Tapioca ( Bubble Tea ) Land က မလည္ပတ္သင့္တဲ့ေနရာ

ဂျပန်နိုင်ငံမှာ Bubble Tea က အရမ်းကိုလူကြိုက်များပါတယ်။ မြန်မာနိုင်ငံမှာရော ဘယ်လိုလဲ ?

https://kawagoe-info.net/walk-kawagoe/tapioka

ဂျပန်နိုင်ငံမှာ ရောက်တဲ့နေရာတိုင်း Bubble Tea ဆိုင်တွေဖွင့်လှစ်ထားပါတယ်။

ကိုယ်စီကိုယ်စီ ကိုင်ထားရင်းနဲ့သွားလာရတဲ့ခံစားချက်က မိန်းကလေးတွေပေါ်မှာ လွှမ်းခြုံထားပါတယ်။

ဒီလို အရမ်းကိုလူကြိုက်များတဲ့ Bubble Tea တွေကို theme တစ်ခုအနေနဲ့ “東京タピオカランド” Tokyo Tapioca Land ဆိုပြီး Harajuku မှာဖွင့်လှစ်လိုက်ပါတယ်။

https://www.jalan.net/news/article/375938/

Harajuku ဆိုတာက ခေတ်ဆန်ဆန် ကောင်မလေးတွေ နေတဲ့မြို့ဖြစ်ပါတယ်။

အဲ့ဒီက မိန်းကလေးတွေအကြိုက်တွေ့တဲ့ Bubble Tea တွေကို theme အနေနဲ့ ပြောကြဖို့အတွက် မျှော်လင့်ထားရာမှာ အံ့ဩစရာကောင်းလောက်အောင် စိတ်ပျက်စရာကောင်းတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဝင်ကြေး ယန်း ၁၂၀၀ ပေးပြီးဝင်သွားရင် ဘာတွေရှိမလဲဆိုတော့ …

https://tsuiran.jp/word/3333258/hourly?t=1565820000

အမဲရောင်အစေ့လေးတွေ ရှိတာနဲ့ပဲ tapioca ဆိုတဲ့သဘောလား ?

ဒီလိုဆိုရင်လည်း အဆောက်အဦတွေမှာဆိုရင် မမြင်ရတဲ့ နံရံတွေကြမ်းပြင်တွေရှိပါတယ်။ Bubble Tea ရောင်းတဲ့ဆိုင်က ၄ ဆိုင်ပဲရှိပါတယ်။

https://tsuiran.jp/word/3333258/hourly?t=1565820000

 အိမ်သာလည်းမရှိပါဘူး။ ဓာတ်ပုံရိုက်စရာနေရာဆိုတာလည်း ဒီနေရာလေးပဲရှိပါတယ်။

 

https://twitter.com/tapioca_land/status/1160953870371049472/photo/1?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1160953870371049472&ref_url=https%3A%2F%2Fmamerog.com%2Ftapiokaland%2F

Bubble Tea Pool ဆိုတဲ့နေရာလေးလည်းရှိပါတယ်။

အဲ့ဒီထဲကို ဝင်ကြေးကတော့ ယန်း ၁၂၀၀ ဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်ရမယ်ဆိုရင် ၁၈၀၀၀ ကျပ် ဝန်းကျင်လောက်ရှိပါတယ်။

ပုလဲအစေ့လေးတွေ အရမ်းခေတ်စားတယ်ဆိုပေမယ့်လည်း ဒါတော့မဟုတ်သေးဘူးပဲ … လို့ ထင်မိတာက ပုံမှန်မဟုတ်လောက်ဘူးနော် ?

ဒီလောက်ထိ စိတ်ပျက်စရာကောင်းစရာကောင်းတဲ့ ပွဲတွေလည်း တစ်ခါတလေရှိတတ်လို့ ဒီလိုအဓိပ္ပာယ်နဲ့ အံ့အားသင့်ချင်တဲ့သူတွေကိုသာ အကြံပြုချင်ပါတယ်။

စကားမစပ် အဲ့ဒီကောလာဟလတွေပျံ့နေတဲ့အချိန်မှာလည်း တစ်ရက်ကို ဝင်ပေါက်ရောက်တဲ့အထိ မိနစ် ၄၀ လောက် စောင့်နိုင်မှဝင်လို့ရပါမယ်။ ဘယ်လိုလဲ အဲ့ဒီနေရာကို သွားလည်ချင်တဲ့သူရှိပါသလား ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: