လေဆိပ်နဲ့နီးပြီး ရှုခင်းလှပလွန်းပေမယ့် ဘယ်သူမှမသုံးကြတဲ့ဘူတာ

ဟနဲဓလေဆိပ်၊ နာရီတာလေဆိပ်၊ ခန်းဆိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် စတဲ့ လေဆိပ်တွေအားလုံးဟာ ရထားလမ်းတွေနဲ့ မြို့ကြီးတွေကိုချိတ်ဆက်ထားတဲ့အတွက် လေယာဥ်စီးနင်းသူတော်တော်များများက ရထားလမ်းကိုအသုံးပြုပြီး လေဆိပ်ကိုလာကြပါတယ်။

ဒီဘူတာဟာလည်း လေဆိပ်နားမှာရှိတာကြောင့် အသုံးပြုသူခရီးသည်တွေများလိမ့်မယ် လို့ထင်ထားပေမယ့် မသုံးသလောက်ပါပဲ။

ဒီဘူတာကတော့ 女満別空港(めまんべつ 空港)Memanbetsu လေဆိပ် ရဲ့အနီးနားမှာရှိပါတယ်။


https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

လေဆိပ်ကတော်တော်လေးလှတယ်နော်။

ဒါပေမယ့် ပြဿနာရှိတာက ဒီဘူတာပါ။

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

ဒီဘူတာရဲ့နာမည်ကတော့ 西女満別駅(にしめまんべつ えき)Nishimemanbetsu ဘူတာ ဖြစ်ပြီး ဒီနာမည်ကို ဂျပန်လူမျိုးတွေတောင်မှ မှန်အောင်မဖတ်နိုင်ကြပါဘူး။

လေဆိပ်အလွန်လေးမှာတင်ရှိပြီး တောထဲကလူမရှိတဲ့ဘူတာကို လာရောက်တဲ့လူတွေဟာ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၄.၈ ယောက်လောက်ပဲရှိပါတယ်။

လေဆိပ်အသုံးပြုသူ တစ်ရက်ကို ၂၃၀၈ ယောက်လောက်နဲ့ယှဥ်ရင် သိသိသာသာကွာခြားနေတာကို တွေ့ရပါတယ်။

ခပ်ဝေးဝေးကနေကြည့်လိုက်တဲ့အခါမှာတော့ ဘူတာကိုမြင်တောင်မမြင်ရတော့ပါဘူး။

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

တကယ့်ကို ချောင်ကျကျလေးထဲက ဘူတာငယ်လေးဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ အညိုရောင်၀က်၀ံရိုင်းတွေလည်း ထွက်လာတတ်တယ် လို့ပြောကြတယ်။

ဘူတာအဆောက်အအုံကြီးတော့ မရှိပေမယ့် ရထားစောင့်ဖို့အတွက် အခန်းလေးတစ်ခန်းတော့ရှိပါတယ်။

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

သန့်စင်ခန်းလည်းမရှိပါဘူး။

ဒါကတော့ ရထားအချိန်ဇယားပါ။

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

တစ်ရက်ကို ရထား ၁၈ စီးလောက်ပဲလာရပ်ပါတယ်။

ဘူတာရှေ့ကလမ်းဟာလည်း ခြုံတောတွေကြားထဲမှာဖြစ်ပြီး လုံးဝမဖွံ့ဖြိုးသေးတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

လမ်းတွေကလည်း မခင်းရသေးပါဘူး။

 

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

ဒါပေမယ့် ဒီဘူတာက သွားရကျိုးနပ်တဲ့နေရာလေးဖြစ်ပါတယ်။

ဘူတာမှာဆင်းပြီး လေဆိပ်ဆီကိုလမ်းလျှောက်သွားကြည့်ကြစို့ !

ဟိုကိုင်းဒိုးခရိုင်ပီပီ ကျယ်၀န်းလှတဲ့တောတောင်သဘာဝကို တွေ့မြင်ခံစားရပါလိမ့်မယ်။

 

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

အဲ့ဒီတောင်ကုန်းလေးပေါ်တက်သွားတဲ့နေရာမှာ လေဆိပ်ရှိနေတာဖြစ်ပါတယ်။

https://nikkan-spa.jp/1588286?cx_clicks_sldbox=1_undermdl

တကယ်တော့ ဒီဘူတာဟာ လေဆိပ်ကနေ မီတာ ၅၀၀ လောက်ပဲဝေးနေတာက အသုံးပြုသူနည်းရခြင်းရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ နီးလွန်းတော့ လမ်းလျှောက်သွားကြတယ်လေ။

အလောမကြီးဘူးဆိုရင် ဒီဘူတာမှာဆင်းပြီး အေးအေးဆေးဆေး Hikyo ဘူတာနဲ့ တောတောင်သဘာဝရှု့ခင်းတွေကို ကြည့်ရှု့ခံစားရင်း လေဆိပ်ကိုသွားလို့ရပါတယ်။

ဒီလိုစိတ်အပန်းဖြေတဲ့ခရီးအနေနဲ့ သွားမယ်ဆိုရင် မကောင်းဘူးလားနော် ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: