ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးလို့ ပြောကြတဲ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်က

၂၀၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတိုင်း ဗီဇာမလိုဘဲ ခရီးသွား ၀င်ရောက်နိုင်သည့် နိုင်ငံများစွာထဲမှာမှ နိုင်ငံပေါင်း ၁၉၁ နိုင်ငံသို့ ဗီဇာမဲ့ခရီးသွားလာနိုင်တဲ့ နိုင်ငံကူးလက်မှတ်အဆင့် (၁) ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဗီဇာမဲ့ခရီးသွားလာနိုင်တဲ့ ဒုတိယ နိုင်ငံအဖြစ် ရပ်တည်နေတဲ့ နိုင်ငံကတော့ ၁၉၀ နိုင်ငံကို ဗီဇာမလိုဘဲသွားနိုင်တဲ့ စင်ကာပူနိုင်ငံဖြစ်ပါတယ်။

အနည်းငယ်ကွာခြားမှုသာ ရှိပါတယ်။
ပထမနေရာကတော့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။


https://www.cnn.co.jp/travel/35147754.html

ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ပေးခဲ့တဲ့ နိုင်ငံကူးလက်မှတ်ကတော့ ဒီလိုပါ။

https://www.tv-tokyo.co.jp/travel/entry/bwNmc/37219/

၁၈၆၆ခုနှစ်မှာ ထုတ်ဝေခဲ့ခြင်းဖြစ်လို့ နောက်နှစ် ၁၈၆၇ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပဲရစ်ကမ္ဘာ့ကုန်စည်ပြပွဲ တွင်ပါဝင်ရန်ဆုံးဖြတ်ခဲ့တဲ့ acrobatics ရဲ့ အဖွဲ့ဝင်တစ် ဦးကို ထုတ်ပေးခဲ့တဲ့ ဒီနိုင်ငံကူးလက်မှတ်ပုံစံကတော့ အစောဆုံး အဖြစ် မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ထိုအချိန်က နိုင်ငံကူးလက်မှတ်ပုံစံသည် စာအုပ်ငယ်မဟုတ်ဘဲ စာရွက်တစ်ရွက်သာဖြစ်ပါတယ်။အဲဒီတုန်းက ဓာတ်ပုံဟာ ပုံမှန်ရိုက်လေ့မရှိတဲ့အတွက်၊
အသွင်အပြင်ကိုလည်း ထင်ရှားတဲ့ အမှတ်အသားများကိုသာ အက္ခရာများဖြင့်သာ ရေးထားပါတယ်။အရပ်ရှည်ရှည်၊ နှာခေါင်းက သေးတယ် အစရှိသဖြင့်ပေါ့ . . .

ဒါဟာတော်တော်လေးမသေချာသောအရာ အဖြစ်တော့ ခံစားရပါတယ်။

၁၉၂၆ ခုနှစ်မှာတော့ လက်ရှိနိုင်ငံကူးလက်မှတ်၏ ရှေ့ပြေးပုံစံပေါ်လာခဲ့ပါတယ်။
စာအုပ်ငယ်ဖြစ်ပြီး အဖုံးမှာ ဂန္ဓမာပန်း အထိမ်းအမှတ်တံဆိပ်ပါရှိပါတယ်။အဲဒီအချိန်ကစပြီး ပြည်ပသို့ထွက်သွားတဲ့ ဂျပန်လူမျိုးတွေ တိုးပွားလာတယ်လို့ အထင်ခံရတဲ့နောက်ပိုင်း . . .

၁၉၃၉ခုနှစ်မှာတော့ ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီး နိုင်ငံခြားခရီးသွားလာခြင်းကို တားမြစ်ခဲ့ပါတယ်။စစ်ပြီးတဲ့ အချိန်မှာတောင်မှ သိမ်းပိုက်ရေးအင်အားစုတွေရဲ့ ခွင့်ပြုချက်မရဘဲ တိုင်းပြည်ကနေ မထွက်နိုင်ပါဘူး။

၁၉၅၁ခုနှစ် မှာတော့ ပြည်ပထွက်ခွာမှုကန့်သတ်ချက်တွေကို ဖြေလျော့ပေးခဲ့သော်လည်း စစ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်‌‌ရေး လုပ်ငန်းများ မတိုးတက်သေးတဲ့အပြင် တစ်နိုင်ငံလုံး ဆင်းရဲနေပြီး ခရီးသွားတယ်ဆိုတာမျိုးတွေတောင် မရှိခဲ့ပါဘူး။

ပြီးတော့ ၁၉၆၄ခုနှစ်မှာ တိုကျိုအိုလံပစ်ကို ကျင်းပခဲ့ပြီး ဂျပန်လူမျိုးတွေရဲ့ ပြည်ပခရီးသွားခြင်းကလည်း လွတ်လပ်စွာသွားလာနိုင်လာပါတယ်။
အခု ၂၀၂၀ခုနှစ်မှာတော့ ဂျပန်အစိုးရဟာ နိုင်ငံကူးလက်မှတ်ကို အင်အားအကောင်းဆုံးဖြစ်ဖို့ နိုင်ငံကူးလက်မှတ်အသစ်ကို ပြောင်းလိုက်ပါတယ်။

အဆင်ပြေတဲ့ နိုင်ငံကူးလက်မှတ်ဖြစ်လို့ အတုတွေလည်း လုပ်ကောင်းလုပ်နိုင်တာတွေ ရှိပါတယ်။

https://ontrip.jal.co.jp/people/17347757

နိုင်ငံကူးလက်မှတ်အသစ်မှာတော့ ဗီဇာစာမျက်နှာမှာ ကမ္ဘာကျော် Ukiyo-e အနုပညာရှင်ဖြစ်တဲ့
Katsushika Hokusai ရဲ့ ပုံကိုမွေးစားပုံဖော်ထားပြီး
၅နှစ်စာအတွက် ၁၆ခု၊ ၁၀နှစ်စာအတွက်၂၄ခု ပုံဖော်ထားပါတယ်။
သေချာတာကတော့ လှပပြီး …

သူ့ပုံစံအတိုင်း ပြန်လည်တုပဖို့လည်း ခက်တယ်လို့ဆိုပါတယ်။
စက္ကူကိုလည်း ရေစိုခံနိုင်ရည်ရှိအောင် အထူးပြုလုပ်ထားပြီး တုပပြုလုပ်ဖို့ ခဲယဉ်းပါတယ်။နိုင်ငံကူးလက်မှတ်ထဲမှာပါတဲ့ IC ချစ်ပ်ကိုလည်း အတုအယောင် ကာကွယ်ခြင်းကို ပြန်လည်မွမ်းမံထားပါသေးတယ်။

စစ်အပြီးကာလ၊ သုည ကနေစခဲ့တဲ့ ဂျပန်ရဲ့ နိုင်ငံကူးလက်မှတ်က ဒီလို အချိန်ကာလ အတိုတွင်းမှာ ဘာကြောင့်များ အင်အားအကြီးဆုံးဖြစ်လာရတာလဲ ? ?

ပထမဆုံး အကြောင်းရင်း တစ်ခု ကတော့ အတုပြုလုပ်ရန် ခက်ခဲတယ် ဆိုတဲ့ အချက်ပါ။
နိုင်ငံကူးလက်မှတ်ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အထောက်အထားတစ်ခုဖြစ်ပြီး ဒီလိုအရာမျိုးကို အလွယ်တကူ ကော်ပီလုပ်လို့ရတယ် အတုလုပ်လို့လွယ်တယ်ဆိုတာမျိုးက နိုင်ငံအနေနဲ့ဆိုရင် ဒီနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်က အတုဖြစ်နေတယ်ဆိုတာသာ ဖြစ်သွားရင်တော့ ထိုနိုင်ငံအပေါ် ယုံကြည်မှု ပျောက်ဆုံးတာမျိုးတွေ ရှိလာပါတယ်။

အဲဒီအတွက်ကြောင့် နိုင်ငံကူးလက်မှတ်ကို အသစ်ပြုပြင်လိုက်တာ ဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ ဂျပန်လူမျိုးတွေရဲ့ ယုံကြည်စိတ်ချရမှု။
နိုင်ငံရပ်ခြားမှာဆိုရင် တရားမဝင်နေထိုင်မှု နှင့် ရာဇဝတ်မှူတွေ ပြုလုပ်ကြတဲ့ သူတွေထဲမှာ ဆိုရင် ဂျပန်လူမျိုးဟာ အနည်းငယ်သာရှိတဲ့ အပြင် ဂျပန်တို့ရဲ့ ပြည်ပထွက်ခွာတဲ့ အဓိကအကြောင်းရင်း မှာ စီးပွားရေးနှင့် ခရီးသွားတာကို ဦးတည်ပြီး ပြည်ဝင်ကြတာများတဲ့အတွက် ကြောင့် ဖြစ်ပါတယ်။

အချို့ဂျပန်လူမျိုးတွေထဲမှာတော့ ခရီးသွားတဲ့နေရာများတွင် ပြဿနာများဖြစ်ပေါ်စေတာတွေရှိပေမယ့် နိုင်ငံတကာခြုံကြည့်ကြည့်လျှင် လူနည်းစုသာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ စီနီယာဂျပန်လူမျိုးတွေဟာ မှန်မှန်ကန်ကန်လုပ်ခဲ့တဲ့ကျေးဇူးတွေ၊ စည်းကမ်းရှိမှုတွေကြောင့် အခုအချိန် ကျွန်တော်တို့ရဲ့ နိုင်ငံကူးလက်မှတ်ဟာ အင်အားအကောင်းဆုံးဖြစ်နေရတာပါ။မြန်မာမှာရော ဘယ်လိုလဲ ?

ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံတွေမှာတော့ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင်နေတဲ့သူတွေ၊ တရားမဝင် အလုပ်လုပ်နေကြတဲ့သူတွေ တော်တော်များများရှိပါတယ်။
ထို့အပြင် ကိုယ်တစ်ဦးတည်း ပြုလုပ်မိတဲ့ အမှားဖြစ်ပေမယ့် ပြစ်မှုတစ်ခုခုကြောင့်အဖမ်းခံရတဲ့ သူတွေလည်း အတော်များများရှိလာတဲ့အခါမှာတော့ အစိုးရအကြားညှိနှိုင်းမှု၊ ရင်းနှီးမှု တိုးတက်နေပါစေ . . .

ဗီဇာကင်းလွတ်ခွင့်ရဖို့ကတော့ အလွန် ခက်ခဲပါတယ်။တိုင်းတစ်ပါးကို သွားတဲ့ နိုင်ငံသား တစ်ဦးတစ်ယောက်စီတိုင်းသည် မိမိနိုင်ငံရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတာဖြစ်ပြီး ထိုကဲ့သို့သော ရာဇဝတ်မှု ကျူးလွန်မိခြင်းကြောင့် ကိုယ်ရဲ့ လူမျိုးတစ်စုလုံးကို စိတ်အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်း လူအများစုက တစ်ကိုယ်ကောင်းဆန်ခြင်းမရှိဘဲ မှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်နိုင်တဲ့ သူတွေများလာမယ်လို့ မျှော်လင့်ပါတယ်။
ဂျပန်နိုင်ငံရဲ့ ယုံကြည်မှုက သုညကနေ စတင်ခဲ့ရတာပါ။

မြန်မာမှာလည်း မကြာခင်အချိန်တိုအတွင်းမှာ ကမ္ဘာပေါ်မှာ ယုံကြည်စိတ်ချရဆုံး၊ အင်အားအကြီးဆုံး နိုင်ငံကူးလက်မှတ်ကိုင်ဆောင်နိုင်တဲ့ တစ်နေ့ကို ရောက်လာစေချင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: