နှင်းဝေတဲ့ဆောင်းမှာ နှင်းရုပ်ထုတွေလုပ်ကြမယ်

ချမ်းအေးလွန်းတဲ့ဂျပန်ရဲ့ဆောင်း . . .နေရာဒေသအလိုက်မတူကွဲပြားတာတွေရှိပေမယ့် ဆောင်းရာသီလို့ဆိုလိုက်ရင်“နှင်း”ကိုပြေးမြင်ကြမှာပါ။ ကလေးဘဝတုန်းကနှင်းကျရင်ပျော်ခဲ့ပေမယ့် အခုတာ့နှင်းတွေကျနေလည်းအလုပ်မသွားလို့မဖြစ်တဲ့လူကြီးတွေအတွက်ကတော့“နှင်း”ဆိုတာ စိတ်ပျက်စေတဲ့အရာကလွဲပြီးမရှိပါဘူး။

https://mainichi.jp/articles/20180123/ddm/001/040/171000c

အေးကလည်းအေး၊ နှင်းတွေကဆက်တိုက်ကျလို့ အရည်ပျော်ပြီးခဲကုန်၊ရေတွေခဲကုန်လို့ချောနေတဲ့လမ်းတွေကြောင့်အန္တရာယ်ကများ၊ အဲဒီအပြင်ကိုရထားကလည်းနောက်ကျဆိုတော့စိတ်ညစ်စရာကြီးပေါ့။

ဒါပေမယ့် ဒီလိုနှင်းရုပ်လူသား (SnowMan) ကိုတွေ့လိုက်မယ်ဆိုရင် နည်းနည်းတော့ ဆီးနှင်းတွေကိုသဘောကျမိသွားမှာပါ။

ဆောင်းတွင်းတစ်ခုလုံး ကြိုးစားပြီးပြုလုပ်ထားတဲ့ SnowMan တွေကိုကြည့်လိုက်ပါဦးနော်။

 

千と千尋の神隠し (Spirited Away) Animation ထဲက  カオナシ (Kaonashi)

 

https://twitter.com/YABUKOGI_LIFE/status/1213746589212086273?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1213746589212086273&ref_url=https%3A%2F%2Fcurazy.com%2Farchives%2F294365

မနက်အစောကြီးပေါ့၊ အမေအဲဒါကိုမြင်ပြီးထအော်တာ သူပါလန့်နိုးသွားတယ်တဲ့။ အိမ်ထဲကိုချောင်းကြည့်နေတာနော် ကြောက်စရာကြီး။ (ဘာသာပြန်နေတဲ့ကိုယ့်အတွက်ကတော့ချစ်ဖို့ကောင်းတယ်လို့ထင်တာပဲ Spirited Away အရမ်းကြိုက်လို့လေ။ ဟီး)

 

အသစ်တစ်ဖန် ပီကာကျူး Pikachu ?

 

https://curazy.com/archives/294365

မဟုတ်သေးပါဘူး၊ဒီလိုကြမ်းတမ်းတဲ့ ပီကာကျူးမမြင်ဖူးပါဘူး။

 

တွင်းတူးထားတာတဲ့

 

https://curazy.com/archives/294365

တွင်းတော့လုပ်ထားတာပဲ။ ဒါကိုတော့လူတော်တော်များများသတိမထားမိကြလောက်ပါဘူး။

 

လျှို့ဝှက်ဆန်းကြယ်တဲ့မျက်နှာတွေ

 

https://twitter.com/2DlvHS/status/688923356440051713?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E688923356440051713&ref_url=https%3A%2F%2Fcurazy.com%2Farchives%2F294365

သူသိရင်တော့စိတ်ဆိုးတော့မှာပဲ. . .

Hachiko လေးရဲ့ ပုံတူကိုယ်ပွား!

 

https://curazy.com/archives/294365

Shibuyaဘူတာရှေ့ကနာမည်ကြီးတဲ့ Hachikoကြေးရုပ်ထုရဲ့ ပုံတူနှင်းရုပ်လေးပေါ့။

နှင်းတွေသိပ်ပြီးမများပေမယ့်လည်းသေသေချာချာစုပုံပြီးလုပ်ထားတာနော်။ဒါတော့သဘောကျမိတယ်။

 

Zombie !

 

https://curazy.com/archives/294365

Zombieတွေလား ? ဆီးနှင်းတွေကနေ မွန်းစတားတွေဖြစ်ကုန်တဲ့ စိတ်ကူးတစ်ခု. . .

 

Mochi (ဆန်မုန့်)

 

https://curazy.com/archives/294365

အနုပညာဆိုတာ ဒါကိုပြောတာ။ ညစ်ပေနေတဲ့နှင်းတွေကိုသုံးပြီး ကင်ထားတဲ့ မိုချိမုန့်လေးလိုမျိုးပုံဖော်ထားတာလက်ရာမြောက်ချက်ပဲနော်။

 

(Totoro)တိုတိုရိုကာတွန်းကားထဲက ကြောင်ဘတ်စ်ကား

 

https://curazy.com/archives/294365

ဘတ်စ်ကားလိုပုံမျိုးဖြစ်‌အောင်နှင်းတွေနဲ့လှည့်စားထားတဲ့ကားပေါ့။

 

တခြားချစ်စရာကောင်းတဲ့ နှင်းရုပ်တွေလည်းအများကြီးရှိပါသေးတယ်။

 

https://curazy.com/archives/294365

 

ကဲ. . .ဒါဆိုရင်တော့ မြူနှင်းတွေကျကာချမ်းအေးလှတဲ့ဂျပန်ရဲ့ဆောင်းရာသီမှာ. . .ပျော်စရာတစ်ခုခုတော့ဖန်တီးလို့ရသွားပြီထင်တယ်နော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: