လူတိုင်းကြိုက်တဲ့ အနုပညာပြတိုက်ရဲ့ ပြတင်းပေါက်

ဂျပန်နိုင်ငံမှာ အနုပညာပြတိုက် အကြီးကြီးကနေ သေးသေးလေးတွေအထိ အများကြီးရှိပါတယ်။

အနုပညာပြတိုက်တွေလည်း လာရောက်တဲ့ဧည့်သည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် နိုင်ငံခြားကနာမည်ကြီးပစ္စည်းတွေကို ဝယ်တာတွေ ငှားတာတွေနဲ့ ပွဲတွေကျင်းပကြပါတယ်။

ဒီလိုအရေအတွက်တွေ အများကြီးရှိတဲ့ထဲမှာ ဂျပန်နိုင်ငံရဲ့ နံပါတ် ၁ စိတ်ကျေနပ်မှု အမြင့်မားဆုံးနေရာလို့ ပြောနေကြတဲ့ အနုပညာပြတိုက်တစ်ခုရှိပါတယ်။

အဲ့ဒါကတော့ ဒီ Ohara အနုပညာပြတိုက်ဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

Okayama ခရိုင် Kurashiki မြို့ မှာရှိတဲ့ အနုပညာပြတိုက်က ပုံသဏ္ဍာန်မှာ အနုပညာမြောက်တာဖြစ်ပါတယ်။

နောက်ပြီး Kurashiki မြို့ လို့ပြောရင်ဒီလို တောတောင်သဘာဝတွေရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

မြို့ရဲ့ အနုပညာလက်ရာက ဒီလိုပုံစံဖြစ်နေပါတယ်။

အဲ့ဒီ Ohara အနုပညာပြတိုက်က ၁၉၃၀ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဥရောပရဲ့ ပန်းချီပြတိုက်အနေနဲ့ ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။

Kurashiki မြို့ရဲ့ အနုပညာပြတိုက် 大原孫三郎(おおはら まごさぶろう)Oohara Magosaburou ကနေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အခန်းထဲမှာ ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ ပန်းချီတွေအများကြီးရှိပါတယ်။

https://manimanimag.jp/a0644_20181101/

Monet၊ Gauguin၊ Renoir စတဲ့နာမည်ကျော်ပန်းချီဆရာတွေရဲ့ ကမ္ဘာ့နာမည်ကြီးထိပ်တန်းအနုပညာတွေတန်းစီနေပေမယ့် အဲ့ဒီထဲမှာနာမည်အကြီးဆုံးက ဒီပန်းချီဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

El Greco ရဲ့ Annunciation လို့ခေါ်တဲ့ပစ္စည်းဖြစ်ပါတယ်။

မယ်တော်မာရိက နတ်သမီး Gabriel ဆီကနေ ဘုရားသခင်ရဲ့ကိုယ်ဝန်ဆောင်ရမယ့် အကြောင်းလာပြောနေတဲ့ပုံကို ဆွဲထားတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဒီပန်းချီရှိနေတာက တော်တော်လေးကိုထူးခြားပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် …

Ohara အနုပညာပြတိုက်ရဲ့ ဆွဲဆောင်မှုရှိတာက ပြထားတဲ့ အနုပညာပစ္စည်းတွေတင်မဟုတ်ပါဘူး။

အဲ့ဒါကတော့ ပြတင်းပေါက်ဘောင်လေးတွေဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

 

အဝေးကနေကြည့်ရင်လည်း ရပါတယ်။ အနီးကပ်ကနေကြည့်ရင် ဒီလိုလက်ရာမြောက်တဲ့မြင်ကွင်းတွေကို မြင်ရမှာဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

ပြတင်းပေါက်ကနေမြင်ရတဲ့ Kurashiki မြို့ရဲ့အလှကိုပေါင်းစပ်ထားတာက တကယ့်ကိုပြောင်မြောက်ပါတယ်။

တခြားအနေနဲ့ နောက်ထပ်နောက်ထပ်တွေရှိပါသေးတယ်။ ဖက်ရှင်ကျကျ ပြတင်းပေါက်တွေဖြစ်ပါတယ်။

https://manimanimag.jp/a0644_20181101/

ဒီလိုစတိုင်ကျတဲ့ ပြတင်းပေါက်ဘောင်တွေကို ရောင်းတဲ့နေရာတွေလည်းရှိပါတယ်။

https://manimanimag.jp/a0644_20181101/

Kurashiki မြို့တစ်ခုလုံးကို ပေါင်းစပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းမြို့လေးတစ်ခုဖြစ်ပါတယ်။ နောက်ပြီး ဒါနဲ့ကွာခြားတာကတော့ အနောက်တိုင်းရဲ့ ပြောင်မြောက်တဲ့လက်ရာတွေ Ohara အနုပညာပြတိုက်မှာရှိနေတာဖြစ်ပါတယ်။

ဒီပေါင်းစပ်ထားတဲ့မြို့လေးဖြစ်တဲ့ Kurashiki မြို့နဲ့ Ohara အနုပညာပြတိုက်ရဲ့ ဆွဲဆောင်မှုဖြစ်ပါတယ်။

အနုပညာကိုစိတ်ဝင်စားတဲ့သူဆိုရင် အေးအေးဆေးဆေးနဲ့ ကမ္ဘာတစ်ဝှမ်းက အနုပညာတွေကို ခံစားကြည့်လိုက်ပါနော် ?

 

開館時間:9:00〜17:00(入館は16:30まで)
休館日:月曜、12月28日〜12月31日 ※祝祭日及び振替休日の場合は開館、夏休み期間中及び10月は休館日なし
入館料:一般1,300円、大学生800円、高校・中学・小学生500円
Web: http://www.ohara.or.jp/
住所:岡山県倉敷市中央1-1-15

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: