ဆာရိုင်းရိုင်းတွေအတွက် အန္တရာယ်များတဲ့ ရေချိုးခန်းများ

ရေနွေးနွေးလေးထဲမှာ အကြောဆန့်ပြီး အေးအေးဆေးဆေး ရေစိမ်နိုင်တဲ့ ရေချိုးကန်

ဂျပန်မိသားစုတွေအတွက်တော့ နေ့စဉ်ပင်ပန်းမှုကို ဖြေဖျောက်ဖို့အတွက် အသုံးပြုလျက်ရှိပါတယ်။

ရှေးခေတ်တုန်းကရော ပင်ပန်းမှုကို ဖြေဖျောက်ပေးတယ်လို့ ထင်ရင် အမှားကြီးမှားသွားပါလိမ့်မယ်

ဆာမူရိုင်းတွေအတွက် ရေချိုးကန်ဆိုတာ ကြောက်စရာနေရာတစ်ခုသာဖြစ်ပါတယ်

ရေချိုးကန်ကို ကြောက်လွန်းလို့ ရေမချိုးနိုင်ဘဲ အတော့ကို အနံ့အသက်ပြင်းတဲ့ဆာမူရိုင်းတွေလည်း ရှိခဲ့ကြပုံပါပဲ။

ကြောက်ရတဲ့အကြောင်းအရင်းက ကိုယ်လုံးတီးဖြစ်ရခြင်းနဲ့ စိတ်မလုံခြုံမှုပါ။

ဆာမူရိုင်းက အမြဲဓားကို ကိုင်ပြီး လမ်းလျှောက်လေ့ရှိပေမယ့် ရေချိုးကန်ထဲအထိတော့ သယ်မသွားလေ့ရှိကြပါဘူး။

ပြီးတော့ ရေပူနွေးနွေးလေးထဲ စိမ်လိုက်ရင် စိတ်အေးချမ်းသွားပြီး ရန်သူရဲ့တိုက်ခိုက်မှုကို သတိမပြုမိတော့အထိ ဖြစ်တတ်ပါတယ်။

 

လက်တွေ့မှာလည်း ရေချိုးကန်ထဲမှာ သတ်ခံရတဲ့သူက အတော်များများ ရှိတဲ့ပုံပါပဲ။

အဲ့ဒီအထဲမှာမှ မိနမိုတိုမျိုးနွယ်စုဟာ ဘာရယ်ကြောင့်မှန်းမသိဘဲ ရေချိုးကန်ထဲမှာ အသတ်ခံခဲ့ရတာ များခဲ့ပါတယ်။

 

မိနမိုတိုမျိုးနွယ်စုဟာ တိုက်ပွဲကြီးတစ်ခုကို တိုက်ပြီးတဲ့နောက် ၁၁၉၂ ခုနှစ်မှာ ဂျပန်ထိပ်တန်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ခနဂဝစီရင်စု၊ ကာမာကူရမြို့တဝိုက်မှာ ရုံးစိုက်ပြီး အဲ့ဒီကနေ အနောက်ပိုင်း၊ ဂျပန်နယ်ပယ်တစ်ဝက်ခန့်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီလိုအရမ်းမိုက်တဲ့ မိနမိုတိုမျိုးနွယ်စုရဲ့ ရေချိုးခန်းအဖြစ်အပျက်ဟာ ဆိုးရွားလွန်းလှပါတယ်။

 

၁၂၀၄ ခုနှစ် ဇူလိုက်လ ၁၈ ရက်။

ခနဂဝစီရင်စု၊ အိဇုရှိမှာရှိတဲ့ ဘုရားကျောင်းမှာ အကျဉ်းချခံထားရတဲ့ မိနမိုတို ရောရှိအိအဲဟာ ရေချိုးနေတုန်း တစ်စုံတစ်ယောက်ဆီကနေ တိုက်ခိုက်ခံရပြီး ဓားထိုးသတ်ခံခဲ့ရပါတယ်။

သူဟာ အသက်ရှင်နေစဉ်အတွင်း မကောင်းမှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တဲ့အတွက် မိသားစုက အကျဉ်းချထားရတဲ့အထိဖြစ်ပြီး သူအသတ်ခံရမှုမှာ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

လည်ပင်းမှာ ကြိုးချည်ပြီး ညစ်ထားရတာ ခံနိုင်ရည်ရှိဆဲဖြစ်တဲ့အတွက်

ဝှေးစေ့ကို ဆွဲထုတ်ပြီး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖိုးဖြစ်သူ မိနမိုတို ရောရှိတိုမိုလည်း ရေချိုးကန်မှာ သေဆုံးခဲ့ပါတယ်။

ဦးလေးဖြစ်သူ မိနမိုတို တမဲတိုမိုလည်း ရေချိုးကန်မှာ အသတ်ခံခဲ့ရပါတယ်။

 

ဒီလောက် အန္တရာယ်များတဲ့နေရာမှာ အေးအေးဆေးဆေး ရေချိုးနေလို့ ဖြစ်ရတာပေါ့လို့ ဆိုသူများလည်း ရှိမယ်လို့ထင်ပါတယ်။

ရာထူးကြီးမြင့်သူဖြစ်တာကြောင့် အိမ်အပြင်မှာ သေချာ အစောင့်အကြပ်တွေ ထားရှိထားတာတောင် ဒီလိုဖြစ်ရတာဟာ အတွင်းလူကြောင့်လို့ ထင်ပါတယ်။

အတွင်းလူဆိုရင် ဘယ်အချိန် ရေချိုးခန်းထဲဝင်တယ်ဆိုတာသိပြီး ခိုးကြောင်ခိုးဝှက် ဝင်စရာလည်း မလိုပါဘူး။

အကျင့်မကောင်းတဲ့သူများ ရေချိုးတဲ့အခါ အထူးသတိပြုပါနော်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: