千住(せんじゅ) ( ဆန်းဂျု့ ) ဆိုတဲ့စကားလုံးပါဝင်တာများနေရတဲ့ အကြောင်းအရင်း

တိုကျိုမြို့ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ ဆိုင်းတမစီရင်စုနဲ့ ချိဘကန်စီရင်စုနားမှာ 足立区(あだちく) ( အဓချိခု )ဆိုတာရှိပါတယ်။

အဲ့ဒါက အရင်တစ်ချိန်တုန်းက 下町(したまち)ရှီတမချိ ဆိုပြီးတော့ အရမ်းကိုထင်ပေါ်ကျော်ကြားခဲ့တဲ့နေရာဖြစ်ပါတယ်။

လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ရှင်းဂျူ့ခု ၊ ရှိဘုရ တို့နဲ့မတူညီတာက ရာဇဝင်ရှိတဲ့ ရှိတမချိရဲ့ ထူးခြားချက်ပဲဖြစ်ပါတယ်။

အဲ့ဒီလို 足立区(あだちく) ( အဓချိခု ) မှာ 千住(せんじゅ) ( ဆန်းဂျု့  ) လို့နာမည်ပေးထားတဲ့ မြို့တွေအများကြီးရှိပါတယ်။

 

ဘူတာနာမည်တွေထဲမှာ 北千住(きたせんじゅ) ( ခိတဆန်းရှူး )北千住(きたせんじゅ) ( ဆန်းကျူးအိုးဟရှိ ) ဆိုတာရှိပါတယ်။

 

နေရာနာမည်တွေမှာ 千住曙町(せんじゅあけぼのちょう) ( ဆန်းကျူအခဲဘိုနိုချော ) ၊ 千住旭町(せんじゅあさひちょう)( ဆန်းဂျု့ အဆဟိချိယော ) စသဖြင့် နာမည်တော်တော်များများမှာ “千住” ( ဆန်းဂျု့ ) ဆိုတဲ့စကားလုံးပါဝင်ပါတယ်။

 

https://mag.japaaan.com/archives/87479

 

ဒီလိုပဲ စာရေးသူလည်း ဆန်းဂျု့ ပါတဲ့နေရာမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

千住緑町(せんじゅみどりちょう) ( ဆန်းဂျု့မိဒိုးရိချော ) ဆိုတဲ့နေရာဖြစ်ပါတယ်။

ဘာလို့အဲ့ဒီလို ဆန်းဂျု့ ဆိုတဲ့နာမည်တွေများနေရလဲ ဆိုတာကိုတစ်ခါမှ မစဥ်စားခဲ့ဖူးပါဘူး။

 

ဆန်းဂျု့ ရဲ့ မူရင်းက ဘုရားနာမည်ကနေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

https://mag.japaaan.com/archives/87479

 

လက်တော်တွေအမြောက်အများရှိတဲ့ 千手観音(せんじゅかんのん) ( ဆန်းဂျု့ကန်နွန် ) လို့ခေါ်တဲ့ ဘုရားဖြစ်ပါတယ်။

 

ဆန်းဂျု့ကတော့ 勝専寺(しょうせんじ)( ရှောဆန်ဂျိ ) လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းရှိပါတယ်။

https://ameblo.jp/2055masumi/entry-12255395870.html

 

အနီရောင်ဂိတ်တံခါးဖြစ်ပြီးတော့ စာရေးသူငယ်စဥ်တုန်းက 赤門寺(あかもんでら)( အကမွန်းတဲရ ) လို့ခေါ်ခဲ့ပါတယ်။

အဲ့ဒီဘုန်းကြီးကျောင်းမှာ ကျန်ရှိခဲ့တဲ့ ရှေးဟောင်း 千手観音像(せんじゅかんのんぞう) ( ဆန်းဂျု့ကန်နွန်ဇိုး ) ဆိုတဲ့ ရုပ်ပွားတော် ရှိပါတယ် ။

 

https://weekly.ascii.jp/elem/000/000/288/288620/

 

အဲ့ဒီရုပ်ပွားတော်ကို ၁၃၂၇ ခုနှစ်တုန်းက အနီးနားကမြစ်နားမှာ ငါးဖမ်းနေတဲ့လူရဲ့ ပိုက်ကွန်မှာ မိခဲ့တာပဲဖြစ်ပါတယ်။

ဘုရားက ငါးဖမ်းပိုက်ကွန်ထဲမှာရှိနေတာက အံ့သြပြီး ချက်ချင်းသူ့ရဲ့သားကို ဘုန်းကြီးကျောင်းကိုသွားပို့ခိုင်းခဲ့ပါတယ်။

赤門寺(あかもんでら)( အကမွန်းတဲရ ) က အစကတည်းက ရှိခဲ့တာဖြစ်ပါတယ်။

 

အဲ့ဒီအချိန်ကတည်းကနေ 千手観音(せんじゅかんのん) ( ဆန်းဂျု့ကန်နွန် ) ကိုထိန်းသိမ်းလာခဲ့ပါတယ်။

( 千手(せんじゅ) ) ဆိုပေမယ့် စကားလုံးကို ပြောင်းပြီးတော့ (千住(せんじゅ) ) ဆိုပြီးဖြစ်လာတယ်လို့ပြောပါတယ်။

 

တခြားနာမည်ရဲ့မူရင်းတွေလည်းရှိသေးတယ်ဆိုပေမယ့် ဒီဇာတ်လမ်းလေးက အတင့်တယ်ဆုံးပဲလို့ထင်ပါတယ်။

千住(せんじゅ) ဆိုတဲ့နာမည်က မြေအောက်လမ်း အမြောက်အများ ၊ JR နဲ့ ပုဂ္ဂလိကပိုင်ရထားလမ်းတွေမှာရှိပြီးတော့ စီးရတာအဆင်ပြေတဲ့ 北千住 ( ခိတဆန်း ) လို့ခေါ်တဲ့ဘူတာတွေကို လျင်မြန်စွာတိုးတက်အောင်မြင်စေခဲ့ပါတယ်။

အဆင်ပြေရုံတင်မဟုတ်ဘဲ ဆန်းဂျု့ဟာ ဘုရားကိုထိန်းသိမ်းထားတဲ့ မြို့ ၊ ဂျပန်နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်တွေမှာ ကျန်ရှိနေပြီးတော့ နေထိုင်လို့ကောင်းတဲ့ မြို့ဆိုလည်းမမှားပါဘူး။

တိုကျိုမှာနေထိုင်ဖို့အတွက် ရှာဖွေနေတဲ့ မိတ်ဆွေတွေရှိရင် တစ်ခါလောက်တော့ သေချာပေါက်သွားကြည့်ဖို့ အကြံပြုချင်ပါတယ်။

ဘုရားတန်းခိုးနဲ့ အေးချမ်းအောင်မြင်မှုတွေ ရရှိနိုင်မှာသေချာပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: