ဓာတ်လှေကားစီးရုံနဲ့ ရောက်နိုင်တဲ့ အာကာသခရီးစဉ်

လွန်ခဲ့တဲ့နှစ် ၅၀ လောက်ကတည်းက အမေရိကန်လူမျိုးတွေဟာ လကမ္ဘာပေါ်သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့ ဘေးကင်းကင်းနဲ့ အာကာသခရီးနှင်နိုင်ပြီး မကြာခင်မှာလည်း သာမာန်လူတွေ သွားရောက်လည်ပတ်နိုင်တဲ့ ဝန်ဆောင်မှုကိုပါ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အာကာသနည်းပညာတွေမှာ အမေရိကနိုင်ငံရဲ့ NASA နဲ့ ရုရှားတို့က နာမည်ကြီးပါတယ်။

နောက်ပြီး လတ်တလော တရုတ်နိုင်ငံမှာလည်း လျင်လျင်မြန်မြန်အင်အားတွေသုံးပြီးလုပ်ဆောင်လျက်ရှိပါတယ်။

အမေရိကန်နိုင်ငံဟာ အာကာသတပ်ဖွဲ့အတွက်ကြောက်ရွံ့ခြင်းမရှိတဲ့သူတွေကို ရွေးချယ်ဖွဲ့စည်းခဲ့ပါတယ်။

တကယ်တော့ ဂျပန်နိုင်ငံမှာရှိတာတွေက လူသိမများဘူးဆိုပေမယ့် အရမ်းကိုပြောင်မြောက်တဲ့နည်းပညာတွေကို ပိုင်ဆိုင်ထားပါတယ်။

 

H2A ဒုံးပျံ

https://www.sankeibiz.jp/business/news/180228/bsc1802280500007-n1.htm

 

လွှတ်တင်တဲ့အခါမှာ ၃၂ ကြိမ်တောင် အောင်မြင်ခဲ့ပါတယ်။

လွှတ်တင်ခဲ့တဲ့ အောင်မြင်မှုနှုန်းက ၉၇.၄ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာ့အမြင့်မားဆုံးနှုန်းထားဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဒုံးပျံတွေကို မလွတ်တင်နိုင်သေးပေမယ့်လည်း ဂြိုလ်တုနဲ့တော့ချိတ်ဆက်ထားပါတယ်။

ဒီလိုနဲ့ တခြားနိုင်ငံတွေကနေလွှတ်တင်ပေးဖို့အတွက် လာရောက်အပ်နှံတာကြောင့်လည်း အောင်မြင်မှုနှုန်းတွေမြင့်မားနေရတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အသုံးပြုတဲ့ ဂြိုလ်တုရဲ့နာမည်ကတော့ MICHIBIKI ဆိုတဲ့ ဂြိုလ်တုပဲဖြစ်ပါတယ်။

 

http://qzss.go.jp/overview/services/sv01_what.html

 

လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ GPS က အမေရိကန်နိုင်ငံရဲ့ ဂြိုလ်တုကိုအသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် ချို့ယွင်းချက်တွေရှိတာကို သတိထားမိတဲ့သူတွေရှိမယ်လို့လည်းထင်ပါတယ်။

ဒါဟာ လူသားတွေဖန်တီးထားတဲ့ ဂြိုလ်တုရဲ့လွှင့်ထားတဲ့နေရာနဲ့မူတည်တဲ့ပြဿနာဖြစ်ပြီး အာကာသယာဥ်တပ်ဖွဲ့တွေရဲ့ ချမှတ်ထားတဲ့စည်မျဥ်းတွေကြောင့်ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ၁ လပိုင်းမှာစပြီးရင်းနှီးမြှုပ်နှံခဲ့တဲ့ “みちびき” MICHIBIKI လို့ခေါ်တဲ့ ဂြိုလ်တု ၄ ခုမှာ အများအားဖြင့် GPS ရဲ့ ချို့ယွင်းချက်တွေကို ဖြည့်စွက်ပြုပြင်ထားပါတယ်။

ဂျပန်နိုင်ငံအတွက်သီးသန့်ဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့အပေါ်မှာ လွှတ်တင်ထားပြီး အဆောက်အဦတွေရဲ့ ကြားထဲရောက်နေရင်တောင်မှ တည်နေရာပျောက်သွားတာမျိုး ဖြစ်ခဲပါတယ်။

နောက်ဆုံးမှာတော့ ဂြိုလ်တု ၇ ခုကိုအသုံးပြုသွားဖို့ အစီအစဥ်ရှိပြီး၊ ဒီလိုသာဖြစ်လာခဲ့ရင်တော့ ချို့ယွင်းချက်တွေက စင်တီမီတာအနည်းငယ်လောက်ပဲရှိမယ်ထင်ပါတယ်။

ခြေတစ်လှမ်းချင်းစီတောင်မှ ချို့ယွင်းချက်တွေမရှိသလောက်နည်းတဲ့အတွက် ကားမောင်းတဲ့အခါမျိုးမှာလည်း ထိထိရောက်ရောက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။

 

 

Space elevator

https://www.obayashi.co.jp/recruit/shinsotsu/challenge/spaceelevator.html

 

အာကာသခရီးနှင်တဲ့အခါမှာ တော်တော်များများ ဒုံးပျံစီးပြီးသွားတယ်ဆိုတာကို သိထားပေမယ့် ဒါကနည်းလမ်းဟောင်းတွေဖြစ်ပေမယ့် ဒီလိုခေတ်မျိုးက နောက်မှာကျန်ခဲ့ပါပြီ။

ဂျပန်နိုင်ငံရဲ့ဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ အိုဘယရှိက ၂၀၅၀ ခုနှစ်မှာ အလုံးစုံပြီးမြောက်ဖို့ရည်ရွယ်ထားတဲ့ အာကာသဓာတ်လှေကား

တည်ဆောက်နေပြီ ဖြစ်ပါတယ်။

ဓာတ်လှေကားလေးစီးလိုက်ရုံနဲ့ အာကာသပေါ်ကိုသွားလို့ရပြီနော်။

အာကာသနဲ့ လကမ္ဘာရဲ့အကွာအဝေးရဲ့ ၁၀ ပုံ ၁ ပုံမှာ မြေပြင်ကနေ 36,000

 

ကီလိုမီတာ နေရာမှာ ဘူတာကိုတည်ဆောက်သွားမှာဖြစ်ပါတယ်။

ကမ္ဘာရဲ့ပင်လယ်ပေါ်ကနေ ထွက်ခွာရမှာဖြစ်ပြီး ကြိုးတန်းရဲ့စုစုပေါင်းအရှည်က ၉၆,၀၀ ကီလိုမီတာ ရှည်လျားပါမယ်။

အဆောက်အဦအမြင့်ကြီးပေါ်ကိုတက်သွားရတဲ့ ခံစားချက်နဲ့ အာကာသပေါ်ကို ခရီးနှင်နိုင်တော့မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတာပဲနော်။

ဂြိုလ်သိမ်တွေကို စူးစမ်းလေ့လာတဲ့ ဂြိုလ်တုကတော့ はやぶさ ဟယဘုခိ ဆိုတဲ့ဂြိုလ်တုပဲဖြစ်ပါတယ်။

 

http://www.jaxa.jp/projects/sat/hayabusa2/index_j.html

 

ဂြိုဟ်သိမ်တွေကို စစ်တမ်းကောက်ယူတဲ့အခါမှာ နေရောင်ခြည်မရတဲ့နေရာရဲ့ အချက်အလက်တွေကိုထုတ်ပြန်ပေးပြီး ဂြိုဟ်တွေရဲ့တည်ရှိမှု၊ ဖြစ်တည်လာတဲ့ လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ဖို့အတွက် တပ်ဆင်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ လှုပ်ရှားမှုတွေအရမ်းကိုမြန်လွန်းတဲ့ ဂြိုဟ်သိမ်လေးတွေနားကိုအနီးကပ်သွားပြီး ခြေချတာမျိုးတွေလုပ်လို့ရမှာဖြစ်ပါတယ်။

ဂြိုလ်သိမ်တွေကို ကမ္ဘာမြေကြီးဆီ နမူနာယူပြီး ပြန်လာနိုင်ခဲ့တာက ဂျပန်နိုင်ငံတစ်နိုင်ငံတည်းဖြစ်ပါတယ်။

 

ဒုံးပျံကြားဖြတ်စနစ်

https://www.youtube.com/watch?v=HiroY8XumqA

 

အမြန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းလာတဲ့ဒုံးပျံကို ဒီဘက်ကနေ အရမ်းမြန်လွန်းတဲ့ဒုံးပျံနဲ့ ချိန်ဖို့ဆိုတာ တော်တော်နဲ့လွယ်လိမ့်မယ်လို့မထင်ပါဘူး။

ဒါကြောင့် တဖက်ရဲ့ ဂြိုဟ်တုပတ်လမ်းကို သေသေချာချာအသေးစိတ်ချင့်ချိန်ထားရင်ပိုကောင်းပါတယ်။

ဂျပန်နိုင်ငံဟာ ဒီလိုနည်းပညာတွေနဲ့ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။

ကာတွန်းထဲကလိုမျိုးတွေ တကယ်လက်တွေ့ရှိလာတော့မယ်ထင်ပါတယ်။

 

ဘယ်လိုလဲ ?

ဒီလိုကနေ တဖြည်းဖြည်းနဲ့ အာကာသဟာ စီးပွားရေးမှာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ အသုံးဝင်လာတော့မယ်ထင်ပါတယ်နော်။

ဂျပန်နိုင်ငံရဲ့ နည်းပညာတွေမြင့်မားလွန်းတာကြောင့် နောက်ဆိုရင်အာကာသထဲမှာတောင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကြတော့မလားမသိဘူးနော်…

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: