၃ သိန်း ၈ သောင်းသော နေကြာပန်းခင်း , Himawari !!!!!
နေကြာဆိုတဲ့ပန်းကို Kanji နဲ့ရေးမယ်ဆို 向日葵 Himawari လို့ရေးပါတယ်။
နေကိုမျက်နှာမူပြီးပွင့်တဲ့ထူးခြားချက်နဲ့ ပေးထားတဲ့နာမည်ဖြစ်ပြီး၊ အင်္ဂလိပ်လိုကတော့ Sun flower လို့ခေါ်ကာ သေချာပေါက် နေကိုသိသာစေတဲ့နာမည်နဲ့နွေရာသီကိုပုံဖော်ပါတယ်။
အဲ့ဒီလို 向日葵 Himawari ပန်းကို အပင်ပေါင်း ၃ သိန်း ၈ သောင်းစိုက်ထားတယ်လို့ပြောကြတာက Hyogo စီရင်စု Ono မြို့မှာတည်ရှိပါတယ်။
နေကြာပန်းတွေထဲမှာ အထူးသဖြင့် ပန်းပွင့်ကြီးအမျိုးအစားဖြစ်တဲ့ hybrid Sun flower မျိုးကိုစိုက်ပြီး ရေလောင်းပေးရင်း သေသေချာချာလေးစိုက်ကြပါတယ်။
ဒီမှာကြည့်လိုက်ပါ….
https://www.kobe-np.co.jp/news/sougou/202007/p1_0013515929.shtml
နှစ်တိုင်း နေကြာတွေအကုန်ပွင့်လာပြီဆို အချိန်နဲ့လိုက်ပြီး နေကြာပန်းပွဲတော်ကို အကောင်အထည်ဖော်ခဲ့ကြပေမဲ့ ဒီနှစ်ကတော့ မျိုးစိပ်သစ်ကိုရိုနာရဲ့သက်ရောက်မှုကြောင့် ရပ်ဆိုင်းထားရပါတယ်။
သို့သော် သွားရောက်ခံစားနိုင်ပါတယ်။
24 ရက်နေ့အထိ သွားရောက်ခံစားဖို့ အကြံပြုထားပြီး၊ အဲ့ဒီနောက် 25 ရက်နေကနေ 31 ရက်နေ့မှာတော့ ပန်းတွေကိုအခမဲ့ ပြန်ချိုးယူလာနိုင်ပုံရပါတယ်။
ဒီနှစ်တော့ မဖြစ်နိုင်တော့ဘူးဆိုရင်တောင် လာမယ့်နှစ်တော့ သေချာပေါက်ကို သွားလည်ပတ်ကြမယ်နော်….
Kengo Abe