ဂျပန်မှာ ဘုရားကျောင်းစတည်ရင် ဘယ်လိုလုပ်ရမလဲ? ?

ဘယ်လိုလုပ်ရင် ဘုရားကျောင်းကို ဖွင့်လှစ်နိုင်မလဲ ? ?
ဘုရားကျောင်းကို ဆောက်လုပ်ကြစို့ ! ဆိုတဲ့ သူတွေက သိပ်မရှိရယ် ကောင်းကောင်းနားမလည်တာရယ် ပြီးတော့ စားနိုင်လား ? ဆိုတာကို နည်းနည်းလေး စိတ်မဝင်စားလား ?
ဆိုင်းတမ ( Saitama ) စီရင်စု ခိုရှိဂရ (Koshigaya) မှာ ဂန်းမြောဂျိ 源妙寺 ဆိုတဲ့ ဘုရားကျောင်းကို အသက် ၂၈ အရွယ်ရှိတဲ့ ဘုန်းကြီးတစ်ပါးက တည်ထောင်ထားပါတယ်။


https://www.excite.co.jp/News/economy_clm/20180821/President_25937.html

ဝတနဘဲ စံ က သာမာန်လစားအလုပ်သမား အိမ်ကနေ မွေးဖွားလာပြီးတော့ ၁၅ နှစ်မှာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ ပါတယ်။
အစပိုင်းမှာတော့ တခြားသူက စီမံ အုပ်ချုပ်တဲ့ ဘုရားကျောင်းဖြစ်ပြီး အလယ်တန်းတုန်းကအတန်းဖော်ရဲ့ အဖေ ဖြစ်သူရဲ့ ဘုရားကျောင်း ဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၈ နှစ်မှာ ပြည်ထောင်စု ချေးငွေ ကို ချေးယူပြီး မြေကွက်ဝယ်ပြီး ကိုယ်ပိုင် ဘုရားကျောင်း ကို ဆောက်လုပ်ခဲ့ပါတယ်။

အရင်ဦးဆုံး ဘုရားကျောင်း စဖွင့် တာနဲ့ ထောက်ပံ့ကြေး တွေရရှိတဲ့ ပုံပါပဲ။
ဂိုဏ်တစ်ခုစီအတွက် ထောက်ပံ့ငွေပြင်ဆင်နေတဲ့အခါမှာ သူဖွင့်လှစ်ခဲ့တဲ့ ခိုရှိဂယ (越谷市)က လူဦးရေတိုးပွားလျက်ရှိပြီး ဘုရားကျောင်းတွေလည်းများတာကြောင့် သူ့ရဲ့ ဘုရားကျောင်းဘာသာဝင်တွေ နည်းတယ်ဆိုတဲ့ နေရာမှာ ဘာသာဝင်တွေကို ကျေးဇူးတင်ဖို့ ဖြစ်လာပါတယ်။

နောက်တစ်ခုက ၃-၄နှစ်အတွင်း လတိုင်းအလှူငွေ ယန်း ၂ သိန်းလောက်ရရှိပါတယ်။

သူက ပထမဦးဆုံး အဲ့ဒီ အကြောင်းအရာတွေကိုစုဆောင်းပြီးတော့ ဘုရားကျောင်ကို ဆောက်နိုင်မလားဆိုတာကို တွက်ချက်ခဲ့ပါတယ်။
ပထမဦးဆုံး သူလုပ်ခဲ့တာက တော့ မြေကွက်ဝယ်တာပဲဖြစ်ပါတယ်။
အဲ့ဒီရဲ့ ထောက်ပံ့ကြေးနဲ့ ကိုယ်ပိုင်စုငွေကို အသုံးပြုပြီး ဝယ်ယူနိုင်ခဲ့ပေမယ့် အခန်းဆောက်လုပ်ဖို့ အတွက်တော့ မလုံလောက်ခဲ့ပါဘူး။

ဘဏ်မှာဆွေးနွေးဖို့အတွက် ဘဏ် ၂၀ ကိုဖော်ပြခဲ့ပါတယ်။
အဲ့ဒီထဲက တစ်ခုက ၄လ အကျော်မှာ စစ်ဆေးပြီး ချေးငွေအတွက်ထောက်ခံ ခဲ့ ပါတယ်။

သို့သော်လည်း ချေးယူနိုင်ခဲ့ပေမယ့် ချေးငွေက အကန့်သတ်ရှိတာကြောင့် သေးငယ်ပြီး အိမ်ပုံစံ နဲ့တူတဲ့ ဘုရားကျောင်းကို ဆောက်လုပ်ခဲ့ပါတယ်။


https://www.excite.co.jp/News/economy_clm/20180821/President_25937.html

ယခု အသက်၄၀ ကျော် ပုဂ္ဂိုလ်တွေကလာရောက်ကြပါတယ်။
ကျွန်တော်တို့ရဲ့ ဆွေးနွေးတိုင်ပင်မှုကလည်း အရေးကြီးတဲ့ ဝင်ငွေအရင်းမြစ်ပဲဖြစ်ပါတယ်။

ဘုရားကျောင်းကို ခိုင်မာတဲ့ ဆွေမျိုးတွေရဲ့ အိမ်ကို အသင်းသားလို့ ခေါ်ပေမယ့် အဲ့ဒါကလည်း ဝင်ငွေရဲ့ အရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်။
နောက်ထပ် ဂျပန်က လူဦးရေကျဆင်းနေတဲ့ နိုင်ငံဖြစ်ပါတယ်။
နောက်ပြီးတော့ လူငယ်တွေက ဘုရားကျောင်းတက်ရောက်တာ အားနည်းလာပါတယ်။

ဘုရားကျောင်းရဲ့ အမျိုးမျိုးမွမ်းမံ ပြင်ဆင်ရေးတွေလည်းမလုပ်လို့မရပါဘူး။
ဘုရားကျောင်းရဲ့ ဟောခန်းကျယ်ကို dance hall ဆိုပြီး အသုံးပြုတဲ့ နေရာလည်းရှိပါတယ်။


https://www.excite.co.jp/News/economy_clm/20180821/President_25937.html

ဝတနဘဲစံ က လက်ရှိ ၃၁ နှစ်ရှိပါပြီ။
လူငယ်တွေဘုရားကျောင်း ကို ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို စောင့်မျှော်မိပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: