ဂျပန်နှင့်ချယ်ရီ (သို့) ဆာခုရာပန်း

ဂျပန်လူမျိုးတွေက နှစ်စဥ်နှစ်တိုင်း ဆာခုရာပန်းပွင့်ချိန်နားနီးပြီဆိုလျှင် ဟနမိ ဟုခေါ်သောပွဲလေးကို မျှော်လင့်စောင့်စားကြပါတယ်။

နွေဦးရာသီနားနီးကပ်လာပြီဆိုတာနဲ့အမျှ ဆာခုရာပန်းဟာလည်း ဂျပန်လူမျိုးတွေရဲ့အတွေးထဲဝင်ရောက်လာတတ်ကြပြီး ဂျပန်လူမျိုးများက ဆာခုရာပန်းကို အထူးနှစ်သက်မြတ်နိုးကြပါတယ်။

ဒါ‌ကြောင့်လည်း ဂျပန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဆာခုရာပန်းပင်တွေစိုက်ပျိုးထားတာ တွေ့မြင်ရမှာဖြစ်ပြီး ဆာခုရာပန်းပင်တွေ စီတန်းစိုက်ပျိုးထားရာလမ်းကို ဆာခုရာနိမကိ ဟုခေါ်ကြပါတယ်။

 

IG shiikun11

IG mmmnxy

ဆာခုရာပန်းဟာ ဂျပန်နိုင်ငံမှာ ဟိုးရှေးရှေးကတည်းမှစ၍ ယနေ့ခေတ်တိုင် ပွင့်လန်းကြတာဖြစ်ပြီး ဂျပန်လူမျိုးတွေရဲ့ စိတ်နဲ့သတ္တိကိုလည်း ကိုယ်စားပြုပါတယ်။

ဆာခုရာပန်းကို ယမ်း ၁၀၀ အကြွေစေ့ပေါ်မှာ ရိုက်နှိပ်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

Ken OHYAMA/Flickr

ဂျပန်တွေရဲ့  ရိုးရာယဥ်ကျေးမှုသင်္ကေတအဖြစ် ဂျပန်ရိုးရာအထည်အလိပ်နဲ့ ကီမိုနိုဝတ်စုံတွေမှာ ဆာခုရာပန်းကို စံထားပြီး ဒီဇိုင်းရေးဆွဲတီထွင်ကြပါတယ်။

IG chisato__kg

IG nafofy.m

ဆာခုရာပန်းပွင့်ချိန်က နေရာဒေသနဲ့ ရာသီဥတုပေါ်မူတည်ပြီး ကွဲပြားလေ့ရှိသော်လည်း ပုံမှန်အားဖြင့် ဧပြီလ လဆန်းမှလကုန်အထိ ပွင့်ပါတယ်။

ပန်းတွေဖူးပွင့်ပြီး သိပ်မကြာခင်မှာပဲ အကိုင်းအခက်‌တွေပေါ်ကနေ ကြွေကျမြေခကြရပါတယ်။

ထိုပန်းပွင့်တဲ့အချိန်တင်္ဒဂလေးကပဲ ဂျပန်လူမျိုးတွေရဲ့  all things will eventually pass ဆိုသောစကားကို စံနမူနာပြတာဖြစ်ပြီး မမြဲခြင်းတရားကိုလည်း သတိ‌ပေးရာရောက်ပါတယ်။

y.ganden/Flickr

ဆာခုရာပန်းက ဂျပန်ယဥ်ကျေးမှုနှင့် ခွဲခြားမရနိုင်သောပန်းဖြစ်ပြီး ရိုးရာကဗျာတွေမှာလည်း မကြာခဏဆိုသလို ထည့်သွင်းရေးသားခြင်း ခံရပါတယ်။

ဂျပန်နိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက်မှာလည်း ဆာခုရာပန်းအကြောင်းကို ရိုးရာသီချင်းများ‌တွင်သာ တွေ့ရကြားရတာမဟုတ်ပဲ ခေတ္တပေါ်သီချင်းများတွင်ပါ ထည့်သွင်းရေးသားကြပါတယ်။

လက်ရှိအဆိုတော်တွေကလည်း ဆာခုရာပန်းကို သီချင်းများထဲမှာ ထည့်သွင်းသီဆိုကြပါတယ်။

ဂျပန်နိုင်ငံတွင် မူလတန်းကျောင်းများမှာ ကလေးတွေကို ‌ဆာခုရာဆာခုရာ ဟုအမည်တွင်သောသီချင်းကို ဂီတသင်ခန်းစာအချိန်မှာ သင်ကြားသီဆိုစေပါတယ်။

ဂျပန်နိုင်ငံရဲ့ ဘွဲ့နှင်းသဘင်အခမ်းနားတွေက မတ်လမှာကျင်းပတာဖြစ်ပြီး ၀င်ခွင့်ကဧပြီမှာဖြစ်သည့်အတွက်ကြောင့် အချိန်အားဖြင့်ဆိုရလျှင် သွားတိုက်ဆိုင်သည့်အတွက် သီချင်းအများစုမှာ ဆာခုရာပန်းဟာ မပါမဖြစ်အကြောင်းအရာအဖြစ် ပွဲတွေမှာ သီဆိုဖျော်ဖြေခြင်း ခံရပါတယ်။

http://www.stephlloyd.com/wp-content/uploads/2016/05/IMG_0367-640×640.jpg

ထို့အပြင် နှစ်စဥ်နွေဦးရာသီမှာ ဆာခုရာပန်းဘယ်အချိန်ပွင့်မလဲဆိုသော ခန့်မှန်းချက်တွေက သတင်းခေါင်းစဥ်အဖြစ် ‌နေရာယူတတ်ပါတယ်။

 

သံသယမရှိစရာအချက်ကတော့ ဆာခုရာပန်းဟာ ဂျပန်လူမျိုးတွေရဲ့ နှလုံးသားထဲမှာ အထူးနေရာယူခြင်းခံထားရတဲ့ပန်းပါ။

ကမ္ဘာလှည့်ခရီးသည်အမြောက်အများကိုလည်း ဆွဲဆောင်ထားနိုင်တဲ့ ဂျပန်နိုင်ငံရဲ့ ကိုယ်စားပြုပန်းအဖြစ်လည်း လက်ခံခြင်းခံထားရတာ မဟုတ်ပါလားရှင်..?

 

ကိုးကား

https://www.tsunagujapan.com/the-beauty-and-history-of-sakura-japans-national-flower/

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: