ဂျပန်လူမျိုး၏ အနုပညာခံစားမှု၊ “ သေးငယ်တဲ့အရာလေးမှာတောင် အပြည့်အဝခံစားခြင်း”

ဂျပန်လူမျိုးတွေရဲ့ စိတ်ခံစားမှုကို နားလည်ရခက်တယ်လို့ နိုင်ငံခြားသားတွေဆီက မကြာခဏကြားရလေ့ရှိပါတယ်။ ဒီတစ်ခေါက်တော့ အပိုင်းလိုက်ခွဲပြီး ဂျပန်လူမျိုးများရဲ့ အနုပညာခံစားမှုမတူညီပုံကို ပြောပြသွားချင်ပါတယ်။

ပထမဆုံးအနေနဲ့ ပစ္စည်းအသေးသေးလေးတွေအပေါ် အပြည့်အဝခံစားတတ်တဲ့ အကြောင်းဖြစ်ပါတယ်။

ဂျပန်တွေက ဘာပစ္စည်းပဲဖြစ်ဖြစ် Mini ဆိုဒ်တွေလုပ်ပစ်လိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကို အားလုံးသိကြလိမ့်မယ်လို့ထင်ပါတယ်။
၂၀၀၀ ခုနှစ်လောက်က စတင်ကျယ်ပြန့်လာတဲ့ကွန်ပျူတာကို အလွန်သေးငယ်တဲ့အရွယ်အစားဖြစ်အောင်ပြောင်းလဲလိုက်ပြီး ကမ္ဘာတစ်ဝှမ်းကိုအံ့အားသင့်စေခဲ့သလို၊ ကားကို ယာဥ်ငယ်ဖြစ်အောင် ကျွမ်းကျင်စွာ လုပ်ပြသွားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။

အချိန်နဲ့နေရာကိုလည်း အချက်သေးသေးလေးတွေနဲ့ လိုက်ပြီးအာရုံစိုက်ခံစားကာ၊ ထိုအထဲမှတစ်ခုလုံးကိုကြည့်သွားတဲ့ အယူအဆပဲဖြစ်ပါတယ်။

တစ်သက်မှာတစ်ကြိမ်သာ

https://4.bp.blogspot.com/-ffEUMjLRTcg/URz_SL1rmxI/AAAAAAAAATs/t4bl38jdVAE/s1600/IMG_4510

ဒီစကားလုံးလေးမှာတော့ “ တစ်ကြိမ်သာတွေ့ဆုံလိုက်ရပေမယ့်၊ ထိုအချိန်ခဏလေးကို တန်ဖိုးထားပါ” ဆိုတဲ့ သွန်သင်ချက်ပဲဖြစ်ပါတယ်။ ဒီလူနဲ့ နောက်လည်းတွေ့ရအုံးမှာပါ၊ ဒီလူနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ထားလိုက်ရင် တစ်ချိန်ချိန် မိမိအတွက် အကျိုးရှိမှာပါ ဆိုတဲ့အတွေးမျိုးမထားသင့်ကြောင်း ပြောထားတဲ့ သွန်သင်ဆုံးမမှုတစ်ခုဖြစ်ပါတယ်။

ဒီအပြင် ဂျပန်ရဲ့ဥယျာဥ်ခြံ

တောင်တန်း၊ မြစ်ချောင်းနှင့် ရေတံခွန်ကို နေရာကျဥ်းကျဥ်းလေးမှာ ထည့်သွင်းပုံဖော်ထားတယ်ဆိုတာကို စာဖတ်သူတို့သိကြမယ်လို့ထင်ပါတယ်။

ခြံဝန်းကျဥ်းကျဥ်းလေးထဲမှာ သဘာဝတရားကြီးကိုခံစားနိုင်တဲ့အပြင် ကမ္ဘာ့အပြင်ဘက်ခြမ်းရှိ အာကာသကိုပါ ခံစားကြတာပဲဖြစ်ပါတယ်။ နွေဦးမှာ နွေဦးပန်းလေးတွေကပွင့်ပြီး၊ ဆောင်းဦးမှာတော့ လှပတဲ့အရောင်ပြောင်းမေပယ်ရွက်လေးတွေကို ဒီခြံဝန်းလေးထဲမှာပဲ ရှုမျှော်ခံစားကြပါတယ်။
နေရာကိုရော၊ အချိန်ကာလကိုပါ ဒီခြံဝန်းငယ်လေးထဲမှာတင်ခံစားနိုင်ပြီး၊ လူသားမျိုးနွယ်ဟာ သဘာဝတရားကြီးနဲ့ ခွဲခွာပြီးနေထိုင်လို့မရတဲ့ဖြစ်တည်မှု ဆိုတဲ့အသိကိုပေးပါတယ်။

အိမ်ထဲကနေအပြင်ကိုငေးကြည့်တဲ့အခါ ခြံထဲကဥယျာဥ်ကိုသေချာပေါက်မြင်ရသလို၊ အဝေးမှာရှိနေတဲ့တောင်ကို မိမိမြင်ကွင်းထဲမှာ ငှားရမ်းအသုံးပြုလိုက်ပါတယ်။ ဒီအပြင် ကောင်းကင်၊ လ၊ ကြယ်နှင့် အခြားသော အာကာသဂြိုလ်နက္ခတ်တွေကို တစ်နေရာတည်းမှာ စုစည်းခံစားစေတာက ဂျပန်ဥယျာဥ်ခြံဝန်းရဲ့ ပင်ကိုယ်အယူအဆဖြစ်ပါတယ်။

အမြင်အာရုံ၊ အကြားအာရုံ၊ အရသာအာရုံ၊ အထိအတွေအာရုံ၊ ဒီအာရုံ ၄ ပါးနဲ့ သေးငယ်တဲ့အရာဝတ္ထုတွေကို ခံစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ပြောချင်တာကတော့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကိုခံစားမယ်ဆိုတာပါ။

ဂျပန်ရှေးဟောင်းအိမ်တွေလည်း ထိုနည်းလည်းကောင်းပါပဲ။

တိုင်တွေရှိပြီး၊ တိုင်အပေါ်မှာခေါင်မိုးရှိတယ်ဆိုတာက အခြားနိုင်ငံရဲ့နေအိမ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ နံရံမရှိတဲ့အိမ်ဆိုတာတော့ ရှားမယ်နော်…

https://cdn-mapple.net/g/v3/?u=https://www.mapple.net/cms/wp-content/uploads/2018/04/26002410_4027_1-640×480

အိမ်အတွင်းပိုင်းမှာ တစ်ခန်းနှင့်တစ်ခန်းကို ရွေ့ရှားနံရံတွေနဲ့ကန့်ထားပြီး၊ အခန်း၏အတွင်းနဲ့အပြင်ဘက်ပိုင်းကို ဆက်ထားသည်မှာလည်း ရွေ့ရှားနံရံတွေသာဖြစ်ပါတယ်။ ဟုတ်ပါတယ်. နံရံမရှိတဲ့အိမ်တွေပါ။

တစ်အိမ်လုံးကို သစ်ပင်ကိုပဲအခြေခံဆောက်လုပ်ထားတယ်လို့ဆိုပါတယ်။
တုတ်တုတ်ခိုင်ခိုင်ပင်စည်က အိမ်ရဲ့တိုင်ဖြစ်သွားပြီး၊ အိမ်ခေါင်မိုးကိုတော့ အရွက်တွေနဲ့မိုးထားပါတယ်။

ဒီလိုဆို သစ်ပင်မှာ အိမ်နံရံအတွက်လုပ်မယ့်အပိုင်း မကျန်တော့ဘူးနော်…

 

အပြင်ကိုခံစားစေဖို့ ဆောက်လုပ်ထားတယ်။ (ဘာနံရံမှကန့်ထားခြင်းမရှိဘူး)

ဂျပန်လူမျိုးတွေက စကားလုံးနဲ့ဖော်ပြတဲ့နေရာမှာညံ့ကြပြီး နိုင်ငံတကာလူ့အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေမှုမရှိဘူးလို့ပြောကြပါတယ်။ ဒါဟာခံစားချက်‌လေးလေးနက်နက်မရှိတာမဟုတ်ဘဲ၊ သူတပါးရဲ့စိတ်ကို ဦးစားပေးလိုက်ခံစားတတ်ကြလို့ပဲဖြစ်ပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ဒီအတိုင်းပါပဲ။
မိမိနဲ့အတူ မိသားစုရှိမယ်၊ သူငယ်ချင်းမိတ်ဆွေရှိမယ်၊ နေထိုင်ရာဒေသရှိမယ် ဒီအပြင်လူသားမျိုးနွယ်တစ်ရပ်လုံးရှိပါတယ်။

ဒီအတွက် ကိုယ်တစ်ယောက်တည်းကောင်းရင်ရပြီ ဆိုတာမျိုးမဟုတ်ဘဲ အတူနေအတူကြီးပွားဆိုတဲ့ အယူအဆဟာရှင်ဆန်နေပါတယ်။

မိမိနဲ့ပတ်သက်ဆက်နွယ်လာတဲ့ တစ်ဖက်လူအတွက် ဘာကအကောင်းဆုံးဖြစ်မလဲ? ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်ခြင်းဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံမှုညံ့လိုက်တာ ဆိုတဲ့အချက်နဲ့ ဧည့်ဝတ်ကျေပွန်တဲ့ယဉ်ကျေးမှုတို့ဟာ အတွဲလိုက်ဖြစ်နေပါတယ်။
ဒီအချက်လေးကို ခေါင်းထဲထည့်ပြီး ဂျပန်လူမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံတာပဲဖြစ်ဖြစ်၊ ဂျပန်ရဲ့အလှအပကိုခံစားတဲ့နေရာမှာပဲဖြစ်ဖြစ် လုပ်ကြည့်ပေးပါ…

 

“ ဂျပန်လူမျိုးရဲ့နားလည်ရခက်တဲ့အချက်” ကိုတစ်ယောက်တစ်ခွန်းလောက် ကျွန်တော့ကိုပြောပြပေးရင် ဝမ်းသာမိမှာပါ…

ဒါပေမဲ့ ဒီဘက်ခေတ်ဂျပန်လူ့အဖွဲ့အစည်းမှာတော့ ဒီသဘောတရားဟာ ပျောက်ကွယ်လာနေပြီပဲဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေဟာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလာတာနဲ့အတူ နိုင်ငံသားစိတ်ဓါတ်တွေ ပျောက်ကွယ်လာလို့ ကျွန်တော်တော့အနည်းငယ်ဝမ်းနည်းမိပါတယ်။ မိတ်ဆွေတို့ရော ဘယ်လိုထင်ပါသလဲ။

 

ABE KENGO

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: