Corona ခေတ်ရဲ့ ရိုလာကိုစတာ စီးနည်း ?!!!

ဂျပန်နိုင်ငံမှာ Corona ကူးစက်ခံရသူအရေအတွက်ဟာ တဖြည်းဖြည်းကျဆင်းလာပြီးစျေးဆိုင်အမျိုးမျိုးပြန်ဖွင့်လာသည်နှင့်အမျှ မြို့ပြရဲ့ လှုပ်ရှားမှုတွေလည်း အရင်လို အချိန်သို့ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အတန်ကြာပိတ်လိုက်ရတဲ့ အပန်းဖြေဥယျာဉ်တို့လည်း နောက်ဆုံးတွင် အရင်လို ပြန်ပြီး အသက်ဝင်လာပြီဖြစ်ပါတယ်။သို့သော် အပန်းဖြေဥယျာဉ်အသင်းက ဤလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့ပါတယ် ..

” ရိုလာကိုစတာ နှင့် အခြားအပျော်စီး ယာဉ်တို့ကိုစီးသည့်အခါ မအော်ပါနှင့် ”
ရောဂါကူးစက်မှုကို တတ်နိုင်သမျှ လျှော့ချရန် ကြားကာလ၌ ထိုင်ခုံနေရာ ခြားထိုင်စေရန်နှင့် အသံမထွက်ပဲ တိတ်ဆိတ်စွာစီးနင်းရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားခဲ့ပါတယ်။

“ ဒါကအော်ဟစ်ပြီး စီးမှ ပျော်စရာကောင်းတာ မဟုတ်လား? မအော်ဟစ်ရဘူးတဲ့လား ? ”
” ဒီလိုမျိုးကြီးတော့ မမိုက်ဘူး! ”

ဒီလိုမျိုး အသံတွေတော့ ပြန်ကြားရပါတယ် ..
အဲဒီ အသံတွေကို တုံ့ပြန်သည့်အ‌နေနဲ့ အပန်းဖြေဥယျာဉ်တစ်ခုမှ ပြုလုပ်ထားတဲ့ ဗွီဒီယိုကတော့ ‌ဟော့ဖြစ်လာပါတယ်။

အဲဒီ အပန်းဖြေဥယျာဉ်ကတော့ Fujikyu Highland ပဲဖြစ်ပါတယ်။

https://images.app.goo.gl/UVU92Ac94jTKUDaq6

ဒီအပန်းဖြေဥယျာဉ်ဟာ ဆူညံအော်ဟစ်ပြီးစီးရတဲ့ စက်တွေအများကြီးကြောင့် ကျော်ကြားပါတယ်။
အော်ဟစ်စက်တွေကြိုက်တဲ့သူ ဘယ်သူမဆို ဒီနေရာကိုမသိတဲ့သူ မရှိပါဘူး။

အပန်းဖြေဥယျာဉ်ရဲ့ လမ်းညွှန်ချက်များကို လက်ခံရရှိပြီးနောက်
“ ကြွေးကြော်သံ အော်ဟစ်သံ မပါဘဲ ရိုလာကိုစတာ ကို မစီးတတ်ဘူး” ဟုပြောသူများအတွက်ဤမက်ဆေ့ခ်ျများနှင့် ဗွီဒီယိုများကို ဤ Fujikyu Highland ရဲ့ တရားဝင် Twitter တွင်မျှဝေခဲ့ပါတယ်။

“ Fujikyu Highland တွင်ကူးစက်မှု ကာကွယ်ရေးလမ်းညွှန်ချက်များအရ ဥက္ကဠ
ထံမှ roller coaster ကို မည်သို့စီးရမည်ကို စီးနည်းအသစ် မော်ဒယ်တစ်ခုပေးမှာ ဖြစ်ပါတယ် ”

 

 

ဗီဒီယိုထဲမှာ Fujikyu Highland ဥက္ကဠ နှင့်အတူ Fujikyu အဖွဲ့ မှ
” မအော်ဟစ်ပဲ roller coaster ကိုဘယ်လိုစီးရမလဲ” ဆိုတာကို ဥပမာတစ်ခု အနေနဲ့ ပြထားပါတယ်။

ဦးလေးနှစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်စွာ roller coaster ပေါ်တွင်စီး နင်းနေသည်မှာ တော့ စိတ်ဝင်စားစရာကောင်းတယ်နော် . . . (ဟဟဟ)

အပန်းဖြေဥယျာဉ်ရဲ့ ဥက္ကဠ က ဒါလုပ်နိုင်တယ်ဆိုတာပြနေတဲ့အတွက် ဒီလိုဆိုရင်တော့

“ ငါမလုပ်နိုင်ဘူး ! ” လို့ မပြောနိုင်တော့ဘူး နော် . . . ဟုတ်တယ်မဟုတ်လား? (ဟားဟား)

ရောဂါကူးစက်မှုကို ကာကွယ်ရန် လုံလောက်သော အစီအမံများပြုလုပ်ပြီး
(ကစားနည်းသစ် ) နှင့်အတူ အပန်းဖြေဥယျာဉ်ကို ပျော်မွေ့ကြပါစို့ !

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: