ပါရမီရှင်အထက်တန်းကျောင်းသားလေး လက်နဲ့လုပ်ခဲ့တဲ့ PC

ဂျပန်ရဲ့အထက်တန်းကျောင်းတွေက စာသင်ဖို့ရာအတွက်မလိုအပ်တဲ့ပစ္စည်းတွေကို ယူဆောင်လာတာကို တားမြစ်ထားတာတွေ များပါတယ်။
ထုံးစံအတိုင်း PC ကလည်းတားမြစ်တဲ့ထဲ ပါတာပေါ့ ။

ဒါပေမယ့် စာသင်တဲ့အခါမှာသုံးရမယ့် လျှစ်စစ်အဘိဓာန်ကတော့ OK ပါတယ်။
ဘယ်လိုပဲနေနေကျောင်းကို PC ယူလာချင်တဲ့ အထက်တန်းကျောင်းသားကတော့ ကိုယ့်ဘာသာ Windows10 ထည့်ထားတဲ့ လျှစ်စစ်အဘိဓာန်ကို ပြုလုပ်ကြပါတယ်။
လျှစ်စစ်အဘိဓာန်နဲ့ PC ရဲ့ကွာခြားချက်ကတော့အရွယ်အစားကြီးတာပါပဲ။
လျှစ်စစ်အဘိဓာန်ကတော့ နည်းနည်းသေးတဲ့ဘက်ပါပါတယ်။
အပြည့်အစုံကတော့ ဒီမှာပါ။

အပေါ်အောက်နှစ်ဘက်လုံး touch panel ဖြစ်နေပြီး တော့ အောက်က touch panel က keyboard အနေနဲ့ရော ဖြစ်လာပါလိမ့်မယ်။
တွင်ကျယ်လာတဲ့ လျှစ်စစ်အဘိဓာန်ကိစ္စကို လမ်းကြောင်းလွဲမလား လို့စဉ်းစားလိုက်ရင် ဒီအထက်တန်းကျောင်းသားကိစ္စရော အခြေခံရော အားလုံးက အဓိကအကြောင်း‌ပဲ ဖြစ်နေတယ် ။
ဒီကွန်ပျူတာနဲ့ ဆက်စပ်သုံးနိုင်ဖို့အတွက် အရင်ဆုံး 3D CAD နဲ့ အစိတ်အပိုင်းတွေကို ဒီဇိုင်းဆွဲတာတို့ လျှစ်စီးပတ်လမ်းရဲ့ အခြေခံထိကို စတင်လေ့လာခဲ့ကြတဲ့ပုံပါပဲ။

မိုက်ခရိုဖုန်းနဲ့ လက်ဗွေရာစနစ် စတာတွေ လိုအပ်တဲ့စက်စွမ်းရည်တွေကို စဉ်းစားပြီးအဲ့ဒါတွေကို စကားထာလိုမျိုး တပ်ဆင်ဖို့ သတ်မှတ်ခဲ့ကြပါတယ်။
ပြီးတော့ လျှပ်စစ်အဘိဓာန်ရဲ့ ကိုယ်ထည်က 3D ပရင်တာနဲ့ ထုတ်ထားပြီးတော့ အလွှာလိုက် တပ်ဆင်ထားပါတယ်။
ပြုလုပ်ပုံအဆင့်တွေကို ဗီဒီယိုနဲ့ အောက်ကလင့်မှာ ကြည့်နိုင်ပါတယ် ။
http://nico.ms/sm32896358

ဘာကြောင့်များ အဲ့လောက်ထိတောင်လုပ်ပြီး PC ကိုကျောင်းကို ယူသွားချင်ရတာလဲ?

နားတဲ့အချိန်မှာ AI တိုးတက်အောင်လုပ်ချင်တာကြောင့် လို့ဆိုပါတယ်။
PC ယူလာတာကိုတားမြစ်တာရော စည်းမျဉ်းအရ ပြုလုပ်ထားတဲ့ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ‌ရော တားမြစ်ထားပေမယ့် ဒီလောက်အထိ လေးလေးနက်နက် လုပ်နေမှတော့ ကွန်ပျူတာကိုယူဖို့ ခွင့်ပြုပေးသင့်တယ်လို့တွေးမိတာ ကိုယ်တစ်ယောက်တည်းများလား။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: