Kyushuu ပင်လယ်မှာ ဓာတ်ပုံရိုက်ဖို့သွားကြစို့ !

နွေရာသီမှာ အလန်းဆုံးဓာတ်ပုံတွေ ရိုက်လို့ရတဲ့နေရာကိုသွားဖို့ ခုဆိုရင်လည်းမှီသေးတယ်နော် . . .

Kyushu ရဲ့ဒီလိုပင်လယ်တွေ ဆိုရင်ရော ?

 

波戸岬(はとみさき)Hatomisaki

https://rtrp.jp/articles/108827/?_ga=2.185056105.1576138446.1567053406-1595679067.1566445297

Saga ခရိုင်မှာရှိတဲ့ အဲ့ဒီ object ကို မြင်တဲ့အတိုင်း Couple တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။

Karatsu ဘူတာကနေ ဘက်စ်ကားနဲ့ မိနစ် ၅၀ လောက်ဝေးတယ်ဆိုပေမယ့် အနီးနားမှာ 玄海Tower လို့ခေါ်တဲ့ ထူးဆန်းတဲ့ငါးပြတိုက်ရှိပြီး အရသာရှိတဲ့ ပင်လယ်စာတွေကို စားနိုင်တဲ့နေရာမှာ ချိန်းတွေ့ကြမယ်ဆိုရင်တော့ အရမ်းမိုက်တယ်နော်။

佐賀県唐津市鎮西町波戸1082

 

 

ヤシの木のブランコ

စွံပလွံပင်ဒန်း

https://rtrp.jp/articles/108827/?_ga=2.185056105.1576138446.1567053406-1595679067.1566445297

ဒဏ္ဍာရီပုံပြင်ဆန်တဲ့ ရှု့ခင်းတွေက Fukuoka ခရိုင်၊ အီတိုရှိမ မြို့မှာရှိပါတယ်။

ကလေးတွေကို အတူခေါ်သွားမယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။

福岡県福岡市西区小田

 

London Bus Cafe

https://rtrp.jp/articles/108827/?_ga=2.185056105.1576138446.1567053406-1595679067.1566445297

အနီရဲရဲဘက်စ်ကားနဲ့ နွေရာသီရဲ့အပြာရောင်ကောင်းကင်ကြီးတို့ သိသိသာသာကွဲထွက်နေတာက ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာပါပဲ။

福岡県糸島市志摩野北2289-6

 

 

糸島二見ヶ浦(いとしま ふたみがうら)

Sakurai Futamigaura of Meotoiwa

https://rtrp.jp/articles/108827/?_ga=2.185056105.1576138446.1567053406-1595679067.1566445297

London Bus Cafe ကနေ ဘက်စ်နဲ့ ၁၀ မိနစ်လောက်သွားရင် အဖြူရောင်မုဒ်ဦးကြီးကိုတွေ့ရမှာဖြစ်ပါတယ်။

နောက်ပြီး အဲ့ဒီထဲကနေ မြင်ရတဲ့နေရာကတော့ ကျွန်းလေး ၂ ကျွန်းရှိပါတယ်။

ရင်းနှီးပြီးနွေးထွေးတဲ့ပုံစံကို မြင်ရပြီး အတွဲတွေလိုပဲ လို့ပြောကြပြီး 夫婦岩(めおといわ)Meotoiwa လို့ပြောတာများပါတယ်။

福岡県糸島市志摩桜井 桜井二見ヶ浦の夫婦岩

 

 

浜野浦の棚田(はまのうら の たなだ)

Terraced Rice Fields of Hamanoura

https://rtrp.jp/articles/108827/?_ga=2.185056105.1576138446.1567053406-1595679067.1566445297

ဒီနေရာရဲ့ထိပ်ကနေမြင်နေရတဲ့ လယ်ကွင်းက ရေလောင်းပြီးခါစဖြစ်တဲ့ ၄ လပိုင်းလလယ်လောက်ကနေ ၅ လပိုင်းအချိန်လောက်ဖြစ်ပါတယ်။

အခုချိန်ကကျော်သွားပြီးဆိုတော့ နောက်နှစ်တော့ သေချာပေါက်လာခဲ့နော်။

佐賀県東松浦郡玄海町浜野浦

 

 

Beach Café SUNSET

https://rtrp.jp/articles/108827/?page=2&_ga=2.185056105.1576138446.1567053406-1595679067.1566445297

အီတလီနဲ့ ဟာဝိုင်အီဟင်းလျာတွေကို ပျော်ပျော်ကြီးစားနိုင်မယ့် ကော်ဖီဆိုင်လေးဖြစ်ပါတယ်။

ပင်လယ်ကြီးကိုငေးကြည့်ရင်းနဲ့ စားသောက်နိုင်ပြီး ဓာတ်ပုံရိုက်ဖို့လည်း အကောင်းဆုံးပါပဲ။

福岡県福岡市西区西ノ浦284

 

Nokonoshima Island Park

https://rtrp.jp/articles/108827/?page=2&_ga=2.185056105.1576138446.1567053406-1595679067.1566445297

ပင်လယ်ကြီးနဲ့ အရမ်းကိုလှတဲ့ပန်းပွင့်လေးတွေကို တစ်ချိန်ထဲမှာတွေ့နိုင်မယ့် နေရာလေးတစ်ခုဖြစ်လို့ ပန်းတွေကိုနှစ်သက်တဲ့သူတွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။

သင်္ဘောကြီးနဲ့ 能古島(のこしま)Nokoshima လို့ခေါ်တဲ့နေရာအထိ ရောက်အောင်သွားဖို့လိုတယ်ဆိုပေမယ့် အကောင်းဆုံးရှု့ခင်းတွေရှိတဲ့နေရာဖြစ်ပါတယ်။

福岡県福岡市西区能古島

 

鵜戸神宮(うどじんぐう)

Udo-jingū

မီယာဇာကီခရိုင်မှာရှိတဲ့ နတ်ကွန်းဖြစ်ပြီး ရှု့ခင်းက အလှဆုံးဖြစ်ပါတယ်။ အဲ့ဒီ 運玉(うんだま)ဆိုတာက နာမည်ကြီးပစ္စည်းလေးဖြစ်ပါတယ်။

ကျောက်တုံးကြီးမှာ အပေါက်ရှိပြီး အဲ့ဒီအပေါက်ထဲရောက်အောင် ပစ်နိုင်ရင် ဆုတောင်းပြည့်တယ်လို့ပြောကြပါတယ်။

မိန်းကလေးဆိုရင် ညာဘက်လက်၊ ယောကျ်ားလေးဆိုရင်တော့ ဘယ်ဘက်လက်နဲ့ စမ်းပစ်ကြည့်လိုက်ပါနော်။

宮崎県日南市宮浦3232

 

ときめきフルーツバス停通り

Tokimeki Fruit Bus Stop

https://rtrp.jp/articles/108827/?page=3&_ga=2.185056105.1576138446.1567053406-1595679067.1566445297

 

လမ်းမကြီး ၂၀၇ မှာရှိတဲ့ အသီးဘက်စ်ကားမှတ်တိုင်ကို ထားရှိထားတာဖြစ်ပါတယ်။

အဲ့ဒီချစ်စရာကောင်းတာလေးတွေကတော့ ဘက်စ်ကားမှတ်တိုင်ဖြစ်ပြီး အထဲမှာခုံတန်းလေးနဲ့ ဘက်စ်ကားစောင့်လို့ရပါတယ်။ အားလုံးပေါင်း ၅ မျိုးမှာ ၁၆ ခုလောက်ရှိပါတယ်။

အကုန်လုံးနဲ့ဓာတ်ပုံလိုက်ရိုက်တာကို မပြီးမချင်းရပ်နိုင်လိမ့်မယ်မထင်ဘူးနော်။

長崎県諫早市 フルーツバス停通り

 

 

幸せの黄色いポスト

Happy yellow post

https://rtrp.jp/articles/108827/?page=3&_ga=2.185056105.1576138446.1567053406-1595679067.1566445297

ပုံမှန်အနီရောင်စာတိုက်ပုံးတွေက ဒီမှာတော့ အဝါရောင်လေးတွေဖြစ်ပါတယ်။ ဒါကလည်း ရှေးဟောင်းတုန်းကစတိုင်လ်နည်းနည်းပေါက်ပေမယ့် ချစ်စရာကောင်းတယ်နော်။

အဲ့ဒီမှာ အရေးကြီးတဲ့သူအတွက် စာထည့်ပေးမယ်ဆိုရင် ဆုတောင်းတွေပြည့်လာနိုင်မယ် လို့ပြောကြပါတယ်။

宮崎県宮崎市青島2-1

 

 

ဘယ်လိုလဲ ?

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ်၊ ချစ်သူလေးနဲ့ဖြစ်ဖြစ် အတူတူဓာတ်ပုံတွဲရိုက်လို့ အကောင်းဆုံးနေရာဖြစ်တဲ့ Kyushu ပင်လယ်ကြီးကို ဖော်ပြပေးလိုက်ပါတယ်။

မှီသေးတယ်နော်။ သေချာပေါက်သွားဖြစ်အောင်သွားလိုက်ပါ။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: