ဈေးကြီးလွန်းတဲ့ လေးထောင့်ဖရဲသီး

ဂျပန်နိုင်ငံရဲ့ နွေရာသီလို့ပြောရရင် ဖရဲသီးတွေပေါတဲ့ရာသီလို့လည်းပြောလို့ရပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်ဖရဲသီးတွေကို တစ်နှစ်ပတ်လုံးတွေ့ရတတ်ပေမယ့် ဂျပန်နိုင်ငံမှာဆိုရင်တော့ ဂျပန်နိုင်ငံရဲ့နွေရာသီကို ပုံဖော်နိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ဂျပန်ဖရဲသီးရဲ့ ပုံစံကတော့ ဒီလိုမျိုးပါ။

https://weathernews.jp/s/topics/201807/170255/

အရောင်စိမ်းစိမ်းလေးနဲ့ လုံးလုံးလေး အရွယ်နည်းနည်းကြီးပါတယ်။

ဖရဲသီးက လှလှလေးပါပဲ။

ဒါပေမယ့် ဂျပန်နိုင်ငံမှာ ဈေးကြီးတဲ့ဖရဲသီးတွေကတော့ အပေါ်ကလိုပုံစံတွေမဟုတ်ပါဘူး။

https://matome.naver.jp/odai/2140368875419831401

 

ဘယ်လိုကြီးလဲ …

ပလပ်စတစ်နဲ့လုပ်ထားတဲ့ အရုပ်နဲ့တူတဲ့ဖရဲသီးတွေဖြစ်ပါတယ်။

ဒါက ဖရဲသီးအစစ်တွေပါ။

ဖရဲသီးသေးသေးလေးကတည်းကနေ ပလပ်စတစ်ပုံဖော်ထားတဲ့ဘူးထဲထည့်ပြီး ပုံဖော်ထားတာဖြစ်ပါတယ်။

ပုံမှန်ဖရဲသီးခူးတဲ့အချိန်ထက် နည်းနည်းစောပြီး ၆ လပိုင်း အကုန်ကနေ ၇ လပိုင်းအလယ်လောက်မှာ အလုံး ၄၀၀ လောက်ကိုပဲ ဖန်တီးကြတာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ ….. ဒေါ်လာ ၁၀၀ လောက်တောင်ရှိပါတယ်။

ဒီလောက်ဈေးနဲ့ ဖရဲသီးက  တော်တော်လေးကို အရသာရှိမယ်လို့ထင်ပေမယ့် တကယ်တော့ အရသာမရှိပါဘူး။

ခွဲကြည့်လိုက်ရင် ဒီလိုပုံစံမျိုးပါ။

http://kitemiteoasis.com/5689.html

ကြည့်တာနဲ့ သိတယ်နော်။ ဖြူဖြူကြီး အရသာရှိမှာ မဟုတ်ပါဘူး။

အထူးသဖြင့် အလှပြဖို့အတွက်ပဲသုံးလို့ အထားခံဖို့အတွက်လည်း ပြုလုပ်ထားပါတယ်။

၄ ထောင့်ပုံံတစ်မျိုးတည်းမဟုတ်ဘဲ ဒီလိုပုံစံမျိုးတွေလည်းဖန်တီးထားပါတယ်။

https://www.olive-hitomawashi.com/column/2018/08/post-2929.html

အသဲပုံလေးဆိုရင် ချစ်စရာလေးနော်…

အရသာပိုရှိလို့ ဈေးကြီးတာမဟုတ်ဘဲ အမြင်လှတာကြောင့် ဒီဖရဲသီးကဈေးကြီးသွားရတာဖြစ်ပါတယ်။

အဓိကအနေနဲ့ လက်ဆောင်ပေးဖို့အတွက် အသုံးပြုကြတယ်လို့ထင်ပါတယ်။

ကိုယ်တိုင်တော့ ဒီလိုဈေးကြီးတာမျိုးကို ဘယ်တော့မှဝယ်မှာ မဟုတ်ပါဘူး။

နောက်ပြီး ရှားပါးတဲ့ပစ္စည်းဆိုရင် ပိုပြီးဝယ်ချင်ကြပါတယ်။

ဒါပေမယ့် စားရင်လည်းအရသာမရှိတာကို လက်ဆောင်ရတော့လည်း ဘာထူးမှာလဲနော် ? ?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: