Doraemon ဘူတာ႐ုံ

Noborito ဘူတာရုံရှိတဲ့ Kanagawa ခရိုင် Kawasaki မြို့ဆိုတာ Doraemon ရဲ့ကာတွန်းတွေကိုရေးဆွဲတဲ့ 藤子・F・不二雄(Fujiko F Fujio)ပန်းချီဆရာကအကြာကြီးနေထိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

ဒါကြောင့် Doraemon နဲ့ပတ်သက်တဲ့နေရာတွေနဲ့ ပစ္စည်းတွေများပါတယ်။

အဲ့ဒီထဲမှာ Odakyu ရထားလိုင်း Noborito ဘူတာရုံမှာ အထူးသဖြင့် Doraemon နဲ့ပတ်သက်တဲ့ပစ္စည်းတွေများပါတယ်။

လက်မှတ်စစ်ဂိတ်(ticket gate)မှာ Doraemon တွေကကြိုဆိုနေပါတယ်။

လက်မှတ်စစ်ဂိတ်ထဲမှာလည်း ကြည့်ရင်းပျော်စရာကောင်းတဲ့ပစ္စည်းတွေ အများကြီးရှိပါတယ်။

အောက်ကပုံကို တစ်နေရာရာမှာမြင်ဖူးတယ်မလား…….?

ဟုတ်ပါတယ်၊ どこでもドア ( Dokodemo door ) ဖြစ်ပါတယ် !

どこでもドア ဆိုတာကတော့ တံခါးဖွင့်ပြီးဝင်လိုက်ရင် သွားချင်တဲ့နေရာ ဘယ်နေရာဖြစ်ဖြစ် သွားလို့ရတဲ့တံခါးဖြစ်ပါတယ်။

တကယ် ဘယ်နေရာဖြစ်ဖြစ်သွားလို့ရတယ်ဆိုရင် ရထားစီးဖို့မလိုတော့ဘူးနော်။

Doraemon လည်းဒီမှာထိုင်နေပါတယ်။

သေသေချာချာကြည့်လိုက်တော့ 暗記パン(Anki Pan)ကိုစားနေတယ်နော်။

Anki Pan ဆိုတာက စာကျက်စရာမလိုဘဲ အလိုလိုမှတ်မိနိုင်တဲ့ ပေါင်မုန့်လို့အဓိပ္ပါယ်ရပါတယ်။

မှတ်ထားချင်တဲ့အကြောင်းအရာကို ဒီပေါင်မုန့်မှာရေးပြီးစားလိုက်ရင် အကုန်လုံးမှတ်မိနိုင်တဲ့ပေါင်မုန့်ဖြစ်ပါတယ်။

JLPTမဖြေခင် အများကြီးစားလို့ရရင် ကောင်းမှာပဲနော်!!

အမှိုက်ပုံးကိုလည်း Doraemon ရဲ့အိတ်ကပ်လိုလုပ်ထားတယ်နော်။

နောက်ဆုံးမိတ်ဆက်ပေးချင်တာကတော့…… အိမ်သာတံခါးမှာ Doraemon နဲ့ Dorami-chan ရဲ့ပန်းချီဆွဲထားပါတယ် !

ဒီလိုချစ်စရာကောင်းတဲ့ဘူတာရုံဆိုရင် နေ့တိုင်းရုံးသွားတာရော၊ ကျောင်းတက်တာရော ပိုပြီးပျော်စရာကောင်းလိမ့်မယ်ထင်တယ်နော်။

Doraemon ကိုချစ်တဲ့သူငယ်ချင်းတို့ရေ၊ ဂျပန်နိုင်ငံကိုလာတဲ့အခါ သေချာပေါက် Noborito ကိုလာလည်ကြပါနော်။

စကားမစပ် Noborito ဘူတာရုံအနီးအနားမှာ 「藤子・F・不二雄ミュージアム」Fujiko F Fujio Museum လို့ခေါ်တဲ့ပြတိုက်လည်းရှိပါတယ်။

စိတ်ဝင်စားရင် အောက်မှာရှိတဲ့ link ကိုနှိပ်လိုက်ပါနော် !

http://fujiko-museum.com/

Jun Nagata

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: