ခွေးသွားစိပ်သံလမ်း ? တာယာဘီးနဲ့ရထား? ဂျပန်ရထားတို့အကြောင်းတစေ့တစောင်း !!!!

ရထားလို့ပြောလိုက်ပြီဆို ရထားသံလမ်း ၂ ချောင်းပေါ်မှာခုတ်မောင်းနေတဲ့ ပုံစံကိုယေဘုယျအားဖြင့်တွေ့ရပါတယ်။

ဒါပေမဲ့ မီးရထားလုပ်ငန်းဥပဒေအရ “ မီးရထား” နှင့်ရထားလမ်း လမ်းကြောင်းဥပဒေအောက်ရှိ “ လမ်းကြောင်း” ၊ သံလမ်းတွေအပါအဝင် ဒီလိုယေဘုယျမြင်တွေ့ရတဲ့ရထားတွေအပြင် Cable car နဲ့ ropeway ကဲ့သို့ အမျိုးမျိုးသောပို့ဆောင်ဆက်သွယ်ရေးသုံး ပုံစံအသစ်တွေပါ ပါဝင်လာပါတယ်။

အဲ့ဒီလိုအမျိုးမျိုးရှိတဲ့ရထားလမ်းစနစ်တွေမှာ တစ်ချို့ကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပြီး တစ်ချို့ကိုတော့ လမ်းကြောင်းတစ်ခုတည်းအတွက်သာ အသုံးပြုကြပါတယ်။
ရထားအမျိုးအစားများစွာရှိတဲ့အထဲက ဂျပန်မှာသာတွေ့နိုင်တဲ့ system နဲ့မိတ်ဆက်ပေးပါမယ်

 

Abt system တောင်တက်ရထား

https://this.kiji.is/655287218490803297

 

ဒီပုံစံရထားမှာတော့ 大井川 Oigawa မီးရထားကနာမည်ကြီးပြီး 金谷~千頭間 နဲ့ 、千頭~井川 ၊ ဒီ ၂ လိုင်းကိုခုတ်မောင်းပါတယ်။ သူ့ကိုဂျပန်မှာသာအသုံးပြုတယ်ဆိုပေမဲ့ မတ်စောက်တဲ့တောင်စောင်းတွေတက်ဖို့ ဒီဇိုင်းဆွဲထားတဲ့ Abt system ပဲဖြစ်ပါတယ်။

ရထားဟာ မတ်စောက်တဲ့တောင်စောင်းတွေတက်ဖို့အတွက် ထပ်ခါထပ်ခါပြောင်းလဲနိုင်သော switchback နဲ့ ကြီးမားသောလမ်းလွှဲဖောက်ကွင်းဆက် စတာတွေကိုလုပ်ထားပေးတယ်။ ဒါပေမဲ့ ရထားဘီးနဲ့ သံလမ်းကိုပဲအသုံးပြုပြီးမောင်းနှင်းတဲ့အခါ စွမ်းဆောင်ရည်နိမ့်တာတွေရှိသလို၊ ဒီတစ်မျိုးတည်းနဲ့မတက်နိုင်တဲ့ တောင်စောင်းတွေရှိပါတယ်။

 

ဒီနေရာမှာထွင်လိုက်တာကတော့ သံလမ်း ၂ ခုကြား ခွေးသွားစိပ်ပုံစံသံလမ်းတစ်ခုပါ။
ဘီး ၂ ခုကြား Rack type ခွေးသွားစိပ်သံလမ်းနဲ့ ကိုက်ညီပြီးတက်သွားဖို့ပြုလုပ်လိုက်ပါတယ်။
Abt system ဆိုတာ Rack type (ခွေးသွားစိပ်) သံလမ်းရဲ့ပုံစံတစ်ခုဖြစ်ပြီး၊ Rack type သံလမ်းဟာလည်း အမျိုးမျိုးရှိပါတယ်။

 

ရော်ဘာတာယာနဲ့ပြေးတဲ့ မြေအောက်ရထား

 

https://ja.wikipedia.org/wiki/%E3%82%B4%E3%83%A0%E3%82%BF%E3%82%A4%E3%83%A4%E5%BC%8F%E5%9C%B0%E4%B8%8B%E9%89%84#/media/%E3%83%95%E3%82%A1%E3%82%A4%E3%83%AB:ST_SN5000_20061102_001.jpg

မြေအောက်ရထားတွေက တိုကျိုနဲ့အိုဆာကာ စတဲ့၊ တစ်နိုင်ငံလုံးမှာ မြို့ 9 မြို့ကိုပြေးဆွဲကြသော်လည်း Sapporo ရဲ့မြေအောက်ရာထားကတော့ အခြားမှာမရှိတဲ့ ရော်ဘာတာယာနဲ့ပြေးတဲ့ ရထားပဲဖြစ်ပါတယ်။

Sapporo မြို့ရဲ့မြေအောက်ရထားကို ရထားဘီးတွေအစား၊ မော်တော်ကားဘီးတာယာတွေကိုတပ်ဆင်ထားပါတယ်။
နောက်ပြီး ရထားလမ်းရဲ့အလယ်မှာ သတ္တုနဲ့လုပ်ထားတဲ့ “ Guide rail” ကိုနေရာချထားပါတယ်။

ရထားလမ်းကတော့ တာယာဘီးတပ်ဆင်ထားတဲ့ ဘီး ၂ ခုကိုထောက်ပံ့ခြင်း၊ ဘီး ၂ ခုရဲ့ဦးတည်ချက်ကိုထိန်းညှိပေးခြင်း စတဲ့ လုပ်ဆောင်ချက် ၂ ခုကိုတာဝန်ယူပြီး၊ Guide rail ကတော့ လမ်းကြောင်းထိန်းညှိမှုကို လုပ်ဆောင်ပေးပါတယ်။

ဒီသံလမ်းပေါ်ပြေးဆွဲဖို့အတွက် ကားတာယာမဟုတ်ဘဲ ကွဲပြားတဲ့တာယာကိုအသုံးပြုပါတယ်။

 

Monorail

 

Monorail လို့ပြောလိုက်ရင် Tokyo Monorail , Shonan Monorail ကဲ့သို့ရထားတွဲအရှည်ကြီးချိတ်ဆက်ထားတဲ့ပုံစံက ယေဘုယျဖြစ်ပါတယ်။

Tokyo Monorail

 

 

Shonan Monorail

 

Ropeway ပုံစံရထားလုံးတွေလည်းရှိပြီး ထူးခြားတဲ့ Monorail system ရထားလုံးလည်းရှိပါတယ်။

ဒါကတော့ ဟီရိုရှီးမားသယ်ယူပို့ဆောင်ရေး Seno လိုင်းမှာအသုံးပြုသော “ Skyrail” ဖြစ်သည်။

 

ကြည့်ရင်တော့ ဘတ်စ်ကား၊ တကယ်က ရထား..

ကောင်းကင်ယံက ဝါယာကြိုးတွေကနေ လျှပ်စစ်ကိုယူပြီးပြေးဆွဲတာကတော့ trolley bus ပဲဖြစ်ပါတယ်။

သို့သော် ဂျပန်နိုင်ငံတွင်းမှာ တရားဝင် “ Non-electrified trolleybus” လို့ခေါ်တဲ့ ထူးဆန်းတဲ့ ယာဥ်တစ်မျိုး ရှိပါတယ်။

Nagoya မြို့ကိုပြေးဆွဲတဲ့ “ Guideway bus” ပါ……

Guideway bus ဆိုတာ လမ်းညွှန်ဘီးအသေးလေးတွေပါ တပ်ဆင်ထားတဲ့ bus ဖြစ်ပြီး၊ ချထားတဲ့သံလမ်းအတိုင်းပြေးဆွဲတဲ့ system ပါပဲ…
ပုံမှန်ရထားသံလမ်းနဲ့တူပြီး ထိန်းညှိစရာမလိုပါဘူး..
နောက်ပြီး ချထားတဲ့သံလမ်းနဲ့ ရိုးရိုးလမ်းပေါ်မှာ တစ်ချိန်တည်းပြေးနေတာကြောင့်
မြို့ပြရိယာမှာ၎င်းဟာ သံလမ်းနဲ့တွဲထားတဲ့သာမန်လမ်းပေါ်မှာ အမြန်နှုန်းနဲ့ ပြေးနိုင်သလို …..မြို့ပြင်မှာတော့ ရိုးရိုးလမ်းနဲ့ပြေးတဲ့အတွက် ကုန်ကျစရိတ်သက်သာသွားပါတယ်……

ရထားနဲ့ ဘတ်စ်ကားရဲ့အားသာချက်များကိုပေါင်းစပ်ထားတဲ့ system ပဲဖြစ်ပါတယ်။

 

ကဲ..ဘယ်လိုလဲ? စီးချင်သွားပြီမဟုတ်လား!!!!!!….
ကျည်ဆန်ရထားကိုတော့ ထွေထွေထူးထူးပြောဖို့မလိုလောက်ဘူးလို့ထင်ပါတယ်။…

ဂျပန်ကိုရောက်ဖြစ်ခဲ့ရင်တော့ စီးဖြစ်အောင်စီးကြည့်ပါ!!!…..

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: