လေယာဥ်ချိန်တွေတင်းကြပ်တဲ့ဂျပန်နိုင်ငံ

လေယာဥ်တွေဟာ ရာသီဥတုစတဲ့ပြဿနာတွေကြောင့် ခရီးမနှင်နိုင်တော့ဘဲ ဝန်ဆောင်မှုတွေ ဆက်တိုက်ပေးနေဖို့ဆိုတာ အရမ်းကိုခက်ခဲလှပါတယ်။

မြူခိုးတွေ မကြာခဏကျနေတတ်တဲ့ နေရာမျိုးကလေဆိပ်တွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လေဆိပ်တွေအားလုံးဟာ တစ်ချိန်တည်းမှာ အခြေအနေတွေတူညီနေတာမျိုးမရှိဘဲ ကမ္ဘာပေါ်မှာအချိန်အတိကျဆုံးလေဆိပ်ကတော့ ဟနဲတလေဆိပ်ပဲဖြစ်ပါတယ်။

ဒီလိုအတိကျဆုံးလေဆိပ်အဖြစ် ဆက်လက်ရပ်တည်နေခဲ့ရာကနေ အခုဆိုရင် ၄ နှစ်ဆက်တိုက်ရှိပါပြီ။

https://toyokeizai.net/articles/-/179029

OAG ဆိုတဲ့ အင်္ဂလန်နိုင်ငံမှာ လေယာဥ်သတင်းအချက်အလက်တွေစုဆောင်းတဲ့ကုမ္ပဏီကနေ ရှာဖွေရပြီးထုတ်ပြန်ခဲ့တာကြောင့် အရင်ဦးဆုံး လေဆိပ်ရဲ့ အတိုင်းအတာနဲ့ အမျိုးအစားတွေကို ခွဲခြားထားပါတယ်။

တစ်နှစ်အတွင်းပြေးဆွဲပေးခဲ့တဲ့ လေယာဥ်ရဲ့ စုစုပေါင်းထိုင်ခုံအရေအတွက်ကို ပုံမှန်၊ ရိုးရိုး၊ အလယ်အလတ်၊ အထူး နဲ့ မိန်း ဆိုပြီးတော့ ၅ မျိုးခွဲခြားထားပြီး ဟနဲတလေဆိပ်ကြီးကို လည်း အမျိုးမျိုးခွဲခြားထားပါတယ်။

လေဆိပ်ရဲ့အရွယ်အစားကြီးရင် ဝန်ဆောင်မှုပေးနိုင်တဲ့နှုန်းကို လျော့နည်းစေတာမျိုးလည်းရှိပါတယ်။

ပြေးလမ်းတွေနည်းပြီး လေယာဥ်အရေအတွက်တွေများနေတာဟာ အချိန်တွေကိုစီမံဖို့ တော်တော်ကိုခက်ခဲလှပါတယ်။

လေယာဥ်တွေ ၁၅ မိနစ်အတွင်း နောက်ကျတာဟာ သာမာန်ပဲဆိုပေမယ့် ဟနဲတလေဆိပ်ရဲ့  ၂၀၁၈ ခုနှစ် ပုံမှန်လည်ပတ်တဲ့နှုန်းက 85.62% ဖြစ်ပါတယ်။

ဒုတိယနေရာမှာရှိတဲ့ အတ္တလန်တာအပြည်ပြည်ဆိုင်ရာလေဆိပ်ထက် 3% ပိုပြီး ပထမနေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

အကြီးစားလေဆိပ်တွေထဲမှာဆိုရင် အိုဆာကာလေဆိပ်ကအကြီးဆုံးဖြစ်ပြီး 88.22% နဲ့ သာမာန်အတိုင်းပဲရှိနေပါတယ်။

စကားမစပ် ဟနဲတလေဆိပ်ဟာ ပုံမှန်အတိုင်းလေယာဥ်တွေထွက်ခွာနေရုံအပြင် ဘာမှထူးခြားတာမရှိပါဘူး။

လေယာဥ်တွေနဲ့မသက်ဆိုင်ဘဲ သွားရောက်လည်ပတ်စရာနေရာဖြစ်လာတာက ဟနဲတလေဆိပ်ရဲ့ ပထမနေရာရှိနေရတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဥပမာ …….

 

江戸小路(えどこみち)အဲဒိုခိုမိချိ

https://icotto.jp/presses/860

Terminal 4F မှာရှိတဲ့ ဒီနေရာလေးဟာ အရင်တုန်းက တိုကျိုမြို့ရဲ့ပုံစံလေးနဲ့ မြို့ထဲကပုံဖော်ထားတာဖြစ်ပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဆောင်ပစ္စည်းဆိုင်တွေကို လိုက်ကြည့်ရုံနဲ့တင် ပျော်စရာကောင်းပါတယ်။

 

はねだ日本橋(にほんばし)ဟနဲတဂျပန်တံတား

https://icotto.jp/presses/860

ဟိုးအရင်တုန်းက တိုကျိုမြို့မှာရှိတဲ့ ဂျပန်စတိုင်တံတားဖြစ်ပါတယ်။ တကယ့်တံတားရဲ့ တစ်ဝက်အရွယ်အစားနဲ့ လေဆိပ်ထဲမှာ ဂျပန်တံတားကိုတည်ဆောက်ထားတာဖြစ်ပါတယ်။

 

TOKYO POP TOWN

https://icotto.jp/presses/860

ဂျပန်နိုင်ငံရဲ့ Pop culture တွေတော်တော်များများ ဒီနေရာမှာစုဝေးနေပြီး လေယာဥ်ပြေးလမ်းဘက်ကိုမျက်နှာမူရင် ညာဘက်ခြမ်းဟာ Cool Zone ဖြစ်ပြီး ဘယ်ဘက်ခြမ်းကတော့ Hot Zone ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်းနာမည်ကြီးတဲ့ Hello Kitty ဆိုင်လေးက Hot Zone ဘက်မှာရှိပါတယ်နော်။

 

အပြင်ဘက်မြင်ကွင်း

https://icotto.jp/presses/860

အပြင်ဘက်မြင်ကွင်းကို ကြည့်လိုက်မယ်ဆိုရင် အပေါ်ကပုံထဲမှာ မြင်ခဲ့တဲ့အတိုင်းပါပဲ ။

ဒ့ါအပြင်စားသောက်ဆိုင်တွေဆိုတာလည်း အပြည့်ပါပဲ။

https://icotto.jp/presses/860

လေဆိပ်တော်တော်များများက စားသောက်ဆိုင်တွေဟာ စျေးကြီးပြီးစားလို့မကောင်းဘူးဆိုပေမယ့် ဟာနဲတလေဆိပ်မှာတော့ ပုံမှန်စျေးနှုန်းပါပဲ။

တိုကျိုဧရိယာကိုသွားမယ်ဆိုရင် နရီတာလေဆိပ်ဆိုတဲ့ အရိပ်အငွေ့တွေ လွှမ်းမိုးနေလိမ့်မယ်လို့ထင်ရပေမယ့်  ညသန်းခေါင်လေယာဥ်တွေဟာ ဟနဲတလေဆိပ်ကနေ အခြားနိုင်ငံတွေဆီ ထွက်ခွာပျံသန်းကြပါတယ်။

လေဆိပ်ထဲကဆိုင်တွေဟာ တကယ်တော့ ၂၃ နာရီမှာ ပိတ်တဲ့အတွက်ကြောင့် မြန်မြန်သွားစားသောက်ပြီးမှ ကိုယ်လိုတဲ့နေရာကိုဆက်ပြီး ခရီးဆက်ရတာမျိုးလည်းရှိပါတယ်။

ခက်ခက်ခဲခဲနဲ့ ဂျပန်နိုင်ငံကိုရောက်သွားခဲ့ရင် လေဆိပ်မှာ တစ်ဝကြီးလည်ဖို့လည်း မမေ့ပါနဲ့ဦးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: