ဂျပန်လူမျိုးတွေမှာ ဘာလို့အမူအကျင့်ကောင်းတွေ ရှိတာလဲ?

ဂျပန်လူမျိုးတွေဟာ သူတစ်ပါးကို ထောက်ထားစာနာတတ်ပြီး သူတစ်ပါးကို အနှောက်အယှက်မပေးလိုတဲ့ အမူအကျင့်ကောင်းတွေ ရှိတယ်လို့ မကြာခဏ ပြောလေ့ရှိပါတယ်။

ကျွန်တော်ဟာ နိုင်ငံတော်တော်များများကို ခရီးထွက်ဖူးပြီး လူတော်တော်များများက ဂျပန်လူမျိုးဖြစ်လို့ ကောင်းကောင်းကြိုဆိုဆက်ဆံပေးကြတာမျိုး များပါတယ်။

ဒါဟာ ဂျပန်လူမျိုးတွေရဲ့ အမူအကျင့်ကောင်းကြောင့်လို့ ထင်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာဘဲ လတ်တလောမှာ အမူအကျင့်မကောင်းတဲ့ ဂျပန်လူမျိုးတွေလည်း များပြားလာလျက်ရှိပါတယ်

ဒါနဲ့ ဒီလိုအမူအကျင့်က ဘာလို့ ဂျပန်နိုင်ငံမှာ ဒီလောက်ထွန်းကားနေရသလဲဆိုတာသိပါသလား။

အမူအကျင့်ကောင်းတွေဟာ ဂျပန်လူမျိုး DNA ထဲမှာ စီးဝင်နေတာမဟုတ်ပါဘူး

ဆင်းရဲတဲ့လူ့ပတ်ဝန်းကနေ အမူအကျင့်ကောင်းတွေ ပေါက်ဖွားလာတယ်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့ နွေရာသီဟာ ပူပြင်းစိုစွတ်ပြီး ကမ္ဘာပေါ်က အဆိုးဆုံးရာသီဥတုထဲမှာ ပါဝင်နေပါတယ်။

ဒါ့အပြင် ဆောင်းရာသီမှာ နှင်းတွေကျလို့ အအေးဓာတ်များပြီး အလွန်အေးပါတယ်။

တိုင်ဖွန်းဝင်လိုက်၊ ငလျင်လှုပ်လိုက်၊ ဆူနာမီတိုက်လိုက်၊ မီးတောင်ပေါက်ကွဲလိုက် ဖြစ်တာလည်း ရှိပါတယ်

လှပတဲ့သဘာဝနဲ့ဆန့်ကျင်ဘက်၊ ဂျပန်နိုင်ငံရဲ့ နေထိုင်မှုပတ်ဝန်းကျင်ဟာ တကယ်တော့အဆိုးဆုံးဖြစ်ပါတယ်

ယနေ့ခေတ်မှာ ပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ နည်းပညာတွေ တိုးတက်လာပြီဖြစ်ပေမယ့် ယခင်ကတော့ အမှန်တကယ် ခက်ခဲကြမ်းတမ်းခဲ့မယ်လို့ထင်ပါတယ်။

သင်ဟာ ဆင်းရဲရင်တောင် အိမ်နီးနားချင်းပတ်ဝန်းကျင်ကနေ ခိုးယူလို့ရပေမယ့် သဘာဝဘေးအန္တရာယ်ကျလာရင် ခိုးစရာပတ်ဝန်းကျင်လည်း ရှိမှာမဟုတ်ပါဘူး။

ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ?

ဟုတ်ပါတယ် တစ်ဦးတည်းရှင်သန်လို့မရတဲ့အတွက် အတူတကွပေါင်းစည်းနေထိုင်ဖို့ပဲ ရှိပါတော့တယ်

အတူတကွပေါင်းစည်းနေထိုင်တဲ့အခါ ပတ်ဝန်းကျင်ကို အလေးထားဂရုစိုက်ပြီး မနေထိုင်ရင် အတူတကွနေထိုင်ဖို့အဆင်ပြေမှာမဟုတ်ပါဘူး

ဒါဟာ ဂျပန်လူမျိုးတွေရဲ့ အပြုအမူကောင်းရှိလာခြင်းရဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝတရားထဲမှာမှ နတ်ဘုရားတွေရဲ့ တည်ရှိခြင်းကို ကြည့်ပြီး ရှင်းတိုးလို့ခေါ်တဲ့ ကိုးကွယ်ယုံကြည်မှု ပေါက်ဖွားလာပြီး ဒါဟာလည်း အမူအကျင့်ကောင်းရှိလာရခြင်းရဲ့ အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအမူအကျင့်ကောင်းဟာ ဂျပန်ဘာသာစကားမှာလည်း အားကောင်းတဲ့သက်ရောက်မှု ရှိနေပါတယ်

တစ်ဖက်သားကို မြောက်ပြောခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်းစတဲ့ စကားလုံးတွေဖြစ်ပါတယ်။

ဒါတွေဟာ ဂျပန်ဘာသာစကားကို ပိုမိုရှုပ်ထွေးစေပြီး နိုင်ငံခြားသားတွေ ဂျပန်ဘာသာစကားကို လေ့လာတဲ့အခါ ခက်ခဲတဲ့အပိုင်းဖြစ်လာပါတယ်။

ဘယ်အရာမဆို အကောင်း၊ အဆိုးနှစ်မျိုး ရှိပေမယ့် တစ်ဖက်သားကို ထည့်သွင်းစဉ်းစားပေးပြီး တစ်ဖက်သားကို မြောက်ပြောကာ မိမိကိုယ်ကိုနှိမ့်ချပြီး စကားပြောတဲ့ ဂျပန်ဘာသာစကားနဲ့ ဂျပန်ယဉ်ကျေးမှု

ဒါဟာ ကမ္ဘာအနှံ့ကို ပြန့်နှံ့သွားရင် ကမ္ဘာကြီးဟာ နည်းနည်းလေး ပိုငြိမ်းချမ်းလာမလားမသိ

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: