ရေပေါ်ဘောလုံးဟော်တယ်

ခရီးသွားကုမ္ပဏီကြီးဖြစ်တဲ့ HIS ကဖွင့်လှစ်ထားတဲ့ဟိုတယ်တစ်ခုဖြစ်ပါတယ်။ နာဂါဆာကီခရိုင်ရဲ့ HUIS TEN BOSCH အဆောက်အအုံတွေနားမှာ ထူးဆန်းတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပြီးစီးသွားခဲ့ပါပြီ။

https://www.traicy.com/20180306-HUISTENBOSCH

အဲ့တာကတော့ ရေပေါ်မှာပေါနေတဲ့အဆောက်အအုံပဲဖြစ်ပါတယ်။
အဲ့အဆောက်အအုံက ဟိုတယ်တစ်ခုလည်းဖြစ်ပါတယ်။

ပထမ ၃ လလောက်ကတည်းက ကုန်းမြေနဲ့နီးတဲ့နေရာမှာ ခေတ္တနားခိုနိုင်ဖို့ အသုံးချခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ HUIS TEN BOSCH နဲ့နီးတဲ့ လူမနေတဲ့ကျွန်းကိုသွားရင်းနဲ့ ညအိပ်တည်းခိုနိုင်မဲ့ အစီအစဉ်ကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။

အထဲမှာ လူကိုးယောက်လောက်နေလို့ရပါတယ်။
ဒါပေမဲ့ညအိပ်တည်းခိုမယ်ဆိုရင်တော့ လူ ၂ ယောက် ၃ ယောက်လောက်ဘဲ နေဖို့ကန့်သတ်ထားပါတယ်။

https://prtimes.jp/main/html/rd/p/000000160.000023462.html

အဆောက်အအုံက ၂ ထပ်ဖြစ်ပြီး၊ ပထမထပ်ကတော့ ၂၈ စတုရန်းမီတာရှိပြီး ဒုတိယအထပ်မှာတော့ သင်္ဘောကုန်းပတ်လိုပုံစံလုပ်ထားပြီး စတုရန်းမီတာ ၅ မီတာလောက် ကျယ်ဝန်းပါတယ်။

ညရောက်ရင် ကြယ်တွေစုံလင်လှတဲ့ကောင်းကင်ကိုငေးမောရင်း အိပ်စက်လို့ရပါတယ်။

အထဲကအပြင်အဆင်တွေကိုလည်း သေချာကျနစွာလုပ်ထားပါတယ်။ အိမ်သာ၊ ရေချိုးကန်၊ ရေနွေး၊ ရေပန်းစတာတွေ ပါဝင်ပါတယ်။

လောလောဆယ် ဟိုတယ်ကိုတော့မဖွင့်သေးတာဖြစ်တဲ့အတွက်ကြောင့် အစားအသောက်အဆင်ပြေမပြေ၊ ရေရဲ့ရိုက်ခတ်တာတွေကြောင့်လှုပ်ရှားတဲ့အခါအဆင်ပြေမပြေ၊ စတာတွေနဲ့ပတ်သက်ပြီး ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားမိပါတယ်။ ကမ္ဘာမှာတော့ ဒီတစ်ခုပဲရှိသေးတာပါ။ တစ်ခါလောက်တော့ သွားတည်းချင်မိပါတယ်။
သူငယ်ချင်းတို့ကော သွားမတည်းချင်ကြဘူးလား။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: