အနီရောင်ရှု့ခင်းကြီးကိုကြည့်ဖို့ရာသီရောက်ခဲ့ပြီ !

ဟိုကိုင်းဒိုးခရိုင် အဘရှိရိမြို့ရဲ့  Abashiri Quasi-National Park ထဲက Lake Notoro မှာ တစ်နှစ်တစ်ခါ အရမ်းကိုလှပတဲ့ရာသီအဖြစ် ပြောင်းလဲတတ်ပါတယ်။

https://www.abakanko.jp/seen/scenery/sangosou.html

တစ်နှစ်မှာညှိုးနွမ်းပြီး အရွက်မရှိတော့တဲ့အပင်လေးတွေဖြစ်ပါတယ်။

ဆောင်းဦးမှာအပင်ရဲ့ရွက်ဟောင်းတွေက အဝါရောင်၊အနီရောင်တွေအဖြစ်ပြောင်းလဲကြသလို အဲ့ဒီအရွက်မရှိတဲ့ Coral grass တွေရဲ့အညှာတွေက အနီရောင်အဖြစ်ကိုပြောင်းသွားပါတယ်။

အပြင်မှာအနီရောင်ကောဇောကြီးကို ဖြန့်ထားသလိုမျိုးဖြစ်နေပါတယ်။

အပြာရောင်တိမ်တိုက်ကြီးနဲ့ အဲ့ဒီအပြာရောင်ကောင်းကင်ကြီးကနေ ထင်ဟပ်နေတဲ့အပြာရောင်ရေကန်ကြီးအဖြစ်ရှိနေပါတယ်။ အဲ့ဒီမှာမှ ဆန့်ကျင်ဘက်အနေနဲ့ နီရဲနေတဲ့ Coral grass တွေက အနီရောင်နဲ့အဝါရောင်အဖြစ်ကို ပြောင်းနေပါတယ်။

အဲ့ဒီခြားနားချက်က အလှဆုံးရှု့ခင်းလေးအဖြစ် ဖန်တီးပေးထားပါတယ်။

Coral grass ကို အနီးကပ်ကြည့်လိုက်ရင် ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

https://www.travel.co.jp/guide/article/34625/

 

ဟိုကိုင်းဒိုးမြို့ဟာ တခြားဒေသတွေထက် ဆောင်းဦးရောက်တာစောပါတယ်။

ဆောင်းဦးရဲ့သစ်ရွက်ဟောင်းတွေလှသလိုပဲ ဒီလိုရှု့ခင်းတွေကို ဒီနေရာမှာပဲတွေ့နိုင်ပါတယ်။

ဒီအပင်က ဆားပါတဲ့ရေငန်နားမှာပဲတွေ့နိုင်တဲ့အပင်ဖြစ်တဲ့ ရှားပါးပင်တစ်မျိုးဖြစ်ပါတယ်။

ဒီလိုအဝေးကြီးမှာရှိနေတာက ဂျပန်နိုင်ငံမှာဆိုရင် ဒီတစ်နေရာတည်းမှာပါပဲ။

အရင်တုန်းကဒီနေရာဟာ ဆားထုတ်လုပ်တဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် ရေငန်ရှိတဲ့ကန်ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Coral grass အပင်တွေကို ထိန်းသိမ်းဖို့အတွက် အနီးနားကိုဝင်ရောက်ခွင့်မရှိပါဘူး။

အဲ့ဒီလှပတဲ့ရှု့ခင်းကြီးရှိနေတဲ့ အချိန်တိုလေးအတွင်းမှာပဲ အနီးကပ်ကြည့်ရှု့လို့ရတယ်ဆိုတဲ့ ရှားပါးပင်လေးတွေဖြစ်ပါတယ်။

အရောင်ပြောင်းသွားတဲ့အပင်လေးတွေကို ကြည့်ရတာလည်းကောင်းပေမယ့် မြင်ကွင်းတစ်ခုလုံးနီးရဲနေတဲ့ လက်ရာမြောက်တဲ့ပန်းချီကားတစ်ချက်လို ခံစားကြည့်ရှု့နိုင်ပါတယ်။

ဒီရာသီမှာ ဟိုကိုင်းဒိုးမြို့ကိုလာဖို့ဖိတ်ခေါ်လိုက်ပါတယ်။

 

住所:北海道網走市卯原内60-23
電話番号:0152-47-2301 卯原内観光協会(能取の荘 かがり屋内)
例年の紅葉見頃時期:(色づき始め)9月上旬、(最盛期)9月中旬~9月下旬
アクセス:JR石北本線網走駅から常呂行きバス18分、サンゴ草入口下車すぐ

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: