ဂျပန်နိုင်ငံရဲ့ အေးချမ်းလှတဲ့ဆောင်းရာသီမှာ ဒီလိုရထားလေးမစီးချင်ကြဘူးလား ?

စာဖတ်သူတို့ရေ….. 足湯(あしゆ)အရှိယု ဆိုတာကိုသိပါသလား ?

ရေပူစမ်းတွေမှာဆိုရင် အဝတ်တွေအားလုံးကို မဖြစ်မနေချွတ်ပစ်ရတဲ့အတွက် နည်းနည်းတော့တစ်မျိုးကြီးဖြစ်နေပေမယ့် 足湯(あしゆ)အရှိယု မှာတော့ ခြေထောက်ကို ရေနွေးထဲ စိမ်ရုံလေးပဲဖြစ်ပါတယ်။

ဖိနပ်နဲ့ ခြေအိတ်ချွတ်ပြီး ဘောင်းဘီကိုအပေါ်ဆွဲတင်လိုက်ရုံနဲ့ ရေနွေးစိမ်ဖို့အတွက်က သာယာသွားပါပြီ။

 

ယောကျ်ားလေနဲ့မိန်းကလေး အတူတူစိမ်လို့ရတဲ့အတွက် ဆွဲဆောင်မှုအရှိဆုံးနေရာဖြစ်ပါတယ်။

http://www.sanin-geoparkkan.jp/sisetu/432

 

ခြေထောက်လေးကို နှစ်ထားလိုက်ရုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနွေးထွေးလာတဲ့အပြင် နွေးလာတဲ့ခြေထောက်တွေကနေ တစ်ကိုယ်လုံးမှာရှိတဲ့ ပင်ပန်းမှုတွေ လုံးဝကိုပြေပျောက်သွားပါတယ်။

 

ဒီလို ပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်တဲ့ ခြေစိမ်ရေနွေးကန်တွေကို ရထားပေါ်မှာလည်းစိမ်လို့ရအောင် စီမံပေးခဲ့ပါတယ်။

https://mainichi.jp/articles/20180921/k00/00m/040/052000c

ခန်းဆိုင်ဒေသရဲ့ ရထားလမ်းတွေမှာ ပြေးဆွဲလျက်ရှိတဲ့ 近畿 ခင်းခိက ဂျပန်ရထားလိုင်းဟာ 名古屋駅 နဂိုရ ဘူတာကနေ 山温泉駅(ゆのやまおんせんえき) ယူနော့ယမအွန်းဆန် ဘူတာ အထိ ကြားမှာဆက်သွယ်ထားတဲ့ ရထားတွေမှာ ခြေစိမ်ရေနွေးကန်တွေကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ရေနွေးရဲ့ တောင်ပေါ်ရေပူစမ်းအနေနဲ့ စတင်ခဲ့ရာကနေ ဒီနှစ်မှာဆိုရင် နှစ်ပေါင်း ၁၃၀၀ ရှိပါပြီ။

အဲ့ဒီကနေကိုးကားပြီး ရထား ၃ စီးကို လူ ၅၆ ယောက်စာအတွက် အထူးရထားအနေနဲ့ ပြုလုပ်ခဲ့ပါတယ်။

ယူကတဝတ်စုံလေးကို ဝတ်ပြီး ခြေစိမ်ရေနွေးကန်လေးထဲမှာစိမ်ရင်း ရထားထဲကနေ သဘာဝရှု့ခင်းကို ဖြတ်သွားတာကို ပျော်ပျော်ရွှင်ရွှင်ကြည့်လို့ရပါတယ်။

အေးအေးဆေးဆေးလေးနဲ့ ရေနွေးထဲကိုစိမ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။

https://www.youtube.com/watch?v=gnD08ga-TsU

ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီက အရမ်းကိုအေးတယ်ဆိုပေမယ့် ဒီလိုအေးလို့ပဲ ပျော်စရာကောင်းတဲ့ရထားတွေနဲ့ ခရီးသွားနိုင်တာပေါ့နော်….

အအေးဒဏ်ကိုအံတုပြီးသွားစီး ကြည့်ချင်တဲ့သူတွေလည်းရှိမယ်လို့ ထင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: