အပန်းပြေသွားစေမယ့် ရေပူစမ်းကျယ်ကြီး !!

ဂျပန်နိုင်ငံမှာ ရေပူစမ်းတွေအများကြီးရှိတာကို သိပြီးသားလို့ထင်ပါတယ်။

ဒါပေမယ့် အဝေးကြီးကိုမသွားရင်မရဘူးဆိုပြီး …….လက်ခံထားတဲ့သူတွေရှိပါသလား ?

ဒီရေပူစမ်းက အိုဆာကာမြို့လယ်ခေါင်မှာရှိတာဖြစ်ပါတယ်။

Universal Studio Japan နဲ့နီးပြီး 弁天町(べんてんちょう)ဘန်းတန်းချောမှာရှိတဲ့ ခန်းဆိုင်းဒေသမှာရှိတဲ့ အကြီးဆုံးလူတွေဖန်တီးထားတဲ့ရေပူစမ်း ဖြစ်တဲ့ 空庭温泉 ( そらにわおんせん ) ဆိုရနီဝ OSAKA BAY ရေပူစမ်းပဲဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

https://www.jalan.net/news/article/323980/

ဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံစံက ၁၅၆၈ ခုနှစ်ကနေ ၁၆၀၀ ခုနှစ်ထိရှိခဲ့တဲ့ 安土桃山時代(あずちももやまじだい)အိုဇုချိမိုမိုယမခေတ်တုန်းက ဂျပန်နိုင်ငံမှာရှိတဲ့ပုံစံဖြစ်ပါတယ်။

ဂျပန်ရဲ့ရှေးဟောင်းပုံစံတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေဆိုရင် သိလောက်မယ်ထင်ပေမယ့် ဂျပန်နိုင်ငံမှာနာမည်ကြီးတဲ့  織田信長(おだ のぶなが)အိုဓ နိုဘုနဂ လုပ်ကြံခံရတဲ့ နေရာဖြစ်ပြီး အဲ့ဒီနောက်မှာ အနိုင်ရရှိခဲ့တဲ့ 豊臣秀吉(とよとみ ひでよし) တိုရောတိုမိ ဟိဒဲရောရှိ ပြီးတဲ့နောက် 徳川家康(とくがわ いえやす)တိုခုဂဝ အိအဲယစု တို့ ကြီးစိုးခဲ့တဲ့ခေတ်ဖြစ်ပါတယ်။

အဲ့ဒီ‌ရေပူစမ်းရဲ့အတွင်းထဲမှာ 15,000㎡ ထက်ပိုပြီးကျယ်ဝန်းပြီး ရုပ်ရှင်ပိတ်ကားထဲကိုရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။

ဝင်ပေါက်ကနေဝင်သွားရင် ဒီလိုပုံစံမျိုးကို မြင်ရပါလိမ့်မယ်။

 

https://www.jalan.net/news/article/323980/

အရင်ဦးဆုံး Yukata ရွေးရပါမယ်။

https://www.jalan.net/news/article/323980/

ယောကျ်ားလေးတွေအတွက် ၃ မျိုးရှိပြီး၊ မိန်းကလေးတွေအတွက် ၆ မျိုးရှိပါတယ်။

Yukata ရွေးရတာလည်းပျော်စရာတစ်ခုပါပဲ ။

 

နောက်ပြီးတော့ ဒီလိုရိုးရာဝတ်စုံတွေလည်းရှိပါတယ်။

https://www.jalan.net/news/article/323980/

 

ဒီမှာ 殿様 တိုနိုဆမ ရဲ့ဝတ်စုံ ဘယ်လိုလုပ်ရှိနေတာပါလိမ့် !

https://www.jalan.net/news/article/323980/

殿様 တိုနိုဆမ ဆိုတာက The King of Samurais! ဖြစ်ပါတယ်။

ရောက်ရင်ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့နော်…

 

နောက်ပြီးတော့ အိုဆခဲသောက်ပြီးတော့ ပျော်နိုင်တဲ့ဒီလိုဘားလည်းရှိတယ်နော် …..

https://www.jalan.net/news/article/323980/

 

ဂျပန်နိုင်ငံတစ်နိုင်ငံလုံးကရွေးချယ်ကြတဲ့ ဂျပန်ဆခဲတွေ တန်းစီနေပါတယ် ။

စားသောက်ဆိုင်မှာလည်း ဒီလိုအဆင့်တန်းမြင့်တဲ့ ဂျပန်အစားအစာတွေလည်းအများကြီးပါပဲ။

https://www.jalan.net/news/article/323980/

 

Cosmetics shop ကိုရှေးဟောင်းဂျပန်စတိုင်ပြုလုပ်ထားပြီး မူရင်းကုန်ပစ္စည်းတွေအများကြီးရှိပါတယ်။

https://www.jalan.net/news/article/323980/

 

ရေပူစမ်း ကလည်းသေချာပေါက် အရမ်းကိုမိုက်ပါတယ်။

နေ့အလိုက် ရေပူစမ်း ၆ မျိုးရှိပြီးပျော်စရာကောင်းတဲ့ ချွေးထုတ်ခန်းတွေလည်းရှိပါတယ်။

https://www.jalan.net/news/article/323980/

အများရှေ့မှာ ရေချိုးကန်ထဲဝင်ဖို့ ရှက်တဲ့သူတွေအတွက်လည်း သီးသန့်ရေပူစမ်းတွေရှိပါတယ်။

သီးသန့်ရေပူစမ်းတွေမှာ အနားယူဖို့အခန်းလေးတွေကိုလည်း ပြင်ဆင်ပေးထားပါတယ်။

https://www.jalan.net/news/article/323980/

SNS မှာ အားလုံးဓာတ်ပုံရိုက်လို့ရတဲ့ အံ့သြစရာနေရာလေးတစ်နေရာရှိပါတယ်။

မီးပုံးတွေအများကြီးနဲ့ လှလှပပလေးအလှဆင်ပေးထားပါတယ်။

https://www.jalan.net/news/article/323980/

အိုဆာကာမြို့လယ်ခေါင်မှာ ဒီလိုပျော်စရာကောင်းတဲ့နေရာလေးရှိတာ တကယ်ကိုမိုက်ပါတယ်။

‌ရေပူစမ်းမှာပျော်ပျော်ကြီးစိမ်နိုင်ပြီး ဓာတ်ပုံတွေတစ်ဝကြီးရိုက်ဖို့ ဒီနေရာက အရမ်းအဆင်ပြေတယ်နော်။

 

ဒီရေပူစမ်းရဲ့လိပ်စာကတော့ …..

空庭温泉 OSAKA BAY TOWER

住所/大阪府大阪市港区弁天1-2-3

営業時間/11:00~翌9:00

定休日/月1回不定休

アクセス/大阪環状線・Osaka Metro 弁天町駅より連絡通路直結

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: