ဂျပန်နိုင်ငံရဲ့ အလှတရားတွေကို အပြည့်အဝ ခံစားလို့ရမယ့် ဟိုတယ်

အားလုံးပဲ ဂျပန်နိုင်ငံခရီးစဉ်မှာ ဘယ်ကို သွားချင်လဲ။

တိုကျိုလား။ အိုဆာကာလား။

ကြီးမားတဲ့ အဆောက်အဦတွေ စီတန်းနေတဲ့ မြို့ကြီးတွေဆီ သွားတာကလည်း ကောင်းပေမယ့် လက်တွေ့မှာတော့ ဂျပန်နိုင်ငံရဲ့အလှတရားစစ်စစ်ကို ခံစားနိုင်မှာ မဟုတ်ပါဘူး။

ကဲ။ ဒီလိုမျိုးဟိုတယ်ဆိုရင် ဘယ်လိုလဲ။

ဒီနေရာက ဂိဖုခရိုင်မှာ ရှိတဲ့ အိုခုဟိဒ ဆိုတဲ့ လည်ပတ်စရာနေရာမှာ ဆောက်လုပ်ထားတဲ့ ဆမ်းငဲ့ဆု ဆိုတဲ့ ဟိုတယ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ရိုးရာဓလေ့ကိုခံစားနိုင်မဲ့ ဟိုတယ်ဖြစ်ပါတယ်။

အရင်ဦးဆုံး ဝင်ပေါက်ကနေလေ့လာကြည့်ရအောင်။

ဂျပန်နိုင်ငံဆိုတာက သစ်သားဗိသုကာပညာ ရဲ့ အရင်းအမြစ်ပဲဖြစ်ပါတယ်။

ဟိုတယ်ရဲ့ တိုင်နဲ့ ထုပ်တန်း တွေကို နှစ်ပေါင်း ၅၀ဝ ရှိပြီဖြစ်တဲ့ သစ်ပင်ကြီးကနေ ပြုလုပ်ထားတာပါ။ နှစ်၊ လ ပေါင်းများစွာ အချိန်ယူပြီး ပုံဖော်တည်ဆောက်ထားတဲ့ သစ်သား အဆောက်အဦတွေထဲက တစ်ခု ဖြစ်ပါတယ်။

နောက်ပြီးအဝင်ဝမှာ ဖိနပ်ကို ချွတ်ပြီး ဟိုတယ်ထဲဝင်လိုက်ရင် ဒီလို နေရာလွတ်လေးမှာ စင်လေးရှိပါတယ်။

ဂျပန်ရုပ်ရှင်ကားတွေထဲမှာ ဘုရင်ထွက်လာတော့မဲ့ ဇာတ်ဝင်ခန်းလိုမျိုးကို အပြင်မှာခံစားရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းကို အကူအညီတောင်းပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။

ဒီနေရာမှာ ထိုင်နေတဲ့ ဓာတ်ပုံကို Facebook ပေါ်တင်လိုက်ရင် ဂျပန်မှာ နေနေတဲ့ သူငယ်ချင်းတွေတောင် အံ့သြသွားလိမ့်မယ်နော်။

နောက်တစ်ခု စိတ်ဝင်စားစရာအကောင်းဆုံးနေရာကတော့ ဒီမှာပါ။

ရေတံခွန်ကို ကြည့်ရင်း ကော်ဖီသောက်နိုင်မဲ့ Café Lounge ရှိပါတယ်။

ဒီနေရာကနေ မြင်ရတဲ့ ရှုခင်းက ရာသီ ၄ ရာသီကို လိုက်ပြီး အမျိုးမျိုးပြောင်းလဲနေပါတယ်။

ရေတံခွန်ကို ကြည့်တာက တခြားလည်ပတ်စရာနေရာတွေမှာလည်း ကြည့်လို့ရပေမဲ့ ရေတံခွန်ကိုကြည့်ရင်း အေးအေးဆေးဆေး ကော်ဖီကို ဇိမ်ခံသောက်နိုင်ဖို့ဆိုတာ ရှားပါလိမ့်မယ်။

 

ဒီသဘာဝရေပူစမ်းက အဆစ်နာခြင်း၊ နာတာရှည် အရေပြားယောင်ခြင်း၊ ဆီးချိုသွေးချိုရောဂါ၊ ဒူလာရောဂါ၊ နာတာရှည် သည်းခြေအိတ်ရောင်ရမ်းခြင်း စတာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အကျိုးရှိတယ်လို့ ပြောကြပါတယ်။

မြန်မာလူမျိုးတွေထဲမှာ အရက်အသောက်လွန်ပြီး ဒူလာရောဂါဖြစ်တဲ့သူတွေ များပါသလား?

ဒီနေရာမှာ အေးအေးဆေးဆေး နွေးနွေးထွေးထွေး နာကျင်တာတွေကို သက်သာ ပျောက်ကင်းအောင် လုပ်ကြည့်ပါလား။

အနီးအနားမှာလည်း အမိုက်စား လည်ပတ်စရာနေရာတွေ အများကြီးရှိပါတယ်။

ရှင်းဟိုဒါကာ Ropeway

ဂျပန်နိုင်ငံရဲ့တစ်ခုတည်းသော နှစ်ထပ် Ropeway နဲ့ မီတာ ၂၀ဝ၀ ကျော်အမြင့်ကနေ အရမ်းမိုက်တဲ့ မြင်ကွင်းကို ကြည့်ဖို့သွားလို့ရပါတယ်။

ဂျပန်နိုင်ငံရဲ့လှပတဲ့သဘာဝတရားကို ရာသီလေးရာသီရဲ့အရောင်အဆင်းတွေနဲ့ တွဲဖက် ကြည့်ရှုနိုင်ပါတယ်။

ကာမိခိုးချိ

ဂျပန်နိုင်ငံရဲ့သဘာဝကို မြတ်နိုးတဲ့ သူတွေကိုတော့ ဒီနေရာလေးကို သွားဖို့ တိုက်တွန်းပါရစေ။

နတ်တွေဆင်းလာတဲ့နေရာ (ကာမိခိုးချိ) ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

အမှန်တကယ်ပဲ နတ်တွေရှိတယ်ဆိုရင်လည်း ထူးဆန်းစရာမဟုတ်တဲ့ အလွန်လှပတဲ့ မြင်ကွင်းဖြစ်ပါတယ်။

ဟီဒါတာကာယာမ

ဂျပန်နိုင်ငံရဲ့ ရှေးဟောင်း မြို့တွေကို အစီအရီ မြင်နိုင်မဲ့ ဟီဒါတာကာယာမ ကတော့ နိုင်ငံခြားက လူတွေအတွက်တော့ လူကြိုက်များတဲ့ လည်ပတ်စရာနေရာပဲဖြစ်ပါတယ်။

ဒီလို နေရာမျိုးမှာ ဓာတ်ပုံရိုက်ရိုက်ပြီး Facebook ပေါ်တင်လိုက်ရင် အားလုံးအားကျမှာအမှန်ပါပဲ။

ရှီရာဂါဝါဂေါ

ဒီရှုခင်းကို မြင်ဖူးတဲ့ လူတွေများမယ်လို့ထင်ပါတယ်။

အရမ်းနာမည်ကြီးတဲ့ လည်ပတ်စရာနေရာဖြစ်တဲ့ ဒီ ရှီရာဂါဝါဂေါ ကလည်း ဒီ ဆမ်းငဲ့ဆု ဟိုတယ်ကနေ နီးပါတယ်။

တာတဲယာမခုရောဘဲ့ Alpine Route

ဒီနေရာကလည်း နာမည်ကြီးတယ်နော်။

ဒါပေမဲ့ အားလုံး အထင်မှားနေကြတာကတော့ ဒီနေရာကို ဆောင်းရာသီမှာ သွားသင့်တယ်လို့ ထင်နေကြတာပါပဲ။

ဒီရှုခင်းဟာ ဆောင်းရာသီမှာ မမြင်ရဘဲ နွေဦးမှာပဲ မြင်ရတာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီမှာဆိုရင် နှင်းတွေ အရမ်းကျတာဆိုတော့ ဒီလမ်းကို မဖောက်နိုင်လို့ပါပဲ။

နွေဦးကိုရောက်ပြီဆိုရင်တော့ နှင်းကျတာရပ်သွားပြီး လမ်းဖောက်တဲ့ လုပ်ငန်းကို လုပ်ဆောင်ပါတယ်။

ပြီးတော့ နွေရာသီရောက်ရင် နှင်းတွေက အရည်ပျော်သွားမှာဖြစ်လို့ လည်ပတ်သင့်တဲ့ အချိန်က နွေဦးလို့ သတ်မှတ်ထားတာပါ။

မာဆုမိုတို ရဲတိုက်

အရင်တုန်းက ဂျပန်နိုင်ငံတွင်းမှာ ရဲတိုက်တွေအများကြီးရှိခဲ့ပေမဲ့လည်း ဒီလိုမျိုး ပုံစံနဲ့ လှလှပပ ကျန်ရှိနေသေးတဲ့ ရဲတိုက်တွေဟာ တကယ့်ကို နည်းသွားပါပြီ။

အဲ့ဒါတွေထဲက တစ်ခုကတော့ ဒီ မာဆုမိုရဲတိုက်ဖြစ်ပါတယ်။

ဘယ်လိုလဲ။

တိုကျို၊ အိုဆာကာတို့မှာ မမြင်နိုင်တဲ့ နှစ်သက်စရာကောင်းတဲ့ ရှုခင်းတွေက စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာပါ။

အထက်မှာ ပြောပြထားတဲ့ နေရာလေးတွေက ဂျပန်နိုင်ငံအကြောင်းကို အမှန်တကယ် သိချင်တယ်လို့ တွေးထားရင် သွားဖို့ တိုက်တွန်းချင်တဲ့

JAPO မှာ ဒီဒေသရဲ့ ခရီးသွားလာရေးကို သုံးသပ်နေပါတယ်။

ပါဝင်ဖို့ စိတ်ပါဝင်စားတဲ့ သူတွေရဲ့ ဆက်သွယ်လာမှုတွေ များလာရင် ခရီးသွားလာရေးကို အကောင်အထည်ဖော်ပါမယ်။

စိတ်ပါဝင်စားတဲ့သူများ JAPO ကို ဆက်သွယ်ပေးပါ။

 

http://shinhotaka-ropeway.jp/

http://www.kamikouchi.info

http://www.machidukuri-hidatakayama.com

http://hiroron-affilidream.com/2016/12/08/shirakawago-in-winter/

https://www.alpen-route.com/index.php

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: