Ninja Temple လို့တင်စားကြတဲ့ လျှို့ဝှက်ထောင်ချောက်တွေနဲ့ပြည့်နေတဲ့ ဘုန်းကြီးကျောင်း !!!

Ishikawa ခရိုင်၊ Kanazaw မြို့မှာ အများက Ninja Temple လို့ခေါ်ကြတဲ့ 妙立寺(みょうりゅうじ) Myōryūji ဆိုတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါတယ်.

Ninja တွေကိုကြိုက်နှစ်သက်ကြတဲ့ ကမ္ဘာပေါ်ကလူသန်းပေါင်း ၅၀၀ အတွက်တော့ ဒီဘုရားကျောင်းမှာ “ Ninja တွေနေထိုင်လို့လာ” ဆိုပြီးပျော်ကောင်းပျော်နိုင်သွားကြပေမဲ့၊ တကယ်ကအဲ့ဒီလိုမဟုတ်ပါဘူး။

“ Ninja တွေနေထိုင်ခဲ့တယ်” ဆိုတာလည်းမဟုတ်ပါဘူး။

သို့သော် ဝမ်းနည်းစရာအကြောင်းလည်းမရှိပါဘူး။ ဒီလိုဘုရားကျောင်းက ဂျပန်မှာများစွာရှိတဲ့အထဲက ဒီတစ်ခုကတော့ အထူးသီးသန့်တည်ရှိမှုဖြစ်ပြီး၊ သေချာတာကတော့ Ninja Temple ဆိုတဲ့နာမည်နဲ့တော်တော်နီးစပ်တဲ့ အချက်တွေလည်းရှိပါတယ်.

ဒီဘုရားကျောင်းကိုတော့ ၁၆၄၃ ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။
အဲ့ဒီအချိန်ဒီနေရာက 加賀藩(かが はん) Kaga Domain လို့ခေါ်တဲ့ ကြီးမားတဲ့ဧရိယာဖြစ်ခဲ့ပါတယ်။
အဲ့ဒီအချိန် တိုင်းပြည်ရဲ့အရွယ်အစားကို ဆန်စပါးရိတ်သိမ်းလို့ရတဲ့ပမာဏနဲ့လိုက်ပြီး တိုင်းတာပါတယ်။

加賀藩(かが はん) Kaga Domain ကတော့ 1,220,000石 unit ဖြစ်ပါတယ်။
石(ごく)Goku ဆိုတဲ့ unit က ပမာဏကိုဖော်ပြတဲ့ unit ဖြစ်ပြီး 1石 မှာ 180 liters ရှိပါတယ်။
အဲ့ဒီတော့ 1,220,000石 လို့ပြောရင် တော်တော်လေးကိုကြီးမာတယ်လို့ နားလည်နိုင်ပါတယ်။

ငွေသားအနေနဲ့ပြောရရင် 60 billion ယန်း လောက်ပေါ့…

အဲ့ဒီအချိန် ဂျပန်မှာ藩(はん)ဆိုတဲ့ Domain တွေအများကြီးရှိပါတယ်။
တစ်နည်းအားဖြင့် လက်ရှိစီရင်စုတွေလိုမျိုး တိုင်းပြည်အမြောက်အများနဲ့ကွဲနေပြီး အဲ့ဒီအထဲမှာတော့ 加賀藩(かが はん) ကအကြီးဆုံးပဲဖြစ်ပါတယ်။

ဒီအတွက် ဗဟိုအစိုးရအဖွဲ့ဖြစ်တဲ့ Edo Shogunate ဆီကအမြဲတမ်းစောင့်ကြည့်ခြင်းကိုလည်းခံရပါတယ်။
Shogunate စစ်တပ်ကနေလာပြီးတိုက်ခိုက်ကြလိမ်မယ်လို့တောင် ထင်ခဲ့ကြပုံရပါတယ်။

အဲ့ဒီလိုခေတ်မှာတည်ဆောက်လိုက်တာကတော့ အခုမိတ်ဆက်ပေးမယ့် 妙立寺(みょうりゅうじ) ဘုရားကျောင်းပဲဖြစ်ပါတယ်။


ထိုအချိန်က 加賀藩(かが はん) ရဲ့ထိပ်ဆုံးမှာရှိတဲ့ Maeda မိသားစုလည်းပဲ ဒီဘုရားကျောင်းမှာရုပ်ဖျက်ပြီးလာရောက်ဆုတောင်းနိုင်ဖို့အတွက်၊ နောက်ပြီးအရေးအကြောင်းကြုံတဲ့အခါ ဒီဘုရားကျောင်းကနေထွက်ပြေးနိုင်ဖို့ လျှို့ဝှက်လမ်းတွေကိုလည်းနေရာတိုင်းမှာ ဖောက်ထားပါတယ်။

ရလဒ်အနေနဲ့ကတော့ ဒီဘုရားကျောင်းကတော်တော်လေးရှုပ်ထွေးလွန်းတဲ့တည်ဆောက်မှုမျိုးဖြစ်တာကြောင့် Ninja Temple လို့အမည်တွင်သွားရခြင်းပဲဖြစ်ပါတယ်။

အတွင်းပိုင်းကြည့်လိုက်ပါ။

 

 

 

 

 

 

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထူးခြားမှုကိုသိပ်မမြင်နိုင်တာက ရန်သူရဲ့အမြင်ကိုလှည့်စားနိုင်ခြင်းပဲဖြစ်ပါတယ်။
သူရဲ့လှည့်ကွက်တွေကို နည်းနည်းလောက်ထပ်ကြည့်လိုက်ရအောင်…

ပထမဆုံး စစချင်းဝင်ပေါက်အနီးမှာရှိတဲ့ အလှူငွေခံတဲ့သေတ္တာ

ပုံမှန်အားဖြင့် အလှူငွေခံတဲ့သေတ္တာကို ကြမ်းပြင်ပေါ်မှာတင်ထားလေ့ရှိကြပေမဲ့၊ ဒီမှာကတော့ မြုပ်ထားပါတယ်။

တကယ်ကဒီအနီးအနားမှာထောင်ချောက်တွေဆင်ထားပြီး၊ ပြုတ်ကျနိုင်တဲ့အပေါက်တွေလည်းရှိပါတယ်။
ထောင်ချောက်တွေမှာ ချွန်ထက်တဲ့အရာတွေကိုထား ထားတဲ့အတွက် ကျွုံကျသွားရင်တော့ ….
ဟုတ်ကဲ့ အဆုံးသတ်ပါပြီ…

လှေကားတွေမှာလည်းထောင်ချောက်တွေဆင်ထားပါတယ်။

လျှို့ဝှက်လှေကား..

သိုလှောင်ခန်းကိုဖွင့်ပြီး ကြမ်းခင်းကိုခွာလိုက်တဲ့အခါ လျှို့ဝှက်လှေကားကိုတွေ့ရပါမယ်။
အကယ်၍တံခါးပိတ်ထားမယ်ဆိုရင်တော့ ဖွင့်နိုင်မှာမဟုတ်သလို၊ ကြမ်းခင်းကနေကျွုံကြသွားမလားဆိုတာလည်း မသိနိုင်ပါဘူး။

အလင်းရောင်ထွက်နေတဲ့လှေကား

လှေကားမှာတပ်ဆင်ထားတဲ့ အဖြူရောင်အပိုင်းတွေကို 障子 Shoji လို့ခေါ်တဲ့စက္ကူကိုကပ်ထားတာဖြစ်ပြီး၊ လှေကားရဲ့အနောက်ဘက်ကနေ စစ်သားတွေလာတဲ့အခါမှာလည်းသိနိုင်ပါတယ်။

လူတွေဖြတ်သွားတဲ့အခါမှာ သူတို့ရဲ့အရိပ်ကိုလည်းမြင်နိုင်တဲ့အတွက်၊ လှေကားပေါ်မှာလမ်းလျှောက်နေတဲ့ ရန်သူစစ်သားရဲ့ ခြေထောက်တွေကို ဓါးနဲ့လုပ်ကြံခုတ်ဖြတ်နိုင်ပါတယ်။

နောက်ပြီး ဟိုးအဝေးမှာရှိနေတဲ့ Kanazawa ရဲတိုက်ကိုလည်း မြေအောက်လမ်းနဲ့ဆက်သွယ်ထားတယ်လို့လည်းပြောကြပါတယ်။

ဘုရားကျောင်းထက် ခံတပ်လို့ပြောရင်ပိုမှန်ကောင်းမှန်ပါလိမ့်မယ်။
Ninja တွေရှိတယ်တို့၊ Ninja တွေနေထိုင်ခဲ့တယ်တို့.. ဆိုတာလုံးဝမဟုတ်ပါဘူး။
ရှုပ်ထွေးလွန်းတဲ့တည်ဆောက်ပုံကြောင့် Ninja ကိုအစွဲပြုပြီး Ninja Temple လို့အမည်ပြောင်အနေနဲ့ပေးရခြင်းပဲဖြစ်ပါတယ်။
ကြည့်ရကျိုးနပ်ပါတယ်.

ဒီလိုရှုပ်ထွေးတဲ့တည်ဆောက်မှုကြောင့် မိမိသဘောနဲ့မိမိ လိုက်လံကြည့်ရှုမယ်ဆိုရင် အပြန်လမ်းပျောက်သွားနိုင်တာကြောင့်လည်း စိတ်ကြိုက်လျှောက်သွားလို့မရပါဘူး။
အဲ့ဒီနေရာရဲ့အကြောင်းအရာတွေကိုရှင်းပြပေးမယ့်သူတွေရှိတဲ့အတွက်၊ အရင်ဆုံးတော့ ဖုန်းဆက်အကြောင်းကြားထားပြီးမှသွားလည်ပတ်စေချင်ပါတယ်။
သို့သော်သိထားရမှာက ဂျပန်ဘာသာစကားနဲ့ပဲရှင်းပြပေးမှာပါ။

အခုမိတ်ဆက်ပေးမှုမှာ မပါလိုက်ရတဲ့လျှို့ဝှက်နေရာတွေလည်းအများအပြားရှိပါသေးတယ်။
ဒါကြောင့် 金沢 Kanazawa ကိုရောက်ဖြစ်ခဲ့ရင် Ninja Temple လို့ခေါ်ကြတဲ့ 妙立寺(みょうりゅうじ) ကိုသွားရောက်လေ့လာခဲ့ကြပါနော်…

 

妙立寺

石川県金沢市野町1−2−12

tel 076-241-0888

http://www.myouryuji.or.jp/origin/

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: