အသက်ရှင်လျှက်နဲ ပြန်လာနိုင်ပါ့မလား။ ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံးကစားနည်း

ကစားကွင်းထဲမှာရှိတဲ့ စီးစရာတွေ အမျိုးမျိုးက ပျော်စရာကောင်းပေမယ့် အဲဒီထဲက လူကြိုက်များပြီး ဆွဲဆောင်မှုအရှိဆုံးကတော့ ရိုလာကိုစတာပါပဲ။

လျှင်မြန်လွန်းတဲ့ အရှိန်နဲ့ ပြေးလွှားမောင်းနှင်တာကို ခံနိုင်ရည်ရှိသွားလို့ ဒီလောက်မြန်တာကတော့ အေးဆေးပါကွာ လို့ ဆိုသူတွေအတွက် ဒီဟာလေးကရော ဘယ်လိုလဲ။

DODONPA ဆိုတဲ့ ကမ္ဘာ့အံ့သြတုန်လှုပ်ဖွယ်ရာ အကောင်းဆုံး ရိုလာကိုစတာပါ။

 

စတင်မောင်းနှင်ချိန် ၁.၅၆ စက္ကန့်အတွင်းမှာပဲ အမြန်နှုန်းကို ၁၈၀ ကီလိုမီတာ အထိ မြှင့်တင်ထားတဲ့ မြန်နှုန်းမြင့်ရိုလာကိုစတာလေး လာပါပြီ။

မြန်ချက်ကတော့ ကမ္ဘာ့နံပါတ်တစ်ပါပဲတဲ့။
မြန်နှုန်းမြှင့်ထားတဲ့ အချိန်ခန္ဓာကိုယ်ပေါ်မှာ ကျရောက်မယ့် G ကတော့ 3.75 G ဖြစ်ပါတယ်။
သူဟာဘယ်လောက်ထိ မြန်သလဲဆိုရင် စျေးကွက်ထဲမှာရှိတဲ့ Ferrari နဲ့ Lamborghini လိုမျိုး အရှိန်ပြင်းလွန်းတဲ့ ပြိုင်ကားတွေရဲ့ အရှိန်ကို မြှင့်တင်မယ်ဆိုရင် ၁.၂ ~၁.၃ G လောက် နဲ့ညီမျှပါလိမ့်မယ်။

ကားပြိုင်ပွဲတွေရဲ့ အမြင့်ဆုံးစံချိန် ဖြစ်တဲ့ F1 ဆိုရင် ၄~၅ G ပါ။

ဖြစ်နိုင်ပါ့မလား။ ဒီရိုလာကိုစတာက F1 နီးပါး မြန်နေပါရောလား။

ဒီဟာက စီးတဲ့လူကို သေစေနိုင်လောက်တယ်ဆိုရင် ပိုပြောသလိုဖြစ်ကောင်းဖြစ်ပေမယ့် အနည်းဆုံးတော့ သတိလစ်စေနိုင်လောက်တဲ့ ကစားနည်းတစ်မျိုးပါပဲ။ဒီအမြန်နှုန်းနဲ့ဆိုတော့ သတိလစ်တာဟာ မထူးဆန်းပါဘူး။
ရိုလာကိုစတာကြီး တည်ရှိရာနေရာကတော့ ရှိဇုအိုခ ခရိုင်ရဲ့ ဖူဂျီခယူး လို့ခေါ်တဲ့ တောင်ပေါ်ဒေသလေး ဖြစ်ပါတယ်။
ဒီနေရာဟာ အဲဒီ ရိုလာကိုစတာနဲ့ ကြောက်စရာကောင်းတဲ့အိမ်ကြီး ကြောင့် ဂျပန်မှာတော်တော်လေး နာမည်ကြီးတဲ့ ကစားကွင်းတစ်ခုဖြစ်ပါတယ်။

စာဖတ်သူရော ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာကို စီးရင်းနဲ့ ဖူဂျီတောင်ကိုကြည့်ရတဲ့ အရသာကို စိတ်လှုပ်ရှားခံစားဖို့ အဆင်သင့်ဖြစ်ပြီလား။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: