လုံး၀ကို မသွားသင့်တဲ့နေရာ !!!!

ဂျပန်မှာ ဘယ်နေရာမဆို လွတ်လပ်စွာသွားနိုင်ပြီးတော့ တစ်ယောက်ယောက်က ပိုင်ဆိုင်တဲ့ အိမ်နေရာကလွဲရင် တော်တော်များများနေရာတွေကို ၀င်ရောက်လို့ရပါတယ်။

ဒါပေမယ့် မ၀င်သင့်တဲ့နေရာတွေလည်း ရှိပါသေးတယ်။

ဘယ်လိုနေရာမျိုးပါလိမ့်?

 

ပထမနေရာကတော့ ဖူကူရှီးမားခရိုင်(福島県)မှာရှိတဲ့ အားလုံးသိကြတဲ့ ၂၀၁၁ခုနစ်၏ နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ နေရာအနီးပါ။

http://parstoday.com/ja/news/japan-i12565

 

အပေါ်ကပုံလိုမျိုး ၀င်ပေါက်မှာပိတ်ထားပြီးတော့ အထဲ၀င်တာကို တားမြစ်ထားပါတယ်။

ရေဒီယိုသတ္တုကြွတွေပြသာနာက မဖြေရှင်းရသေးတဲ့အတွက်ပါ။

 

 

နောက်တစ်နေရာကတော့ အိုအိုခုနော်ရှီမ大久野島(おおくのしま)ဆိုတဲ့နေရာပါ။

 

ဟီရိုရှီးမားခရိုင်မှာရှိတဲ့ သေးငယ်တဲ့ကျွန်းဖြစ်ပြီးတော့ အခုလက်ရှိမှာ ၀င်လို့တော့ရပေမယ့်

အရင်တုန်းကဆို ၀င်ဖို့ကိုပိတ်ပင်ခံထားရတဲ့ မြေပုံကနေလည်းပျောက်သွားခဲ့ဖူးတဲ့ ကျွန်းတစ်ကျွန်းပါ။

https://kirari-media.net/posts/768

 

အခုအချိန်မှာတော့ အပေါ်ကပုံလိုချစ်စရာကောင်းတဲ့ယုန်လေးတွေ အကောင်ပေါင်း၁၀၀၀လောက်က သဘာ၀အလျှောက်ကြက်စားနေထိုင်တဲ့အတွက်

ယုန်တွေရှိတဲ့ကျွန်းအနေနဲ့ နံမည်ကြီးပါတယ်။

ဒါပေမယ့် ဒီကျွန်းက ၁၉၉၇ခုနစ်အထိ ဂျပန်နိုင်ငံမြေပုံမှာ မရှိခဲ့တဲ့ကျွန်းပါ။

 

ဘာကြောင့်မဖော်ပြခဲ့ကြတာလဲဆိုတော့

အရင်က ဂျပန်စစ်တပ်က အဆိပ်ဓာတ်ကိုတီထွင်ခဲ့ပြီးတော့ လှို့၀ှက်ထားခဲ့တဲ့အတွက်ကြောင့်ပါ။

 

အအိုးမိရိခရိုင်က တောင်တွေကြားထဲမှာ စုဂိုစ၀မုရိ杉沢村(すぎさわむら)ဆိုတဲ့ နေရာတစ်နေရာရှိပါတယ်။

https://kirari-media.net/posts/768

 

ဒီရွာလေးကတော့ နေထိုင်မည့်သူ ဘယ်သူမရှိဘဲ

ဒီအတိုင်းပျောက်သွားခဲ့တဲ့ ရွာလေးပါ။

အရင်က ရွာကလူတစ်ဦးက ရွာမှာနေတဲ့ တခြားလူတွေအကုန်လုံးကိုသတ်ပြီးတော့ ၊ ကိုယ်ကိုယ်ကိုလည်းသတ်သေလိုက်တဲ့အတွက် လူမနေတဲ့ရွာဖြစ်သွားတာပါ။

 

အဲဒါကြောင့် မြေပုံကလည်းမပြထားတဲ့အပြင် စူးစမ်းသွားကြည့်မယ်ဆိုရင်လည်း

အန္တရာယ်များတဲ့နေရာလို့ထင်ပါတယ်။

 

အီနုနခိရွာ犬鳴村(いぬなきむら)

https://kirari-media.net/posts/768

 

နေရာက သိပ်မကောင်းတဲ့အပြင် တခြားဒေသတွေနဲ့လည်း အချိတ်အဆက်၊ လမ်းပန်းဆက်သွယ်ရေးမရှိလှတဲ့ ရွာပါ။

စိတ်၀င်စားပြီးသွားကြည့်ခဲ့တဲ့ အတွဲတစ်တွဲဆိုရင် ပြန်မလာခဲ့ဘူးလို့ သိရပါတယ်။

အဲလိုနေရာရှိမှန်း ဂျပန်လူမျိုးတွေ တော်တော်များများတောင်သိပ်မသိကြပါဘူး။

 

တခြားလည်း အန္တရာယ်များတဲ့ နေရာတွေရှိပါသေးတယ်။

 

ဥပမာအားဖြင့် ဂန်းမစီရင်စု(群馬県)နဲ့ နိအိဂတစီရင်စု(新潟県)ကြားက တနိဂ၀ဒခဲ 谷川岳(たにがわだけ)ဆိုတဲ့နေရာပါ။

https://kirari-media.net/posts/768

 

၁၉၃၁ခုနစ်ကနေ ၂၀၁၂ခုနစ်ကြားမှာ သေဆုံးသူပေါင်း၈၀၅ဦးရှိခဲ့ပါတယ်။

ခရီးသွားတွေသွားကြတဲ့ တော်တောင်နေရာတွေထဲက တစ်ကမ္ဘာလုံးမှာ အသေအပျောက်အများဆုံးဖြစ်လို့၊ သေဆုံးသူတောင်လို့တောင် ခေါ်ကြပါတယ်။

ပထ၀ီမြေနေရာက ရှုပ်ထွေးတာရယ်၊ ရာသီဥတုအပြောင်းအလဲကြမ်းလွန်းတာကြောင့်လို့ပြောကြပေမယ့် တခြားအကြောင်းတွေလည်း ရှိလောက်မယ်ထင်ပါတယ်။

သေဆုံးသူများတဲ့အတွက် အခုဆိုရင်တော့ ၀င်ရောက်ခွင့်ကိုပိတ်ထားပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: