ဂျပန်ရဲ့ အန္တရာယ်အရှိဆုံးပန်းခြံ

ပန်းခြံဆိုတာက ကလေးတွေကစားဖို့အတွက်၊ လူတွေစုံဖို့အတွက် နေရာတိုင်းမှာရှိတယ်နော်။

ဘေးအန္တရာယ်ကျရောက်တဲ့အချိန်ထွက်ပြေးတိမ်းရှောင်တဲ့နေရာအဖြစ်သတ်မှတ်ထားတဲ့ပန်းခြံလည်းများလို့ အခြေခံအားဖြင့်တော့၊ လုံခြုံတဲ့နေရာအဖြစ်သိကြပါတယ်။

https://nikkan-spa.jp/?attachment_id=1625593

 

ဒါပေမဲ့ ဂျပန်မှာ “ အန္တရာယ်အကြီးဆုံး” ပန်းခြံအနေနဲ့ လူသိများတဲ့ နေရာက Gifu ခရိုင် Yoro မြို့ မှာရှိပါတယ်။

အဲဒီနာမည်က 『養老天命反転地』( Yoro tenmei hantenchi ) လို့ခေါ်ပါတယ်။

နာမည်ပဲကြည့်ရင် သံသယဖြစ်စရာမကောင်းဘူးလား လို့မေးကြည့်ချင်တဲ့လူများမယ်ထင်တယ်။

ဒီတစ်ခေါက်ကတော့ ဒီပန်းခြံကိုရောက်ခဲ့ပါတယ်။

ပြီးတော့ တကယ်အန္တရာယ်ရှိလားဆိုတာကို စစ်ဆေးမှာဖြစ်ပါတယ်။

 

ဒီအဆောက်အအုံက Gifu ခရိုင်ကစီမံခန့်ခွဲနေတဲ့ Yoro ပန်းခြံထဲမှာရှိပါတယ်။

သံသယရှိတဲ့နေရာမဟုတ်လို့ တော်သေးတယ်နော်။

78.5 ဟက်တာလောက်တောင်ရှိတဲ့ နေရာထဲမှာ ကစားကွင်း၊ ဂေါက်ကွင်းလည်းပါပါတယ်။

Yoro ဘူတာရုံကနေ လမ်းလျှောက်သွားရင် ၁၅ မိနစ်လောက်ကြာပါတယ်။

ဝင်ကြေးက ယန်း ၇၇၀ ( ၁၀၇၀၀ ကျပ်လောက် ) ကျလို့ နည်းနည်းဈေးကြီးတယ်နော်…

 

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4466-550×413.jpg

 

 

 

ဝင်ပေါက်ရှေ့မှာ

ပန်းခြံထဲမှာအရမ်းချော်လဲလွယ်ပြီးအန္တရာယ်ရှိပါတယ်။

လို့ရေးထားတဲ့ဆိုင်းဘုတ် ရှိပါတယ်။

 

ပြီးတော့

အားကစားဖိနပ်၊ ဟဲလ်မက် ကို အလကားငှါးပေးမယ်။

လို့လည်းရေးထားပါတယ်။

 

ဒီလောက်သတိပေးတဲ့ပန်းခြံရှိတာကိုကြားဘူးသလား??

ဝင်ကြည့်လိုက်ရင်… တကယ်အန္တရာယ်ရှိတယ်လို့သိပ်မထင်ဘူး။

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4467-550×413.jpg

 

ပန်းခြံမဟုတ်ဘဲ ခေတ်ပြိုင်အနုပညာပြတိုက်လား ??

ပုံမှန်ပန်းခြံမဟုတ်ဘူးထင်တယ်နော်။

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4468-550×413.jpg

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4471-550×413.jpg

 

 https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4495-550×413.jpg

 

 

Yoro tenmei hantenchi ဆိုတာက ကမ္ဘာ့အနုပညာရှင်ဖြစ်တဲ့ Arakawa Shusaku က သူ့ပါတနာဖြစ်တဲ့ Madeline Gins နဲ့အတူတူ အနှစ် 30 ကျော်အယူအဆအကောင်အထည်ဖော်ထားတဲ့လက်ရာဖြစ်ပါတယ်တဲ့။

(အခုလက်ရှိ ၂ ယောက်စလုံးသေဆုံးသွားပါပြီ)

 

 

တခြားပန်းခြံတွေနဲ့ လုံးဝမတူဘူးနော် !

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4476-550×413.jpg

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4475-550×413.jpg

 

ဒီရှေ့ပိုင်းမြင်နိုင်တဲ့တောင်စောင်းလည်း သူတို့ရဲ့လက်ရာတစ်ခုဖြစ်ပါတယ်။

တကယ်တော့ ဒီတောင်စောင်းကအရမ်းမတ်စောက်ပါတယ်။

သတိထားတဲ့အတိုင်း အရမ်းချော်လွန်းလို့ မိုးရွာတဲ့အခါဆိုရင် အန္တရာယ်အများကြီးရှိကောင်းရှိလိမ့်ပါမယ်။

လဲကျတဲ့အန္တရာယ်ဖြစ်နိုင်လို့လား၊ ဒီနေရာရောက်တဲ့အခါ စောင့်ကြည့်နေတဲ့ဝန်ထမ်းလည်းရှိပါတယ်။

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4480-550×413.jpg

 

ဒီဟာက လူသွားလျှောက်လမ်းအနေနဲ့သုံးလို့ရပါတယ်။

https://nikkan-spa.jp/wp-content/uploads/2019/11/IMG_4485-550×413.jpg

 

ရာသီဥတုကောင်းရင် Nobi လွင်ပြင်ကိုမြင်ရပါတယ်။

ဖြည်းဖြည်းချင်းလျှောက်လည်ရင် ဒီနေရာမှာ ၂ မဟုတ်ရင် ၃ နာရီလောက်ကြာကောင်းကြာလိမ့်လို့ ရုံးပိတ်ရက်မှာ သူငယ်ချင်းနဲ့အတူတူလာရင်ကောင်းပါတယ်။

လာမည့်အခါ အားကစားဖိနပ်စတဲ့လှုပ်ရှားရလွယ်တဲ့ဖိနပ်နဲ့လာရင်ပိုအဆင်ပြေပေမဲ့ ရှေ့ကရေးတဲ့အတိုင်းအလကားငှါးပေးလို့ မရှိရင်လည်းစိတ်ပူစရာမလိုပါဘူး။

(ဒီနေရာကိုလာတုန်းက ဟဲလ်မက်ဆောင်းနေတဲ့လူမရှိလို့ ဆောင်းရင်သိသာထင်ရှားမလားမသိဘူး…)

 

Yoro tenmei hantenchi ဆိုတာက အနုပညာပြတိုက်နဲ့တူပေမဲ့ ပြတိုက်ဥပဒေအရဆိုရင် ဒီနေရာကအနုပညာပြတိုက်မဟုတ်ဘဲ တိတိကျကျပြောရင်ပန်းခြံလို့သတ်မှတ်ထားပါတယ်တဲ့။

ဒီနေရာမှာလဲကျတဲ့မတော်တဆမှုစတဲ့သတင်းကိုမကြားဖူးဘူးလို့ တကယ်” ဂျပန်မှာအန္တရာယ်အကြီးဆုံး” လားမသိပါဘူး။

ဒါပေမဲ့ အဲလိုခေါ်တာလည်းမထူးဆန်းလောက် အန္တရာယ်ရှိကောင်းရှိလိမ့်ပါမယ်။

မလဲလျအောင်သေသေချာချာသတိထားရင် အပြည့်အဝပျော်နိုင်ပါတယ်။

 

သူငယ်ချင်းနဲ့အတူတူသွားရောက်လည်လာခဲ့ပါနော် !

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: