ရေတံခွန်မှာ စိတ်ဖိစီးမှုတွေကို ဖြေလျှော့ကြစို့ !

တောင်ပေါ်ဒေသတွေမှာ နေထိုင်ပြီးတရားကျင့်ကြံနေတဲ့ ဘုန်းတော်ကြီးတွေရှိပါတယ်။

ဘုန်းကြီးတွေ ဘယ်လိုကျင့်ကြံကြလဲဆိုတာကို မမြင်ဖူးကြတဲ့သူတွေလည်းရှိပေမယ့် ရေတံခွန်အောက်မှာ တရားကျင့်နေတာကိုတော့ ရုပ်ရှင်ထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်။

ဒီကျင့်ကြံနည်းက ဂျပန်နိုင်ငံရှေးဟောင်းဘာသာရေးဖြစ်တဲ့ 神道(しんとう)ရှင်းတိုး ဆိုတဲ့ဘာသာရဲ့ ကျင့်ကြံနည်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

တောင်ပေါ်ကနေ တဝေါဝေါနဲ့ကျဆင်းနေတဲ့ ရေတံခွန်အောက်မှာနေပြီး ဘုရားစာတွေကို ရွတ်ဖတ်တရားကျင့်ကြံတာဖြစ်ပါတယ်။ အောင်ပါပုံအတိုင်းဖြစ်ပါတယ်။

https://tabippo.net/takigyou/

ဆောင်းတွင်းရဲ့အအေးဒဏ်ကြားမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော တောင့်ခံထားရပြီး ကိုယ့်ကိုယ်ကိုထိန်းချုပ်ရင်းနဲ့ ဘုရားစာရွတ်ပြီး စိတ်နဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်ရင်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်မှာဖြစ်ပါတယ်။

နိုး  နိုး …. နိုး ……ဒီလိုလုပ်လိုက်ရင်သေသွားမှာပေါ့ …..

 

ဒီအရသာကို ခံစားကြည့်လို့ရတဲ့ ရေတံခွန်တစ်ခုရှိပါတယ်။

ဂျပန်နိုင်ငံရဲ့ ရေတံခွန်တွေဟာ အရမ်းကိုလှပပြီး ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာလည်းဖြစ်ပါတယ်။

နောက်ပြီး ရေတံခွန်ရောက်နေတဲ့ ကိုယ်ပုံကိုယ် facebook မှာ မတင်ချင်ဘူးလား ? ? ?

https://tabippo.net/takigyou/

ခံစားကြည့်လို့ရတယ်ဆိုပေမယ့် အလုပ်လိုသေသေချာချာလုပ်ရပါမယ်။ လုပ်ရိုးလုပ်စဥ်တွေက အရေးကြီးပါတယ်။

အရင်ဆုံး 白装束(しろしょうぞく)Shiroshozoku လို့ခေါ်တဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားရမှာဖြစ်ပါတယ်။

ရေတံခွန်ဘက်ကိုဦးတည်ပြီး ဆုတောင်းဖို့သွားရပါမယ်

ရေတံခွန်ဘက်ကိုသွားပြီး ဘုရားစာတွေရွတ်ရပါမယ်

ရေတံခွန်ရှေ့ကိုသွားပြီး ရေအောက်မှာနေရပါမယ်

ရေတံခွန်ရေကျတဲ့ဒဏ်ကိုခံရပါမယ်

ရေတံခွန်အောက်ကနေထွက်လာပြီး ခန္ဓာကိုယ်ကိုသုတ်ပြီး သန့်စင်ရပါမယ်။

https://tabippo.net/takigyou/

 

ဒီလိုပုံစံမျိုးဖြစ်ပါတယ်။ မိုက်မယ့်ပုံပဲနော် !

ဆောင်းလယ်မှာတင်မဟုတ်ဘဲ ရေထဲမှာရှိနေရတာကြောင့် ကျန်းမာရေးကောင်းနေတဲ့အချိန်မှာပဲစမ်းကြည့်ပါနော်။

ဒီနေရာက တိုကျိုမြို့အနီးနားမှာရှိပြီး အလွယ်တကူသွားရောက်နိုင်ပြီး ရေတံခွန်အောက်မှာနေရတဲ့အရသာကို သွားရောက်ခံစားလိုက်ပါနော်။

 

နဂါးဘုရင်ရဲ့ရေတံခွန်

https://tabippo.net/takigyou/

 

円泉寺(えんせんじ)Ensenji ဆိုတဲ့ဘုရားကျောင်းမှာရှိတဲ့ ရေတံခွန်ဖြစ်ပြီး တိုကျိုမြို့မှာ ရှိနေတာဖြစ်ပါတယ်။

ရေနက်တဲ့နေရာတွေလည်းရှိတာကြောင့် ကန့်သတ်ထားတဲ့နေရာတွေကိုမသွားရင် အန္တရာယ်မရှိဘူးဆိုပေမယ့် တိုကျိုလို့တောင် မထင်ရလောက်တဲ့ အလှဆုံးရှု့ခင်းတွေကို မြင်တွေ့ရမှာသေချာပါတယ်။်မှာနေရတဲ့အရသာကို သွားရောက်ခံစာ’

■အသေးစိတ်အချက်အလက်

  • ဝင်ကြေး : ယန်း ၅၀၀၀ ( အခြား၊ ၃ ယောက်နှင့်အထက် တစ်ယောက်ကို အလှူငွေ ယန်း ၁၀၀၀ နဲ့ နေလည်စာထမင်းဖိုး )
  • သင်တန်းရက် : စုံစမ်းရန်
  • လမ်းကြောင်း : Kashihara-mura, Nishitama-gun, တိုကျို ( Seibu Ikebukuro Line (Hanno ဘူတာ) မြောက်ဘက်ထွက်ပေါက်၊ Seibu ဘတ်စ်ကား Shimokawasaki မှတဆင့် Sayamashi ဘူတာအနောက်ဘက်ထွက်ပေါက်)
  • ဆက်သွယ်ရန်ဖုန်းနံပါတ် : 090-3225-6286・042-978-6500
  • Yuhi no Take ( နေဝင်ချိန်ရေတံခွန် )

https://tabippo.net/takigyou/

ဒီနေရာမှာ လှုပ်ရှားမှုတွေ အမျိုးမျိုးလုပ်လို့ရပါတယ်။

လေ့ကျင့်ရုံတင်မဟုတ်ဘဲ မင်္ဂလာမဆောင်ခင်မှာ ခင်ပွန်းလောင်းတွေက စပရိုက်တိုက်ရင်း လက်ထပ်ခွင့်တောင်းလို့ရတဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။

လက်ထပ်ဖို့ဆုံးဖြတ်ပြီး တခါတည်းလက်ထပ်လိုက်လို့တောင်ရပါတယ်။

တခြားသူတွေနဲ့မတူတဲ့ လက်ထပ်ပွဲလေးကျင်းပချင်တယ်ဆိုရင် ဒီနေရာလေးကရော ဘယ်လိုလဲ ? ? ?

■အသေးစိတ်အချက်အလက်
・အမည်:夕日の滝 Yuhi no Take
・တည်နေရာ:Kanagawa ခရိုင်၊ Minamiashigara မြို့၊ Yakurazawa
・လမ်းကြောင်း: Izu Hakone ရထားနဲ့ Daiyuzan ဘူတာကနေ Hakone Tozan ဘတ်စ်ကားနဲ့ Jizodo ကို ၂၅ မိနစ်、၅ မိနစ်လောက်လမ်းလျှောက်
・Business hours:ဘူတာချိန်မနက် ၁၀ နာရီသတ်မှတ်ထား(အပြောင်းအလဲရှိနိုင်တာကြောင့် ပြန်လည်စုံစမ်းရန်)
・ဝင်ကြေး:အရင်ဆုံး ယန်း 9,000 ပေးပြီး ယန်း 6,000 နောက်တစ်ခေါက်ထပ်ပေးရပါတယ်။(၅ ယောက်နှင့်အထက် လျှော့ဈေးများရှိ)
・ဆက်သွယ်ရန် အီးမေးလ်လိပ်စာ:[email protected](အပြောင်းအလဲရှိနိုင်)
・Official site:http://takigyou.jp/

 

နေ့စဥ်နေ့တိုင်းဘဝမှာ စိတ်နဲ့ ခန္ဓာကိုယ်ညီမျှမှုမရှိတဲ့သူတွေဆိုရင် ဒီလိုရေတံခွန်မျိုးတွေမှာ အပန်းမဖြေချင်ဘူးလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: