ကျည်ဆန်ရထားဖြင့်ခရီးသွားသူများ သတိထားရမည့်အချက်!!!!!

ဂျပန်ကိုရောက်ဖြစ်ခဲ့ရင် သေချာပေါက်စီးဖူးချင်တဲ့အရာတစ်ခုက ကျည်ဆန်ရထားပဲမဟုတ်ဘူးလား??

အမြန်နှုန်းနဲ့အရည်အသွေးကတော့ ကမ္ဘာ့ထိပ်တန်းနံပါတ်တစ်ဖြစ်ပါတယ်။

 

 

သူပြေးဆွဲတဲ့ အမြန်နှုန်းကိုတောင်မခံစားရဘဲ၊ လှုပ်ရမ်းမှုကလည်းနည်းပြီး တည်ငြိမ်တဲ့အနေအထားမှာ ပြေးနေတာကတော့ ခရီးသည်တွေအတွက် အရမ်းကိုသက်သောင့်သက်သာဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။

လေယာဥ်ကခရီးအတွက်မြန်ဆန်တယ်ဆိုတာပုံမှန်ပါပဲ။ ဒါပေမဲ့ ၁နာရီ ၂နာရီလောက်လေယာဥ်ကွင်းမှာ ကြိုမရောက်လို့ကတော့မရတာတွေ၊ အထုတ်အပိုးတွေရဲ့ စစ်ဆေးမှုတွေကလည်း အလုပ်ရှုပ်စေတာတွေ၊ စစ်ဆေးမှုအပြီးအထုတ်အပိုးတွေရောက်ရှိလာမှာကို စောင့်ဆိုင်းရတာတွေ ရှိပါတယ်။

ဒီလိုအခြေအနေထက်စာရင် ကျည်ဆန်ရထားကတော့ အားလုံးထဲမှာအလျင်မြန်ဆုံးပါပဲ။

 

ကျည်ဆန်ရထားကလျင်မြန်ပြီး အဆင်ပြေတယ်ဆိုပေမယ့်၊ အရေးကြီးတဲ့လိုက်နာရမယ့်အချက် ပြောင်းလဲမှု ရှိခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ခုနစ် ၅ လပိုင်းကစပြီး၊ မိမိရဲ့အထုပ်အရွယ်အစားက ကြီးမယ်ဆိုရင်တော့ ကြိုတင်မှာကြားထားရမယ့်စနစ် အဖြစ်ကိုပြောင်းလဲမှာပဲဖြစ်ပါတယ်။

 

အလျား၊ အနံ၊ အမြင့်ရဲ့ စုစုပေါင်းက ၁၆၀  စင်တီမီတာကိုကျော်လွန်ခဲ့ပါက သတ်မှတ်ထားတဲ့စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး၊ ကြီးမားတဲ့ suitcase ကလည်း သတ်မှတ်ထားတဲ့ ဆိုဒ်ထဲကို၀င်နေမှာ ဖြစ်ပါတယ်။

 

ကြိုတင်မှာကြားစာရင်းပေးထားတဲ့ အထုပ်အပိုးတွေကတော့ ပုံမှန်အတိုင်း အခမဲ့သယ်ဆောင်ခွင့်ရှိပြီး၊ ကြိုတင်စာရင်းမပေးထားတဲ့အခြေအနေဆိုရင်တော့ ၀န်ဆောင်ခအနေနဲ့ ယန်း ၁၀၀၀ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။

 

ပထမဆုံး 東海道・山陽新幹線 – 東京 (Tokyo) ကနေ博多(Hakata) ကိုပြေးဆွဲတဲ့ကျည်ဆန်ရထားနဲ့၊

九州新幹線 – (Kyushu) မှာရှိတဲ့ 福岡 (Fukuoka) ကနေ 鹿児島 (Kagoshima) ကိုပြေးဆွဲတဲ့ကျည်ဆန်ရထား ဒီရထားလိုင်းတွေမှာ လုပ်ဆောင်ဖို့သတ်မှတ်ထားပါတယ်။

 

အထုပ်အပိုးတွေကိုလွတ်လပ်စွာထားလို့ရတဲ့ ခုံတွေရဲ့နောက်ဆုံးအတန်းကတော့ ခရီးဆောင်အိတ်အကြီးကြီးတွေကို ထားဖို့နေရာပါ တွဲပါတဲ့ထိုင်ခုံတွေပဲဖြစ်ပါတယ်။ ဒီထိုင်ခုံတွေကို ကြိုတင်စာရင်းပေးထားသူသာလျှင် အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

လက်ရှိမှာတောင် အထုပ်တွေထားဖို့နေရာက မလုံလောက်တဲ့အတွက် ဘယ်လိုများထပ်ဖြစ်လာအုံးမလဲ??

 

ယခုတော်တော်များများ ကျည်ဆန်ရထားမှာပါတဲ့ လက်ဆေးလို့ရတဲ့နေရာကို ပြန်လည်ပြုပြင်မွမ်းမံပြီး၊ အထုပ်အပိုးတွေ ထားလို့ရမယ့်နေရာကို ပြုလုပ်မယ့်ပုံပါပဲ။

ရထား၀န်ထမ်းတွေကလည်း အဆင်ပြေချောမွေ့စွာနဲ့ အထုပ်အပိုးတွေကိုအတူတကွတင်ဆောင်နိုင်ဖို့ ရည်ရွယ်ကြပါတယ်။

စကားမစပ် ဒီလိုပြောင်းလဲမှုက ရထားအတွင်းပိုင်းပဲမဟုတ်ပါဘူး။

လက်ရှိပြေးဆွဲတဲ့ရထားက ၁နာရီကို ၃၂၀ကီလိုမီတာဖြစ်ပါတယ်။ ဒီနှုန်းကိုသိသိသာသာ ကျော်လွန်မယ့် ၁နာရီကို ၃၆၀ကီလိုမီတာအထိ ပြေးဆွဲမယ့် မော်ဒယ်အသစ် N700S ကတော့ လာမည့် ၂၀၂၀ ခုနစ်မှာ စတင်ပြေးဆွဲဖို့ လျာထားပြီးပြီပဲဖြစ်ပါတယ်။

 

ယခုလက်ရှိ စည်းမျဥ်းကတော့ ၁နာရီ ၃၂၀ ကီလိုမီတာနှင့်အထက် ပြေးဆွဲနှုန်းကို ပိတ်ပင်ထားပေမယ့်၊ ဒီစည်းမျဥ်းက ခွင့်ပြုပေးခြင်းခံရပြီး၊ ပိုပြီးလျင်မြန်စွာခရီးတွင်နိုင်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဖြစ်လာမှာ သေချာလုနီးပါးဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ဂုဏ်ယူစရာကတော့ ကမ္ဘာ့အဆင့်ကျည်ဆန်ရထားပဲဖြစ်ပါတယ်။

ဂျပန်ရဲ့နည်းပညာကိုလည်း သေချာပေါက် ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခံစားကြည့်စေချင်ပါတယ်။

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: