုံတွေ့ဖို့ပါ မဖြစ်နိုင်တော့ပါဘူး။  

 

https://www3.nhk.or.jp/news/html/20200722/k10012528911000.html?utm_int=news-culture_contents_list-items_005  

  

နွေရာသီကိုလက်လျှော့အရှုံးပေးလိုက်သူတွေလည်းတော်တော်များမယ်လို့ထင်ပါတယ်။ အဲ့ဒီအထဲကမှာ လုပ်နိုင်မယ့်နည်းလမ်းကို ကြံဖန်စဥ်းစားပြီး အစဥ်အလာကိုဆက်ပြီးထိန်းသိမ်းတဲ့ လှုပ်ရှားမှုတွေလည်း ထွက်လာပါတယ်။ 

နေရာတိုင်းလိုလိုမှာ ပွဲတော်တွေမရှိတော့ပါဘူး…. 

အားလုံးလည်းသိကြပြီးတဲ့အတိုင်း Kyoto မြို့ ဆိုတာ ဂျပန်ရဲ့ယဥ်ကျေးမှုအမွေအနှစ်တွေထိန်းသိမ်းထားတဲ့ နေရာပဲဖြစ်ပါတယ်။ 

– Gion Festival “ Yamaboko Cruise” , Kyoto မြို့မှာကျင်းပ

– Hakata Gion Yamakasa, Hakata, Fukuoka မြို့မှာကျင်းပ  

– Aomori Nebuta Festival, Aomori  စီရင်စုမှာကျင်းပ 

– Awa  Odori (Dance festival) Tokushima  စီရင်စုမှာကျင်းပ 

စတဲ့ပွဲတော်တွေ .. 

  

ဗိုင်းရပ်စ်ရဲ့သက်ရောက်မှုကြောင့် ပွဲတော်နဲ့ ဓလေ့ထုံးတမ်းအနုပညာဆိုင်ရာ Performance တွေလည်း တစ်ခုပြီးတစ်ခုရပ်ဆိုင်းလိုက်ရပါတယ်။ အင်တာနက်ပေါ်မှာလည်း ဒေသပွဲတော်နဲ့ ပွဲတော်မှာပါဝင်ဆင်နွှဲဖို့ မျှော်လင့်နေသူများကလည်း …. 

  

“ ဇာတိမြို့ကပွဲတော်တွေအားလုံး ရပ်ဆိုင်းလိုက်ရတာ တကယ်ကိုနာကျင်ရတယ်

“ ဒီနှစ盆踊り(ぼんおどりBon’odori မရှိတော့လို့ ပွဲတော်တွေမပြည်စုံတော့ဘူး…..

  

https://www3.nhk.or.jp/news/html/20200722/K10012528911_2007221908_2007221920_01_03.jpg 

  

အစရှိသဖြင့် ဝမ်းနည်းကြသူအများအပြားရှိပါတယ်။ အနုပညာဓလေ့ထုံးထမ်းကိုဆိုးဝါးတဲ့သက်ရောက်မှုတွေရှိစေခဲ့တာ ဗိုင်းရပ်စ်ကိစ္စတစ်ခုတည်းတင်မကပါဘူး။  

Oita စီရင်စု Yufu မြို့ Shonai မြို့နယ်, မှာကျင်းပတဲ့ 「庄内神楽」Shonai Kagura ….. 

 

https://www3.nhk.or.jp/news/html/20200722/K10012528911_2007221907_2007221920_01_02.jpg 

  

ရဲရင့်တဲ့ကကွက်နဲ့ ရယ်ဖို့ကောင်းတဲ့လှုပ်ရှားမှု၊ အဲ့ဒါကို အားထည့်ပြီးပြင်းထန်စွာတီးကတဲ့ ဗုံရဲ့အသံက ထူးခြားတဲ့ရိုးရာဓလေ့ဖြစ်ပြီး နှစ်စဥ် ၅ လပိုင်းကနေ ၁၀ လပိုင်းအထိ သတ်မှတ်ဖျော်ဖြေကြကာ ဒီအချိန်ကိုရောက်ပြီဆို အားလုံးကကြည့်ရှုဖို့အသင့်ဖြစ်နေကြပါပြီ…… 

သို့သော် ယခုနှစ် ဗိုင်းရပ်စ်ကြောင့် Performance အားလုံးဖျတ်သိမ်းရသလို ဒီလရဲ့စံချိန်တင်သွားတဲ့ရေကြီးမှုကြောင့်လည်း အဖွဲ့ တစ်ဖွဲ့ရဲ့ဝတ်စုံတွေဟာ ရေနဲ့ရွံ့တွေနဲ့ပါလုံးထွေးသွားပြီး သုံးမရတော့တဲ့အထိ ပျက်စီးသွားခဲ့ပါတယ်။ 

  

ပွဲတော်တွေ၊ သရုပ်ဖော်ပြသမှု တွေလည်းမရှိတော့တဲ့အတွက် ဝင်ငွေလည်းနည်းသွားရတယ်လို့လည်းသိရပါတယ်။   

ဂျပန်တစ်နိုင်ငံဆိုင်ရာ ရိုးရာအနုပညာဖျော်ဖြေရေးအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ Hidetaro Koiwa ဆိုသူကတော့ “ အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတယ်။ မူလကတည်းက ရိုးရာအနုပညာဆိုတာ ဘိုးဘေးတွေရဲ့သတင်းကို သယ်ဆောင်တဲ့သူတွေပဲလေ။ ဒါကြောင့် ကျွန်တော်တို့ရဲ့သားစဥ်မြေးဆက် နှစ် ၅၀ ၊ နှစ် ၁၀၀ အထိကြိုးစားသွားဖို့လိုအပ်ပါတယ်” လို့ပြောခဲ့ပါတယ်။  

ဒါကိုကြည့်ခြင်းဖြင့် ဂျပန်လူမျိုးတွေက ရိုးရာပွဲတော်အပေါ်ထားတဲ့ သဘောထား၊ စိတ်အားထက်သန်မှုကို မြင်တွေ့နိုင်ပါတယ်။ 

ဒါကြောင့် ဒီလိုအခက်အခဲတွေကြားမှာ လက်လျှော့အရှုံးမပေးချင်တဲ့လူတွေရှိပါတယ်။ 

Iwate စီရင်စု၊ Ichinoseki မြို့ ၊ Daito မြို့နယ် Surisawa အရပ်မှာ Obon ရာသီမှာကျင်းပလေ့ရှိတဲ့ 「摺沢水晶あんどん祭り」 Surisawa Crystal Andon ပွဲတော် ဆိုတာရှိပါတယ်။ 

 

https://www3.nhk.or.jp/news/html/20200722/K10012528911_2007221905_2007221931_01_06.jpg 

   

တစ်ချိန်က ဒီဒေသမှာ တူးဖော်ရရှိခဲ့တဲ့သလင်းကျောက်တွေကိုကိုယ်စားပြုပြီး၊ လက်လုပ် ဆဌဂံ Andon ရဲ့အလင်းရောင်နဲ့ မြို့ကိုပုံဖော်အလှဆင်ထားပါတယ်။  

ဒေသခံလူတွေနဲ့ ဇာတိနေရပ်ကိုပြန်လာလည်ပတ်တဲ့လူတွေရဲ့ community-based festival လည်းဖြစ်ပါတယ်။ 

 

https://www3.nhk.or.jp/news/html/20200722/K10012528911_2007221906_2007221931_01_07.jpg 

  

ယခုနှစ်လည်းကျင်းပဖို့ပြင်ဆင်ရင်း တစ်နိုင်ငံလုံးဗိုင်းရပ်စ်ပြန့်နှံ့လာတာကြောင့် ၅ လပိုင်းမှာပဲ ရပ်ဆိုင်းကြောင်းကြေငြာခဲ့ပါတယ်။ 

Surisawa ဒေသအပါအဝင် Iwate စီရင်စုအတွင်းမှာတောကူးစက်လူနာတွေမရှိသေးပေမဲ့၊ အသက်ကြီးသူတွေအဖြည်းဖြည်းများလာတာကိုလည်းထည့်စဥ်းစားပြီး အကြီးစား Andon တွေနဲ့အလှဆင်မယ်ဆို လူစုလူဝေးပုံစံတွေဖြစ်သွားသလိုအခြားစီရင်စုကနေလာရောက်လည်ပတ်မယ့်လူတွေကြောင့်လည်း ရောဂါပြန့်နှံ့မှာကို စဥ်းစားပြီးဆုံးဖြတ်လိုက်ရတာပဲဖြစ်ပါတယ်။  

  

ဒေသရဲ့ဆက်လက်တည်ရှိသွားမယ့်ပွဲတော်ရဲ့ မီးကိုမငြိမ်းစေချင်ဘူး ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပွဲတော်ကျင်းပနိုင်မယ့် ပုံစံအသစ်ကိုရှာဖွေလာပါတယ်။

အဲ့ဒီအထဲမှာ ထွက်လာတဲ့ အိုင်ဒီယာကတော့ online ကနေကျင်းပဖို့ပဲဖြစ်ပါတယ်။ 

 

https://www3.nhk.or.jp/news/html/20200722/K10012528911_2007221905_2007221931_01_09.jpg 

  

လက်ရှိမှာကတော့ online ကနေကျင်းပမယ့် Andon ရဲ့ ဒီဇိုင်းကိုစုဆောင်းလျှက်ရှိပါတယ်။  

နှစ်စဥ်ကျင်းပနေကြ ၈ လပိုင်း ၁၃ ရက်နေ့ကနေစပြီး သီးသန့်ပြင်ဆင်ထားတဲ့ website မှာတင်ပေးမှာဖြစ်ပြီး  online ကနေ Andon ရဲ့ မီးကို ပျော်ရွှင်စွာနဲ့ စောင့်မျှော်ရှုစားရမှာပဲဖြစ်ပါတယ်။ 

၇ လပိုင်းကနေ ၈ လပိုင်းပထမအပတ်ထိ  ဒီဇိုင်းများကိုစုဆောင်းလျှက်ရှိရာ ဒေသခံများသာမက ဒီနှစ်ဇာတိမြို့ကိုပြန်လာဖို့ခက်တဲ့ မြို့တက်အလုပ်လုပ်နေသူများထံမှာလည်း လျှောက်လွှာတွေကိုရရှိနေပါတယ်။ 

ကိုရိုနာကြောင့် ပွဲတော်တွေကျင်းပလို့မရတော့ပေမဲ့ ဒီနှစ်မှာအစပြုလာတဲ့  online ကနေကျင်းပမယ့် ပွဲတော်ရဲ့ ပုံစံအသစ်ကလည်း သမိုင်းမှာကျန်ရစ်စေမယ့်အခွင့်အရေးပဲလို့ယူဆနိုင်ပါတယ် !!!!!!

  

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: