၂ မိနစ်လေးနောက်ကျရုံနဲ့ ၅ နာရီလောက်ရပ်ဆိုင်းခဲ့ရ
ဂျပန်နိုင်ငံရဲ့ လွှတ်တော်မှာ ပြဿနာအကြီးကြီးတက်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်ရဲ့ အိုလံပစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးညီလာခံအစည်းအဝေးမှာ ဆွေးနွေးဖို့အတွက် တာဝန်ခံ ဆာကူရာဓ ဝန်ကြီးချုပ်က ၂ မိနစ်နောက်ကျခဲ့ပါတယ်။
ဟုတ်ပါတယ်။ လုံးဝကိုနောက်ကျလို့မရပါဘူး။ ဒါကိုနားလည်ပေးလို့ရပါတယ်။
ဒါပေမယ့် ၂ မိနစ်လေးနောက်ကျခဲ့တာကို ပြဿနာရှာတဲ့သူတွေက ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ညီလာခံလည်း ရပ်တံ့သွားခဲ့ပါတယ်။
ဂျပန်နိုင်ငံက ပါတီတွေအများအပြားရှိတဲ့နိုင်ငံဖြစ်တာကြောင့် လတ်တလောမှာ တိုင်းပြည်နိုင်ငံရေးကို ကိုယ်စားပြုတဲ့ အစိုးရနဲ့ အတိုက်အခံလုပ်တဲ့ပါတီဝင်တွေနဲ့ဖွဲ့စည်းထားပါတယ်။
အစိုးရနေရာကို ဝင်လုချင်ကြတဲ့သူတွေက အစိုးရရဲ့ပြဿနာကို ဝေဖန်ကြတဲ့အခါမှာ သူတို့ရဲ့ ဂုဏ်သတင်းတွေ ကျဆင်းခဲ့ပါတယ်။
နောက်ကျခဲ့တဲ့ ဆာကူရာဓဝန်ကြီးချုပ်ကို ဆန့်ကျင်ပြီး
အချိန် ၁ မိနစ်ထက်ကျော်သွားပြီ !
မရဘူးလေ ။ ဆာကူရာဓဝန်ကြီးချုပ် ၊ ဘယ်လိုလုပ်လိုက်တာလဲ !
ဆိုပြီးတော့ အထွန့်တက်ပြီး တမင်သက်သက် ၅ နာရီတောင်ရပ်ဆိုင်းခဲ့ကြပါတယ်။
ဆာကူရာဓဝန်ကြီးချုပ်က လည်း မိမိနောက်ကျခဲ့တဲ့အတွက် တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဆန့်ကျင်တဲ့ပါတီဝင်တွေက ဆက်ပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။
တကယ်ဆိုရင် အဲ့ဒီလူတွေအားလုံးက ပုံမှန်အတိုင်း အရမ်းများတဲ့ငွေပမာဏကို လစာအနေနဲ့ ရရှိကြပါတယ်။
လွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်းမှာ လွှတ်တော်မှာအလုပ်လုပ်နေတဲ့ သူတွေအားလုံးကို လုံလောက်တဲ့လစာကို ပေးရပါတယ်။
ဒါကြောင့် ဒီပြဿနာက ပိုပြီးကြာသွားရင် အချိန်ပိုကြေးကို သေချာပေါက်ပေးရတော့မှာဖြစ်ပါတယ်။
နောက်ကျတာ မကောင်းဘူးဆိုတာကို နားလည်ပေမယ့် ၂ မိနစ်လေးနောက်ကျတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ၅ နာရီတောင်အချိန်ဆွဲတာက ပြည်သူတွေရဲ့ အခွန်တွေကို မလိုအပ်ဘဲ အသုံးပြုလိုက်တဲ့သူတွေက မှန်ကန်တဲ့ နိုင်ငံရေးသမားကောင်းတွေလို့ထင်ပါသလား ?
ဂျပန်နိုင်ငံပါတီအဖွဲ့ဝင်တွေရဲ့ ဂုဏ်သတင်းတွေကျဆင်းခဲ့ပြီး ပြည်သူတွေရဲ့ လျစ်လျူရှု့ခြင်းကိုခံခဲ့ရပါတယ်။
အနည်းငယ်အပြုသဘောဆောင်တဲ့ အစည်းအဝေးလေးကျင်းပပြီး ပြည်သူတွေကြားမှာ ထင်ပေါ်ကျော်ကြားမှုကို ရယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး…..