ဇိမ်ခံဘက်စ်ကားတွေကို ယာဉ်မောင်းတွေက ဘယ်လိုမောင်းလဲဆိုတဲ့ လျို့ဝှက်ချက် !

ကမ္ဘာပေါ်မှာဘယ်နေရာမဆို ဘက်စ်ကားနဲ့သွားတယ်ဆိုတာရှိပေမယ့် ဂျပန်မှာဆိုရင်တော့ ညကားဆိုပြီး အ‌ရေအတွက်တော်တော်များများ ရှိပါတယ်။

ညဘက် ဘက်စ်ကားကိုစီးပြီး‌တော့ အိပ်နေတဲ့ အချိန်မှာပဲခရီးစဥ်  ရောက်ရှိတာဖြစ်ပါတယ်။

တော်တော်လေးကို အဆင်ပြေပြီးတော့ လှုပ်နေတဲ့ ထိုင်ခုံကကျဥ်းတဲ့ အတွက်အိပ်လို့မရဘူးဆိုတဲ့သူတွေလည်းရှိပါတယ်။

 

ဒီလိုသင့်ကို ပြောပြတဲ့ ဘက်စ်ကားကဒီမှာပါ။

အရင်ဦးဆုံး အတွင်းပိုင်းကိုကြည့်လိုက်ပါဦး။

http://news.livedoor.com/article/detail/15138552/

 

ဘက်စ်ကားကပုံမှန်အားဖြင့် တစ်တန်းမှာ နှစ်ယောက်ခုံ ၂ဖက် နဲ့ ထိုင်ခုံ ၄ခုရှိပါတယ်။

အများအားဖြင့်ညဘက်ကားတွေက ထိုင်ခုံ ၃တန်းရှိပေမယ့်လဲ၂တန်းဆိုတာက တော်တော်လေးကိုရှားပါးပါတယ်။

အဲ့ဒါက တိုကျိုနဲ့ တိုခုရှဘ စီရင်စု ကြားမှာပြေးဆွဲနေတဲ့ My flora ဆိုတဲ့ ဇိမ်ခံကားပဲဖြစ်ပါတယ်။

ဂျပန်ရဲ့ထိပ်တန်း ဇိမ်ခံဘက်စ်ကားအနေနဲ့ အသံတွေလည်းထွက်နေပါတယ်။

 

အတွင်းပိုင်းမှာကော်ဇောတွေကိုခင်းကျင်းထားပြီးတော့ ဖိနပ်စီးတာကိုလုံးဝတားမြစ်ထားပါတယ်။

ထိုင်ခုံတွေကလည်း ၂ဖက်ရှိပြီးတော့ လှည့်လို့လည်းရပါတယ်။

အဲ့လောက်ထိသက်‌‌သောင့်သက်သာရှိတဲ့ ဘက်စ်ကားဖြစ်တာကြောင့် အိပ်လိုက်မယ်ဆိုရင်နှမြောစရာကောင်းပါတယ်။

လုံးဝမအိပ်ပဲ နေမယ်လို့ အားလုံးကတွေးထားကြပေမယ့် သတိထားရင်းနဲ့ ကို အိပ်ပျော်သွားပါတယ်။

အဲ့ဒီရဲ့ လျို့ဝှက်ချက်ကတော့ ဒါရိုက်ဘာရဲ့ ကားမောင်းနည်းကြောင့် ဖြစ်ပါတယ်။

ကားမောင်းတဲ့ အခါ လှုပ်မသွားစေဖို့ ရုတ်တရက်အရှိန်လျော့ခြင်း၊ ရုတ်တရက်အရှိန်သတ်ခြင်း ၊ရုတ်တရက် စီယာတိုင်လှည့် ကွေ့ ဆိုတဲ့ အချက်တွေကို လုံးဝ အသုံးမပြုပဲမောင်းတာက အရေးကြီးဆုံး အချက်ပဲဖြစ်ပါတယ်။

သေချာပေါက် အသုံးပြုရမယ်ဆိုပေမယ့် ထပ်ခါတလဲလဲ ဒီလို ရုတ်တရက်အရှိန်သတ်တာတွေရုတ်တရက်အရှိန်လျော့တာတွေ လုပ်မယ်ဆိုရင် မအီမသာဖြစ်လာပါလိမ့်မယ်။

အဲ့ဒီကုမ္ပဏီက ‌ရေသန့်ဘူးတွေ မှောက်မနေဖို့မောင်းနှင်တယ်ဆိုတာကို ပစ်မှတ်ထားပြီးတော့ ယာဥ်မောင်းအားလုံးက ဖိနပ်ကိုချွတ်ပြီးတော့ မောင်းနှင်ရမှာပဲဖြစ်ပါတယ်။

http://news.livedoor.com/article/detail/15138552/

 

ခြေအိတ်နဲ့ မောင်းနှင်တာက ခြေနှင်းခလုတ်ကို နှင်းရတဲ့ ခံစားချက်က နှေးသွားပါလိမ့်မယ်။

အဲ့ဒါက ရုတ်တရက် မြန်တာနဲ့ ရုတ်တရက် အရှိန်သတ်တာရဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဆိုရင်, ခြေထောက်က မထိခိုက်ဖို့ဖိနပ်ချွတ်ပြီးစ မောင်းတဲ့ပုံပါပဲ။

 

အဲ့လောက်ထိလုပ်ထားပြီးသဘာဝကျကျအရေးကြီးဆုံး အချက်က အန္တရာယ်ကင်းကင်းနဲ့ မောင်းနှင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

 

လုံးဝမလှုပ်တာ မဟုတ်ဘူးလို့ ပြောရရင် ရွေ့နေတာဖြစ်တဲ့ အတွက်အနည်းငယ်တော့ လှုပ်နေပါလိမ့်မယ်။

တခြားနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဒီဘက်စ်ကားက စျေးကြီးပါတယ်။

Tokushima စီရင်စု ကို သွားမယ်ဆိုရင်တော့ ဥမိဘဲ ခန်းခိုးဆိုတဲ့ ကုမ္ပဏီက ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

Tokushima စီရင်စု ကို လေယာဥ်နဲ့သွားတာထက် အရမ်းကိုအဆင်ပြေတဲ့ ဒီ ဒီဘက်စ်ကားက ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: