အထက်တန်းစားတွေပဲ စီးနိုင်တဲ့ First Class ကဘယ်လိုမျိုးလဲ ?

အားလုံးက များသောအားဖြင့် Economy class မှာပဲစီးဖူးကြလိမ့်မယ်လို့ထင်ပါတယ်။

စာရေးသူလည်း ဒီထဲက တစ်ယောက်အပါအဝင်ပါပဲ။

Business class မှာ free upgrade ကလွဲပြီးမစီးဖူးလို့

ဒါပေမယ့် လေယာဥ်တော်တော်များများမှာ အပေါ်ပုံထဲကလို first class တွေရှိတယ်ဆိုတာ အားလုံးလည်းသိကြလိမ့်မယ်ထင်ပါတယ်။

first class တွေကိုတော်ရုံနဲ့ မြင်ဖူးကြမှာမဟုတ်ပါဘူး။

ANA လေကြောင်းလိုင်းနဲ့ first class ကိုကြည့်လိုက်ပါဦး။

ကြောက်စရာကောင်းလောက်အောင်ဈေးကြီးပေမယ့် အဲ့ဒီဈေးနှုန်းထက်ပိုများတယ်လို့တောင် ခံစားရတယ်လို့ထင်ပါတယ်။

ဒါကတော့ ဂျပန်လေယာဥ်ကုမ္ပဏီရဲ့ ANA လေယာဥ် ANA777-300ER ရဲ့ first class ဖြစ်ပါတယ်။

https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html

ကြည့်လိုက်တာနဲ့ မော်နီတာလိုအရွယ်အစားဖြစ်နေလို့ ထူးဆန်းနေပါတယ်။

43-inch 4K monitor ဖြစ်နေပါတယ်။

အိမ်ကတီဗီလို အကြီးကြီးပဲနော် …

ဒါအပြင် အခန်းလေးတွေနဲ့ ဂျပန်အိမ်တွေက slide တံခါးတွေကို တပ်ဆင်ထားပြီး ဒါတွေကိုပိတ်လိုက်ရင် ကိုယ်ပိုင်သီးသန့်အခန်းလေးကိုရမှာဖြစ်ပါတယ်။

ဘေးကလူက အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောနေကြတဲ့ Economy class နဲ့ လုံးဝကိုကွာခြားပါတယ်။

1-2-1 ဆိုတဲ့စနစ်နဲ့ ထိုင်ခုံတွေကို စီစဥ်ပေးထားတာကြောင့် စုံတွဲလင်မယားတွေဆိုရင်တော့ အလယ်မှာနေရာ ယူလို့ရပါတယ်။

တစ်ယောက်တည်းသမားတွေကတော့ ကောင်းကင်ကြီးကိုမြင်ရတဲ့ တံခါးဝဘက်မှာ နေရာယူမယ်ဆိုရင် အရမ်းကိုအဆင်ပြေပါတယ်။

https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html

အိပ်မယ်ဆိုရင်လည်း အိပ်ယာလိုလုံးဝပြားလိုက်လို့ရပါတယ်။

https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html

ဒါနဲ့ အိပ်မငိုက်တတ်တဲ့သူတွေရောရှိလား ?

စာပွဲအကြီးကြီးရှိနေတာက PC ကိုဖွင့်ပြီး အလုပ်လုပ်ဖို့အဆင်ပြေပါတယ်။

https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html

Economy class မှာ USB အားသွင်းပေါက်ကလွဲပြီးမရှိဘူးဆိုပေမယ့် ပုံမှန်ပလပ်ပေါက်တွေလည်းရှိပြီး HDMI ကြိုးတွေနဲ့ဆက်ပြီး ရှေ့ကမော်နီတာအကြီးကြီးကို အသုံးပြုနိုင်ပါတယ်။

အပေါ်ထပ်အင်္ကျီတွေပါလာမယ်ဆိုရင်လည်း ချိတ်ထားနိုင်တဲ့ ဗီဒိုလိုနေရာလေးပါပါတယ်။

https://www.ana.co.jp/ja/jp/serviceinfo/international/inflight/guide/f/seat/f-777_300er_new.html

အစားအသောက်တွေဆိုရင်လည်း ပုံမှန်အတိုင်း အကောင်းစားတွေချည်းပါပဲ။

ခါတိုင်းလိုထမင်းဘူးတွေမဟုတ်ဘဲ စားသောက်ဆိုင်မှာ စားနေရသလိုမျိုးဖြစ်ပါတယ်။ လေယာဥ်ထဲမှာ ဘယ်လိုမှာရမှာလဲ ?

https://www.aviationwire.jp/archives/65710

မစီးကြည့်ချင်ဘူးလား ? စီးကြည့်ချင်တာပေါ့နော်။

ဒါပေမယ့် ဈေးနှုန်းကို ကြည့်လိုက်တဲ့အခါမှာတော့ …

ဟနဲတလေဆိပ်ကနေ ပါရီအထိ Round trip ကို economy class နဲ့ ယန်း သောင်း ၄၀ ( ကျပ်သိန်း ၆၀ ) ဝန်းကျင်လောက်ကျသင့်မှာဖြစ်ပါတယ်။
economy class မှာ ဈေးအသက်သာဆုံးဈေးနှုန်းနဲ့ စီးနှင်းနိုင်တယ်ဆိုရင် ယန်း ၁၀ သောင်း ( ကျပ် ၁၄ သိန်း ) ဝန်းကျင်လောက်ရှိပါတယ်။

တစ်ဆင့်မြင့်တဲ့ Premium economy မှာဆိုရင် ယန်း သောင်း ၆၀ ( ကျပ်သိန်း ၈၀ )ကျော်လောက်ရှိပါတယ်။

Business ဆိုရင် ယန်း သောင်း ၁၂၀ ( ကျပ်သိန်း ၁၅၀ ) ကျော်ပါတယ်။

စိတ်ဝင်စားနေကြတဲ့ first class ဆိုတာကတော့ ယန်း သောင်း ၂၅၀ ( ကျပ်သိန်း ၃၅၀ ) လောက်တောင်ရှိပါတယ်။

ပုံမှန်ဈေးနှုန်းနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် economy class ရဲ့ ၅ ဆ လောက်တောင်ရှိပါတယ်။

ယန်းသောင်း ၂၁၀ တောင် ကွာတာပေါ့နော်။ ဒီလောက်ပိုက်ဆံရှိရင် ပါရီမှာ ကောင်းကောင်းရှော့ပင်ထွက်နိုင်ပါ့မလားဆိုတဲ့ စာရေးသူလိုဆိုရင် first class ကိုစီးဖို့အရည်အချင်းမရှိလောက်တော့ပါဘူးနော်။

စာဖတ်သူတို့လည်း သေချာပေါက် first class ကိုစီးပြီး ခရီးသွားနိုင်ဖို့အတွက် အလုပ်တွေပိုပြီးကြိုးစားကြပါနော် !

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: