ဂျပန်နိုင်ငံရဲ့ ရေသဘင်ပွဲ ?

ဂျပန်နိုင်ငံမှာ ခုလက်ရှိ ပူအိုက်လွန်းတဲ့နေ့တွေဟာ နေ့စဥ်ရက်ဆက်လိုလိုဖြစ်နေပါတယ်။

တိုကျိုမြို့မှာ အပူအိုက်ဆုံးအချိန် ၃၅ ဒီဂရီနီးနီးလောက်တောင်ရှိနေပါတယ်။

မိုးရာသီကိုရောက်နေတဲ့ ရန်ကုန်မြို့ထက် ပိုပြီးပူအိုက်နေတာပေါ့နော် …

ဒီလိုအပူအချိန်ကိုလိုက်ပြီး ဂျပန်နိုင်ငံမှာ ဒီလိုပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။

https://image.news.livedoor.com

မဟုတ်မှလွဲရော ဒါက …..

 

မြန်မာနိုင်ငံလို ရေသဘင်ပွဲတော်လို တစ်ယောက်နဲ့တစ်ယောက် ရေပတ်ကြတာများလား ? ? ?

 

မဟုတ်ပါဘူး ။ မှားပါတယ်။

ဒါကတော့ 「打ち水(うちみず)」Uchimizu ပွဲတော်ကို ကျင်းပနေကြတာ ဖြစ်ပါတယ်။

Uchimizu ဆိုတာဘာလဲ ?

Uchimizu ဆိုတာက လမ်းနဲ့ ပန်းခြံတွေကို ရေလောင်းကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရှေးရိုးရာအေးမြစေတဲ့နည်းလမ်းဖြစ်ပါတယ်။

ရေလောင်းလိုက်ရင် အဲ့ဒီရေကအငွေ့ပျံသွားပြီးနောက်မှာ အပူခိုးတွေကို ရွေ့လျားစေပြီး ပတ်ဝန်းကျင်ရဲ့အပူချိန်ကို လျှော့ချပေးလို့ အေးမြမှုကိုခံစားမှာဖြစ်ပါတယ်။

နောက်ပြီး ဂျပန်နိုင်ငံမှာ အိမ်ကိုလာလည်တဲ့သူရောက်မလာခင်မှာ Uchimizu ကို ပတ်ဖြန်းထားလေ့ရှိပါတယ်။

https://s3-ap-northeast-1.amazonaws.com/static.amanaimages.com

Uchimizu လို့ဆိုရာမှာ ဧည့်ဝတ်ကြိုခြင်းနဲ့ သန့်ရှင်းစင်ကြယ်မှုဆိုတဲ့ အဓိပ္ပာယ်ပါဝင်နေတာဖြစ်ပါတယ်။

အဲ့ဒီပွဲတော်က Uchimizu ရလဒ်ရဲ့ အကျိုးသက်ရောက်မှုက လေအေးပေးစက်တွေ အသုံးပြုနေရသလို ခံစားရတယ်လို့ ခေါ်ဆိုဖို့အတွက် ကျင်းပတဲ့ပွဲဖြစ်ပါတယ်။

ပါဝင်ဆင်နွှဲတဲ့သူတွေက မီးသက်သာအောင် 「ひしゃく」Hishaku လို့ခေါ်တဲ့ ခွက်ကိုသုံးပြီး ရေပတ်ဖြန်းကြပါတယ်။

https://wakuwaku-days.com

ခုလက်ရှိမှာတော့ Uchimizu ကိုလုပ်တဲ့သူတွေ တဖြည်းဖြည်းနည်းလာတာကြောင့် ကလေးတွေဆိုရင် သိပ်မတွေ့ဖူးတော့ဘူးလို့ ပါဝင်တဲ့သူတစ်ဦးကပြောပါတယ်။

မြန်မာတွေရဲ့ ရေသဘင်ပွဲတော်မှာလည်း တစ်နှစ်လုံးရဲ့အညစ်အကြေးတွေကို ဆေးကြောပေးတယ်ဆိုတဲ့ သန့်ရှင်းတဲ့အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။

ဒါကို အပူဆုံးအချိန်မှာကျင်းပကြတယ်ဆိုတာက ဂျပန်နိုင်ငံရဲ့ Uchimizu နဲ့ တူတယ်နော်။

တိုင်းပြည်တွေ ကွာဝေးနေပေမယ့်လည်း ဒီလိုတူညီတဲ့ ယဥ်ကျေးမှုတွေရှိနေတယ်ဆိုတာက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်။

နောက်နှစ် ရေသဘင်ပွဲရာသီရောက်ရင် ဂျပန်နိုင်ငံရဲ့ Uchimizu ယဥ်ကျေးမှုကိုလည်း သတိရလိုက်ပါနော် !

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: