အမှတ်တရလေးတွေ ဖန်တီးပေးမယ့် ရေခဲပြင်ဟိုတယ်

ဟို့ကိုင်းဒိုးဒေသရဲ့ အကြီးဆုံးအပန်းဖြေစခန်းဖြစ်တဲ့ Hoshino Resort Tomamu မှာ 2020 ခုနှစ် 1 လပိုင်း 18 ရက်နေ့ကနေ 2 လပိုင်း 29 ရက်နေ့အတွင်းမှာ ရေခဲတွေနဲ့ပဲ ဖန်တီးတည်ဆောက်ထားတဲ့ ဟိုတယ်ကို ဖွင့်လှစ်ထားမှာနော်။

https://travel.mdpr.jp/travel/detail/1873346

Disney ကထုတ်တဲ့ Frozen ကာတွန်းကို သတိရသွားစေမယ့် သဘာ၀ရှုခင်းတွေ ဟိုတယ်ရဲ့နံရံတွေကအစ အို ကြမ်းပြင်၊ ကော်ဇော၊ စားပွဲ၊ ထိုင်ခုံတွေ အားလုံးကရေခဲတွေချည်းပဲ။ ရုပ်ရှင်ထဲကထက်တောင် ပိုလှနေပါရောလား။

 

ဆောင်းရာသီရဲ့ကောင်းကင်ပြင်ဟာ မိုးရိပ်မိုးသားတွေကင်းစင်ပြီး အရမ်းကိုလှပနေပါတယ်။

မီးပန်းလေးများလွှတ်တင်လိုက်ရင် လှလိုက်တဲ့ဖြစ်ခြင်း! နွေရာသီထက်တောင်ပိုလှပါတယ်။

https://travel.mdpr.jp/travel/detail/1873346

ဒီဧရိယာတစ်၀ိုက်မှာ အနိမ့်ဆုံးအပူချိန်က -30°ဖြစ်ပြီး အရိုးကွဲမတတ်အေးတဲ့နေရာပေါ့။

ရေခဲတွေကတော့လုံး၀ အရည်မပျော်ပါဘူး။

https://travel.mdpr.jp/travel/detail/1873346

ရေခဲပြင်ဟိုတယ်ကြီးဟာ အချင်း 8.5 m၊ အမြင့် 3.5 m တောင်ရှိတဲ့ ရေခဲတုံးကြီးနဲ့လုပ်ထားတဲ့ အမိုးခုံးနဲ့အခန်းဖြစ်ပြီး နံရံနဲ့မျက်နှာကြက်ကို ဆက်ထားတဲ့ ဆက်ကြောင်းတွေ မရှိပါဘူး။

ထုထည်ကြီးမားလှတဲ့ ရေခဲတုံးကြီးနဲ့ ဆောက်လုပ်ထားတဲ့ အခန်းတွင်းကို အပြင်ကအသံတွေမ၀င်ရောက်နိုင်တဲ့အတွက် ဘာသံမှမကြားရပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ ညကာလရဲ့ အရသာကိုခံစားနိုင်မှာဖြစ်ပါတယ်။

ရေခဲပြင်အိပ်ရာပေါ်မှာဆိုပေမယ့် ချမ်းအေးလှတဲ့နေရာရဲ့အပူချိန်နဲ့ကိုက်ညီအောင် စီမံထားတဲ့ လူ၀င်အိပ်လို့ရတဲ့ အိတ်တွေကိုသုံးထားတာကြောင့် နွေးနွေးထွေးထွေးနဲ့ နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

အိတ်အပြင်ထွက်နေတဲ့ မျက်နှာလေးတော့ အေးနေမယ် ထင်တယ်နော်…

https://travel.mdpr.jp/travel/detail/1873346

တည်းခိုဖို့က တစ်ရက်ကို တစ်ဖွဲ့ပဲတည်းခိုဖို့သတ်မှတ်ထားပါတယ်။

ရေစိမ်ရင်းနဲ့ ကောင်းကင်ကြီးကို ကြည့်လို့ရတဲ့ ရေခဲပြင်ရေချိုးကန်လည်းရှိသေးတယ်လေ။ ဓာတ်ပုံကြည့်ရုံနဲ့ ခံစားမိဖို့မလွယ်ပေမယ့် ရေချိုးကန်ကတကယ်ကို နွေးထွေးပြီး သဘာ၀ရေပူစမ်းကို အသုံးပြုဖန်တီးထားတာဖြစ်ပါတယ်။

ရေခဲတွေပတ်လည်ကာရံထားတဲ့ကြားမှာ ပူနွေးတဲ့ရေပူစမ်းကိုထည့်သုံးထားတာဆိုတော့ အဲဒီခံစားမှုက ဘယ်လိုများပါလိမ့်နော်။

https://travel.mdpr.jp/travel/detail/1873346

ရေနွေးကန်ထဲကတက်လာပြီး ဒီလိုရေခဲဆိုဖာအိပ်ရာပေါ်မှာ ကော်ဖီပူပူလေးသောက်ရင်း ကြယ်တာရာတွေ လင်းလက်နေတဲ့ကောင်းကင်ပြာကြီးကို မော့ကြည့်ရတဲ့ အရသာ…

ထူးခြားဆန်းကြယ်တဲ့ကမ္ဘာကြီးပါပဲလား။

https://travel.mdpr.jp/travel/detail/1873346

 

ဒီလိုဘားလဲရှိတော့ နှစ်သက်ရာအရသာလေး ရွေးချယ်သောက်သုံးရင်းနဲ့ ခန္ဓာကိုယ်ကို အနွေးဓာတ်လေး ပေးလို့ရတယ်နော်။

https://travel.mdpr.jp/travel/detail/1873346

ဆူညံသံတွေကင်းမဲ့ပြီး တိတ်ဆိတ်အေးချမ်းလှတဲ့ လွတ်လပ်မှုကို သူငယ်ချင်းတွေနဲ့အတူ ဒါမှမဟုတ် ချစ်တဲ့သူနဲ့အတူ ကော်ဖီပူပူလေးပဲဖြစ်ဖြစ်သောက်ရင်း ကြယ်တွေကိုကြည့်ရင်း ဖြတ်သန်းရတဲ့ကာလလေးဟာ ကြည်နူးစရာအကောင်းဆုံးအမှတ်တရတွေကို ပိုင်ဆိုင်စေမှာပါ။

https://travel.mdpr.jp/travel/detail/1873346

တစ်ကမ္ဘာလုံးပတ်ရှာရင်တောင် ဒီလိုဟိုတယ်မျိုးတွေ့မယ်မထင်ဘူး။

အဖိုးတန်လှတဲ့ အမှတ်တရလေးတွေနဲ့ ပျော်စရာလေးတွေကို ဖန်တီးပိုင်ဆိုင်ဖို့အတွက် ချစ်ခင်ရသူတွေနဲ့  သွားကြည့်လိုက်ကြစို့နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: