ဂျပန်လူမျိုးတွေရဲ့ စိတ်ကူးကောင်းလေးများ

သာမန်ကိစ္စလေးကိုတောင် နည်းနည်းလေးဖြစ်ဖြစ် အဆန်းထွင်လိုက်ရမှ ကျေနပ်တတ်တဲ့ ဂျပန်လူမျိုးတွေပါ။

ပိုပြီးအဆင်ပြေအောင်၊ ပိုပြီးကောင်းမွန်အောင် ရည်ရွယ်ပြီး အသေးအဖွဲလေးတွေကအစ တီထွင်ကြံဆမှုတွေလုပ်လေ့ရှိတဲ့ ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ်ရောက်လာတဲ့ အမေရိကန်လူမျိုးသတင်းထောက်တစ်ဦးကတော့ သူအံ့အားသင့်ခဲ့ရတဲ့အကြောင်းတွေကို ထုတ်ဖော်ချီးကျူးသွားပါတယ်။

သင်ဆိုရင်ရော အံ့သြသွားမလား။

အို ခရီးဆောင်သေတ္တာတွေကို အရောင်အလိုက်တန်းစီထားတာပါလား…..

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

ပုံမှန်ဆိုရင် လေဆိပ်ကဆုံလည်စင်ပေါ်မှာ လည်နေတဲ့ ခရီးဆောင်သေတ္တာတွေထဲကနေ ကိုယ့်ရဲ့သေတ္တာကိုရှာဖို့ခက်ခဲပေမယ့် အရောင်အလိုက်စုထားလိုက်တော့ ရှာလို့လွယ်သွားတာပေါ့နော် ….

 

သန့်စင်ခန်းထဲကအသံကို အပြင်က မကြားရအောင်လုပ်ပေးတဲ့ ဂီတသံဆိုပဲ

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

သန့်စင်ခန်းထဲမှာ ကိုယ်တစ်ယောက်တည်းဆိုပြီး စိတ်လွတ်ကိုယ်လွတ် တစ်ခုခုလုပ်လိုက်လို့ အသံထွက်သွားချိန် မတော်လို့များ ဘေးအခန်းကိုလူဝင်လာခဲ့ရင် ရှက်စရာကြီးနော်။

ဒါပေမယ့် ဒီခလုတ်ကိုနှိပ်လိုက်ရင် ထွက်လာတဲ့ဂီတသံတွေက တခြားအသံတွေကို ဖုံးလွှမ်းသွားမှာဆိုတော့ တော်ပါသေးရဲ့။

 

လက်ကိုင်ကွင်းလေးနဲ့ ပီဇာဘူး

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ခေါက်လိုက်ရင် လက်ကိုက်ကွင်းပါတဲ့ဘူးလေးဖြစ်သွားတော့ အဆင်ပြေတာပေါ့။

 

ဖြည်းဖြည်းမောင်းပါ ခလုတ်

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

ဒီခလုတ်လေးကို တက္ကစီတွေမှာ သုံးပါတယ်။ ခရီးသည်က ကားအမြန်မမောင်းစေချင်တဲ့အခါမှာ ဒီခလုတ်ကို နှိပ်လိုက်ရင် ယာဉ်မောင်းသူက အရှိန်ကို လျှော့ပေးမှာဆိုတော့ OK တယ်လေ။

 

ပီကေဘူးထဲကစက္ကူ

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

၀ါးပြီးသားပီကေကို လွှင့်ပစ်ဖို့အတွက် ထည့်ပေးထားတာပါ။

 

ရေစိုသွားရင် အဆင်ဒီဇိုင်းလှလှလေးတွေ ပေါ်လာမယ့်ထီး

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ဒီထီလေးနဲ့ဆို စိတ်အားငယ်စရာ မိုးမှောင်တဲ့နေ့တွေမှာလည်း အလန်းဖြစ်သွားမှာနော်

 

ရေငွေ့မရိုက်တဲ့မှန်

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

အနောက်ဘက်က Heater ကြောင့်နွေးထွေးနေပြီး ရေချိုးခန်းထဲမှန်ကလည်း ရေနွေးငွေ့တွေကြောင့်မှုန်၀ါးမနေတော့ ရေချိုးရင်း မှန်ကြည့်လို့ရတာပေါ့။

 

ကလေးထိုင်ခုံပါတဲ့ သန့်စင်ခန်း

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

ကလေးငယ်တွေပါရင်တော့ ဒီလောက်အဆင်ပြေတဲ့ သန့်စင်ခန်းမရှိလောက်ဘူးနော်။

ကိုယ့်အိမ်မှာထက်တောင် အဆင်ပြေနေသေးတယ်။

 

 

လျှပ်ကူးမှုကာကွယ်တဲ့ကပ်ခွာပြား

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ဆောင်းရာသီရဲ့ခြောက်သွေ့တဲ့လေထုက လျှပ်ကူးမှုကိုဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် စတစ်ကာလေးပါ။

 

ဓာတ်လှေကားထဲက မိုးလေဝသကြိုတင်သတင်း

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

အပြင်မထွက်ခင်မှာ မိုးလေဝသကို ကြိုသိနိုင်တော့ ပြင်စရာရှိတာပြင်လို့ရတာပေါ့။

 

ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာစေမယ့် လှေကား

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ကယ်လိုရီလောင်ကျွမ်းမှုကို ဖော်ပြထားခြင်းအားဖြင့် ကြိုးစားလိုက်မယ်ဆိုတဲ့ စိတ်တွေဖြစ်ပေါ်လာစေပါတယ်။

 

တစ်ချက်ကြည့်ရုံနဲ့ လူမရှိတဲ့သန့်စင်ခန်းကို သိနိုင်တယ်။

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ဂျပန်လူမျိုးတွေဟာ သန့်စင်ခန်းနဲ့ပတ်သက်ရင် တကယ့်ကိုပုံကြီးချဲ့လွန်းတယ်။

 

အနိမ့်အမြင့် ချိန်ညှိလို့ရတဲ့ အချက်ပေးဥသြ

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

အဝေးကနေလည်း ကောင်းကောင်းမြင်ရတယ်နော်။

 

အပြင်ကရှုခင်းတွေကို ကောင်းကောင်းမြင်ရတဲ့ ရထား

https://www.buzzfeed.com/jp/stephenlaconte/cool-things-japan-has-america-needs-1

 

ရှုခင်းကောင်းတဲ့နေရာတွေကို ဖြတ်မောင်းသွားတဲ့အခါဆိုရင် အပြင်ဘက်ကို ကြည့်ချင်ကြမှာပေါ့နော်။

 

ကဲ၊ မိတ်ဆွေတို့ရော ဘယ်လိုသဘောရလဲ။

အသေးအဖွဲလေးတွေကအစ ကောင်းအောင်တီထွင်ကြံဆခြင်းက အခုခေတ်ဂျပန်နိုင်ငံကို ပိုမိုတိုးတက်စေပါတယ်။

စာရေးသူအနေနဲ့ အထူးသဖြင့် သန့်စင်ခန်းတွေနဲ့ပတ်သက်တဲ့ စိတ်ကူးစိတ်သန်းက စိတ်ဝင်စားစရာကောင်းပေမယ့် မြန်မာနိုင်ငံမှာဆိုရင်ရော ဘယ်လိုမျိုးလေးတွေကို ထည့်သွင်းကျင့်သုံးရင်ကောင်းမလဲ ဆိုတာအကြံပေးပါဦးနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: