Gosurori ဟိနအရုပ်

၃ လပိုင်း ၃ရက်နေ့ဟာ ဂျပန်နိုင်ငံရဲ့ ひな祭り ဟိနမစုရိဆိုတဲ့ ပွဲတော်နေ့ပဲဖြစ်ပါတယ်။

မိန်းကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့အတွက် ဟိနအရုပ် လို့ခေါ်တဲ့ အရုပ်တွေကိုပြုလုပ်ပြီး ဂုဏ်ပြုပေးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းကနေ ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။

ဒီလို ဟိနအရုပ်တွေကို ပုံစံအသစ်အသစ်တွေနဲ့ ပြုလုပ်ပြီး အကြောင်းအရာတစ်ခုအနေနဲ့ဖြစ်လာခဲ့တဲ့ တစ်နှစ်မှာ

後藤由香子さん ‌ဂေါ့တိုးရူကခိုစံ လို့ခေါ်တဲ့ ဒီမိန်းကလေးဖြစ်ပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

ဟိနအရုပ်တွေရဲ့ သမာရိုးကျပုံစံက ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

ကြီးတယ်ဆိုရင်တော့ ဒီလိုပုံစံအဆင့်လေးတွေနဲ့ ထားပါတယ်။

https://www.pinterest.com/pin/334181234822342525/

ဒါကြောင့်အလှဆင်ဖို့နေရာလည်း သေချာပေါက်လိုတဲ့အတွက်ကြောင့် လက်ရှိမှာတော့ ဒီလိုပုံစံမျိုးတွေများနေပါတယ်။

http://ningyo-tokunaga.co.jp/hina.html

 

အပေါ်ဆုံးအဆင့်မှာထားတဲ့ အရုပ်တွေဖြစ်ပါတယ်။

ဒီလိုရှေးရိုးရာဒီဇိုင်းတွေက နှစ်ပေါင်း ၁၀၀၀ လောက်ရှိနေပြီး ထွေထွေထူးထူး ပြောင်းလဲသွားတာတော့မရှိပါဘူး။

အဲ့ဒီမှာ ဂေါ့တိုးစံက ဒီဇိုင်းအသစ်အဆန်းတွေကို ထည့်သွင်းခဲ့ပါတယ်။

ゴスロリ Gosurori ဆိုတဲ့ စကားလုံးကို သိပါသလား?

Gothic နဲ့ Lolita ဆိုတဲ့ စကားလုံးဖြစ်ပြီး မိန်းကလေးတွေဖက်ရှင်မှာအသုံးပြုထားတဲ့ဖက်ရှင်ကို အသုံးပြုထားတဲ့ ဟိနအရုပ်က ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

အဖြူအမဲကို အခြေခံပြီးအသုံးပြုထားတဲ့  Gosurori ဖက်ရှင်နဲ့ ကမ္ဘာပေါ်ကို ချပြလျက်ရှိပါတယ်။

ဟိနအရုပ်လောက ဆိုတာလည်း ကျန်ရှိနေပါသေးတယ်။

ဒီလိုထင်ပေါ်တဲ့ ဒီဇိုင်းကို Twitter တင်လိုက်တဲ့အခါမှာ 50,000 ကျော်စံချိန်ချိုးခဲ့ပြီးချက်ချင်းဆိုသလို နာမည်ကြီးသွားပါတယ်။

နောက်တစ်ခုကိုလည်းဆက်ပြီးတော့ ထုတ်ပြခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

တောထဲမှာ ကျင်းပတဲ့မင်္ဂလာပွဲလို့နာမည်ပေးထားတဲ့ အရုပ်ကလေးတွေမှာ ယောကျ်ားလေးရဲ့ လက်ထဲမှာ လက်ထပ်လက်စွပ်နှစ်ကွင်းကို လက်ထပ်လက်စွပ်ခေါင်းအုံးလေးနဲ့ ကိုင်ထားပြီး မိန်းကလေးရဲ့ လက်ထဲမှာ ငှက်ငယ်လေးကို ကိုင်ထားပါတယ်။

တခြားပုံစံနဲ့ သူမပြုလုပ်ထားတဲ့ အရုပ်အမျိုးအစားပေါင်း ၃၀၀ ကျော်ရှိပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

ဘယ်အရုပ်တွေပဲဖြစ်ဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ လောက်ကတည်းက ရှိခဲ့တဲ့ ရှေးရိုးရာပုံစံနဲ့ပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒီလို အရည်အချင်းရှိတဲ့ ဂေါ့တိုးစံဟာ ရောဂါကြောင့် ရုတ်တရက် လဲကျခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သားအိမ်ခေါင်းကင်ဆာ နောက်ဆုံးအဆင့်ဆိုတာကို သိခဲ့ရပါတယ်။

ဒါတောင်မှ သူမဟာ အလုပ်ကိုဆက်ပြီး လုပ်နေခဲ့ပါသေးတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

နေမကောင်းဖြစ်တာက ၂ လလောက်ကြာခဲ့ပါတယ်။

သူဟာ တောင်းဆိုထားတဲ့အရုပ်လေးတွေကို ပြီးဆုံးအောင်လုပ်ရင်း တိတ်တဆိတ်အသက်ထွက်သွားခဲ့ပါတယ်။

အသက် ၄၉ နှစ်မှာဖြစ်ပါတယ်။

သူ့ရဲ့အိမ်က မျိုးဆက် ၃ ဆက်လောက်ဆက်ပြီးတော့ အရုပ်ပြုလုပ်တဲ့ ကုမ္ပဏီကို တည်ထောင်ထားပါတယ်။

အဖိုးရဲ့ အရုပ်လုပ်တဲ့ နည်းပညာကို အမြဲတမ်းကြည့်လာခဲ့တဲ့ ဂေါ့တိုစံက ဘွဲ့ရပြီးတဲ့အခါမှာ တီဗွီအစီအစဥ်ရဲ့ အစီအစဥ်တင်ဆက်သူဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူမက အရုပ်ဖန်တီးတာကို မမေ့လျော့နိုင်ခဲ့ဘဲ တီဗီအစီအစဥ်ကနေထွက်ခဲ့တဲ့အထိ အရုပ်ဖန်တီးတဲ့အပေါ်မှာ သံယောဇဥ်ကြီးခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ယခုလက်ရှိ မွေးဖွားမှုနှုန်းကျဆင်နေတာဖြစ်ပါတယ်။

ကလေးတွေ နည်းသွားတဲ့အခါမှာ ဟိနအရုပ်ကို မှာယူတဲ့သူတွေလည်း နည်းသွားပါလိမ့်မယ်။

နောက်ပြီးတော့ တိုက်ခန်းတွေမှာ ဟိနအရုပ်တွေကို စုပုံထားတဲ့နေရာတွေအတွက်လည်း အခက်အခဲတွေရှိလာနိုင်ပါတယ်။

ဟိနအရုပ်တွေရဲ့ ရောင်းအားတွေလုံးဝကျသွားမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ဟိနအရုပ်လေးတွေကျန်ရှိဖို့အတွက် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ‌ဂေါ့တိုးစံက စပြီးရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

တကယ်တော့ ဟိနအရုပ်တွေရဲ့ အစိတ်အပိုင်းတွေကို ပြုလုပ်တဲ့ပုံက ကွဲပြားပါတယ်။

မျက်နှာကို ပြုလုပ်တဲ့သူ၊ အဝတ်ကိုပြုလုပ်တဲ့သူ၊ အဆင်တန်ဆာတွေကို ပြုလုပ်တဲ့သူ စသဖြင့်အမျိုးမျိုးရှိပါတယ်။

အရုပ်တွေကို ပြုလုပ်တဲ့သူ အယောက် ၅၀ လောက်တောင်လိုအပ်တဲ့အလုပ်ဖြစ်ပါတယ်။

ဂေါ့တိုးစံဟာအစတုန်းကတော့ အကုန်လုံးကို ကိုယ်တိုင်လုပ်နိုင်ဖို့ အရုပ်တွေကိုစပြီးလုပ်ခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?device=smartphone

အဲ့ဒီနောက်မှာမှ ပထမဦးဆုံးအရုပ်ကို ပြုလုပ်ခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=3

 

အခုချိန်ထိ ပြုလုပ်နေကြတဲ့ အရုပ်လေးတွေဖြစ်ပါတယ်။

အဲ့ဒီအရုပ်အတွက်ကို ဘယ်သူမှမကူညီပေးခဲ့ပါဘူး။

‌ဂေါ့တိုးစံက ကိုယ်တိုင်လုပ်နိုင်သမျှကို ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး မီလီမီတာကိုအသုံးပြုကာ ဒီဇိုင်းရေးဆွဲပြီး လက်သမားတွေကို ဖျောင်းဖျပေးခဲ့ပါတယ်။

အဖြူရောင်ဝတ်စုံတွေက ဂျပန်နိုင်ငံမှာဆိုရင် အသုဘတွေမှာ ဝတ်ဆင်ကြတာဖြစ်ပါတယ်။

အတိတ်နိမိတ်မကောင်းတာများတဲ့အရုပ်ကို လက်မှုပညာသည်တွေက ဆန့်ကျင်ခဲ့တာကြောင့် သူမက အလျင်စလိုရှင်းပြခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=3

နောက်ပြီးတော့ သူမရဲ့ အရုပ်တွေက နိုင်ငံခြားမှာလည်း အာရုံစူးစိုက်မှုတွေလည်းရရှိလာခဲ့ပြီး အီတလီနိုင်ငံရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်နဲ့ရှိခဲ့ပြီး နန်းတော်ထဲမှာ စီရင်ပြသခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=3

နောက်ပြီးတော့ သူမရဲ့ အရုပ်တွေက နိုင်ငံခြားမှာလည်း အာရုံစူးစိုက်မှုတွေလည်းရရှိလာခဲ့ပြီး အီတလီနိုင်ငံရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်နဲ့ရှိခဲ့ပြီး နန်းတော်ထဲမှာ စီရင်ပြသခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=3

ဒီလိုတော်တဲ့ ဂေါ့တိုစံဆီမှာ သားသမီးမရှိခဲ့ပါဘူး။

လက်ထပ်ခဲ့ပေမယ့်လည်း သားသမီးတစ်ယောက်မှ မထွန်းကားခဲ့တာဖြစ်ပါတယ်။

ပြုလုပ်ခဲ့တဲ့ အရုပ်လေးတွေကို ကိုယ်ရဲ့ကလေးလို့တွေးခဲ့တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒီလိုအခက်အခဲတွေကြားထဲကနေ ပြုလုပ်ခဲ့တယ်လို့ ဒန်းနစံက ပြောကြားခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=4

 

အဲ့ဒီနောက်မှာ နာမည်ကြီးလာခဲ့တဲ့ နှစ်တစ်ထောင်ကျော်ရိုးရာ ဟိနအရုပ်က ကမ္ဘာပေါ်မှာ ရှင်သန်လာခဲ့တဲ့ဆုကျေးဇူးတွေကိုရရှိခဲ့ပါတယ်။

http://crea.bunshun.jp/articles/-/21998?page=5

ဂေ့ါတိုစံက တခြားသူတွေထက် အရမ်းကိုတော်ခဲ့ပါတယ်။

သူမပြုလုပ်ခဲ့တဲ့ ဂျပန်ရိုးရာအသစ်က ဒီထက်ပိုပြီး ကမ္ဘာပေါ်မှာရှင်သန်နိုင်မယ်လို့ထင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အရုပ်လေးတွေက ကမ္ဘာပေါ်ကလူတွေလက်ခံလာပြီး ကမ္ဘာအတိုင်းအတာနဲ့ ကျယ်ပြန့်လာမလားဆိုတာကိုတွေးရင်း ကြည်နူးမိပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: