Maiko လေးတွေနဲ့ ဘယ်လိုဆော့ကြလဲ?

https://ja.travel-kyoto-maiko.com/traveltips/7190

 

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့ဆိုရင်တော့ ကျိုတိုမြို့လို့ပြောရပါမယ်။

ဘုန်းကြီးကြောင်းတွေနဲ့ မြို့ပုံစံက အရမ်းကိုလှပပြီး Maiko လေးတွေကိုလည်း တွေ့ချင်ကြမယ်လို့ထင်ပါတယ်။

Maiko တစ်ယောက်ဖြစ်သွားအောင် မိတ်ကပ်အဝတ်အစားတွေကို ဝတ်ဆင်လို့ရတယ်ဆိုပေမယ့် Maiko ရဲ့တကယ့်အလုပ်အကြောင်းကို သိတဲ့သူတွေရှာတယ်လို့ထင်ပါတယ်။

ဒီတစ်ခါမှာတော့ ဧည့်သည်တွေဘက်ကနေမြင်တဲ့ Maiko တွေရဲ့အလုပ်အကြောင်းကို ပြောပြပါမယ်။

芸妓(げいこ)さんGeiko နဲ့ 舞妓(まいこ)Maiko နှစ်ခုက မတူဘူးဆိုတာကို သိပါသလား ?

တကယ်တော့ သူတို့ကိုတကယ်ဦးဆောင်တာက အောက်ကပုံထဲကလို Geiko ဖြစ်ပါတယ်။

https://ja.travel-kyoto-maiko.com/traveltips/7190

 

ကဖို့သီချင်းသံအတွက် Shamisen ဆိုတဲ့တူရိယာနဲ့ အလုပ်အကိုင်တွေအားလုံးကို တတ်မြောက်ကြောင်း စစ်ဆေးမှုတွေကို အောင်မြင်ထားတဲ့ ပရိုတွေဖြစ်ပါတယ်။

Maiko လေးတွေကတော့ ခုမှလေ့ကျင့်နေတဲ့ကလေးတွေဖြစ်ပြီး သူတို့ရဲ့ဝတ်စုံလေးတွေက ချစ်စရာကောင်းတယ်ဆိုပြီးတော့ လက်ရှိမှာရေပန်းစားနေတာဖြစ်ပါတယ်။

 

ဒီလိုကောင်မလေးတွေနဲ့အတူ သောက်စားပျော်ပါးတာကို Ozashiki asobi လို့ခေါ်ပါတယ်။

ကောင်မလေးတွေက ပြည့်တန်ဆာမဟုတ်တာကြောင့် မကြိုက်တဲ့အရာတွေကိုတော့ တားမြစ်ထားပါတယ်။

နောက်ပြီး သောက်ထားရင်တောင်မှ ဇီဇာကြောင်လို့ရတဲ့နေရာမျိုးမဟုတ်ဘဲ လူကြီးလူကောင်းတစ်ယောက်ကို မနေလို့မရပါဘူး။

ဝတ်စုံတွေဆိုရင်လည်း ကီမိုနိုဝတ်စုံပြည့်ကို သေသေချာချာဝတ်ဆင်ထားရပါတယ်။ ယူကတတောင်ဝတ်လို့မရပါဘူး။

 

သပ်ရပ်သန့်ရှင်းတဲ့ ဂျပန်ပုံစံအခန်းထဲမှာ တစ်နာရီခွဲကနေ ၂ နာရီလောက်အထိ ထမင်းစားရင်း အရက်သောက်ရင်းနဲ့ Maiko လေးတွေတီမှုတ်ဖော်ဖြေကပြတာကို ကြည့်နိုင်တဲ့အပြင် သူတို့လေးတွေနဲ့အတူတူဂိမ်းဆော့လို့လည်းရပါတယ်။

 

ဒါနဲ့ဘယ်လိုဂိမ်းမျိုးကိုဆော့ကြတာလဲ။ ကြည့်လိုက်ကြရအောင်နော်။

 

 

こんぷらふねふね(Kompura Funefune)

https://www.youtube.com/watch?v=oXGwkHSuRHM

စားပွဲသေးသေးလေးပေါ်မှာ လက်နဲ့ယူလို့ရတဲ့ပစ္စည်းလေး ဥပမာခွက်လေးတစ်လုံးကိုတင်ပြီး မျက်နှာချင်းဆိုင်ထိုင်ပြီးဆော့ရတာဖြစ်ပါတယ်။

တီးလုံးကိုလိုက်ပြီး စည်းချက်ညီညီတစ်ယောက်တလှည့် ခွက်ကိုထိရတာဖြစ်ပါတယ်။

ခွက်ကိုပါယူလိုက်တယ်ဆိုရင်တော့ တစ်ဘက်လူက လက်သီးစုတ်အနေအထားနဲ့ ခုံကိုထိရမှာဖြစ်ပါတယ်။

စည်းမျည်းစည်းကမ်းက ရိုးရိုးရှင်းရှင်းလေးပဲဆိုပေမယ့် တီးလုံးကတဖြည်းဖြည်းမြန်လာတာကြောင့် ယောင်မှားသွားတတ်ပါတယ်။

 

 

とらとらtoratora

https://www.youtube.com/watch?v=WtDg7apfmsI

Janken ဆိုတဲ့ကစားနည်းနဲ့ စည်းကမ်းချက်တွေအတူတူပါပဲ။

လက်တစ်ခုပဲမှန်လို့မရဘဲ တစ်ကိုယ်လုံးအမူအရာလုပ်ရမှာဖြစ်ပါတယ်။

ပုံပြင်လေးတစ်ပုဒ်ကနေ ဂိမ်းအနေနဲ့ဖြစ်လာခဲ့ပြီး 和藤内(わとうない)watounai ဆိုတဲ့ကာရိုက်တာရယ် မိန်းမကြီး ရယ် ကျား ပုံစံ ၃ မျိုးကို Janken လိုမျိုး အနိုင်အရှုံးဆုံးဖြတ်တာဖြစ်ပါတယ်။

မြန်မာလိုဆိုရင်တော့ ဗိုလ်၊ကျား၊သေနတ်လိုမျိုးပါ။

 

投扇興(とうせんきょう)ယပ်တောင်ပစ်

https://www.youtube.com/watch?v=VPKYhcObTiA

ဒီဗီဒီယိုအစမှာ ဂိမ်းကစားတဲ့ပုံကိုပြထားတဲ့အတိုင်း ယပ်တောင်ကိုပစ်လိုက်ရတာဖြစ်ပါတယ်။

ပြုတ်ကျလာတဲ့အပေါ်မှာမူတည်ပြီး အမှတ်ရေတွက်တာဖြစ်ပါတယ်။

၁ မီတာလောက်အကွာကနေ ယပ်တောင်ကိုလှမ်းပစ်ရပြီး လွယ်လွယ်လေးတော့မဟုတ်ပါဘူး။

 

သွားကြည့်ချင်တယ်လို့တွေးမိလိုက်ရင်တော့ ပိုက်ဆံတော့နည်းနည်းကုန်လိမ့်မယ်နော်။

ဆိုင်အလိုက်ကွာခြားမှုရှိပြီး ခန့်မှန်းခြေ ယန်း ၅ သောင်း ကနေ ၉ သောင်းလောက်ထိရှိပါတယ်။

ဒါက ဧည့်သည်တစ်ယောက်နှုန်းပါ။

အသေးစိတ်ဆိုရင်

-စားသောက်ခန်းစရိတ် ယန်း ၁ သောင်းကနေ ၂ သောင်းအတွင်း

-စားသောက်စရိတ် ၁ သောင်းကနေ ၂ သောင်းအတွင်း

-お花代(おはなだい) 3〜5万円

-Ohanadai  ၃ သောင်းကနေ ၅ သောင်းအတွင်း

Ohanadai ဆိုတာက ပြောရမယ်ဆိုရင် မုန့်ဖိုး ကိုပြောတာဖြစ်ပါတယ်။

 

 

နောက်ဆုံးအနေနဲ့ ခက်ခဲတဲ့မေးခွန်းတစ်ခုရှိပါတယ်။

ကျိုတိုမှာ 一見(いちげん)さんお断りIchigensan okotowari ဆိုတဲ့ စည်းကမ်း ရှိပါတယ်။

အခုမှလာတဲ့ဧည့်သည်က မိတ်ဆက်ပေးတဲ့သူ တစ်ယောက်ယောက်မရှိရင်မရပါဘူး။

ဟုတ်ပါတယ်။ သောက်စားပျော်ပါးရင်းနဲ့ ပျော်စရာကောင်းတာတစ်ခုတည်းမဟုတ်ဘဲ အဆင့်အတန်းကိုလည်းမြင့်တင်ပေးပါတယ်။

စည်းကမ်းနဲ့ ကိုယ်ကျင့်တရားမထိန်းသိမ်းနိုင်တဲ့သူတွေဆိုရင် ဒီနေရာကို မလာသင့်ပါဘူး။

လူကြီးတွေအတွက် လုံခြုံတဲ့ အပန်းဖြေစရာနေရာတစ်နေရာဖြစ်ပါတယ်။

သွားရဖို့အရေးခက်ခဲလိုက်တာလို့ တွေးမိကောင်းတွေးမိနိုင်ပေမယ့် တစ်ခါလောက်တော့ သွားကြည့်ချင်တယ်မလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: