ဂျပန်လူမျိုးတိုင်း နှစ်သက်ကြတဲ့တိရစ္ဆာန်ရုံ

ဂျပန်နိုင်ငံရဲ့ နာမည်ကြီးတဲ့နေရာတွေနဲ့ပတ်သက်ပြီး ဘယ်လောက်သိထားပါသလဲ။

တိုကျိုက Sky Tree နဲ့ ကျိုတိုက ဘုန်းကြီးကျောင်းတွေ စတဲ့နေရာတွေအများကြီးရှိပါတယ်။

နာမည်ကြီးတဲ့နေရာတွေ အားလုံးနီးပါးကိုသိတဲ့သူတွေလည်း ရှိလိမ့်မယ်လို့ထင်ပါတယ်။

ဒီနေ့ အဲ့လိုလူတွေအတွက်နဲ့ နိုင်ငံခြားသားတွေသိပ်မသိတဲ့ ဂျပန်နိုင်ငံရဲ့နာမည်ကြီးတဲ့နေရာတစ်ခုဖြစ်တဲ့ တိရစ္ဆာန်ရုံနဲ့မိတ်ဆက်ပါမယ်။

 

ရန်ကုန်မှာရှိတဲ့တိရစ္ဆာန်ရုံနဲ့ နှိုင်းယှဉ်ကြည့်ရင် ဂျပန်တိရစ္ဆာန်ရုံကျတော့ ဘယ်လိုဖြစ်မလဲ ?

 

ဒီနေ့ အိုဆာကာမှာရှိတဲ့ Tennoji တိရစ္ဆာန်ရုံနဲ့ မိတ်ဆက်မယ်နော်။

Tennoji တိရစ္ဆာန်ရုံဆိုတာ နှစ်ပေါင်း ၁၀၀ သမိုင်းရှိတဲ့ တိရစ္ဆာန်ရုံဟောင်းကြီးတစ်ခု ဖြစ်ပါတယ်။

လူကြီးဆိုရင် ယန်း ၅၀၀၊ ကလေးဆိုရင် ယန်း ၂၀၀ နဲ့ဝင်လို့ရပါတယ်။

ဒီလို ဈေးနှုန်းသက်သက်သာသာနဲ့ တစ်နေ့လုံးလည်ပတ်နိုင်တဲ့နေရာက ဂျပန်နိုင်ငံမှာသိပ်မရှိလို့ ပိုက်ဆံသိပ်မပါရင်လဲ သွားရောက်လည်ပတ်လို့ရပါတယ်။

အဲဒီ့မှာ တိရစ္ဆာန်တွေမျိုးစုံ ရှိပါတယ်။ ဘာတွေရှိလဲဆိုတာ ဓာတ်ပုံထဲမှာကြည့်လိုက်ပါဦးနော်။

 

သမင်

 

 

ကျား

 

 

ငှက်မျိုးစုံ

 

ဆိတ်

 

ပင်ကွင်း

 

 

ပိုလာဝက်ဝံ

 

ဒီတိရိစ္ဆာန်ရုံထဲမှာ လွင်ပြင်နဲ့မိုးသစ်တောလို နေရာတွေကိုလည်းဖန်တီးထားတာကြောင့် ဒီကိုလာလည်တဲ့ လူတွေက အဲ့ဒီနေရာတွေထဲကို တကယ်ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။

ရန်ကုန်တိရစ္ဆာန်ရုံမှာမရှိတဲ့ ရှားပါးတိရစ္ဆာန်တွေကိုလည်း တွေ့နိုင်ပါတယ်။

အောက်မှာပြထားတဲ့ဗီဒီယိုထဲက ပိုလာဝက်ဝံလေးဆော့နေတာကို ကြည့်လိုက်ပါဦးနော်…

ဆော့နေတာချစ်စရာလေးနော်…

တစ်ကောင်ထဲဆိုတော့ သူ့မှာပျင်းနေရှာမှာပဲ။

 

ပြီးတော့ တိရစ္ဆာန်တွေနဲ့ထိတွေ့နိုင်တဲ့နေရာတွေလည်း ရှိပါတယ်။

ချစ်ဖို့ကောင်းတဲ့တိရစ္ဆာန်တွေကို အစာကျွေးလို့လည်း ရပါတယ်။

( ဆိတ်အစာကျွေးနေပုံ )

 

ဒါပေမဲ့ ရန်ကုန်တိရစ္ဆာန်ရုံနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် လူနဲ့တိရစ္ဆာန်တွေရဲ့ အကွာအဝေးက နည်းနည်း ဝေးနေပါလိမ့်မယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံမှာက လုံခြုံမှုကိုထိန်းသိမ်းထားပေးထားလို့ ကလေးငယ်လေးတွေနဲ့ အတူတူလာရင်လည်း စိတ်ချလက်ချလည်ပတ်နိုင်ပါတယ်။

 

ဒီရုံထဲမှာ လက်ဆောင်ပစ္စည်းဆိုင်နဲ့ စားသောက်ဆိုင်တွေလည်းရှိလို့ ဘယ်သူနဲ့ပဲလာလာ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်ပါတယ်။

ပြီးတော့ ဒီလိုဓါတ်ပုံရိုက်လို့ရတဲ့နေရာတွေရှိလို့ သူငယ်ချင်းတွေနဲ့အတူတူလာပြီး ဓါတ်ပုံရိုက်လို့ရတာကြောင့် ပျော်စရာကောင်းမယ်လို့ထင်ပါတယ်။

ဘယ်လိုလဲ။

ရန်ကုန်တိရစ္ဆာန်ရုံမှာပဲရှိတဲ့ တိရစ္ဆာန်တွေချည်းမဟုတ်ဘဲ ရှားပါးတဲ့တိရစ္ဆာန်တွေလည်း အများကြီးရှိလို့ စိတ်ဝင်စားဖို့ကောင်းတယ်နော်။

ဂျပန်ကိုခရီးထွက်တဲ့အခါ အဲဒီ့တိရစ္ဆာန်ရုံကိုသွားဖြစ်အောင် သွားလည်ခဲ့ပါနော်။

Yuuki

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: