လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကျော်ကတည်းက ကြောက်စရာကောင်းခဲ့တဲ့ မိန်းမသားများ

အပြစ်ဆိုတာမဟုတ်ပေမယ့် ဂျပန်နိုင်ငံမှာတော့ မိန်းကလေးအများစုဟာ လူရှေ့ဆိုတစ်မျိုး၊ လူနောက်ကွယ်ဆိုတစ်မျိုးလို့ ထင်ပါတယ်။

အပြင်ပန်းမှာတော့ တည့်သယောင်ရှိကြပြီး နောက်ကွယ်မှာတော့ အံ့သြစရာကောင်းလောက်အောင် အတင်းတုတ်တတ်ကြပါတယ်။

အဲ့လိုမိန်းကလေးမျိုး ကိုယ့်ပတ်ဝန်းကျင်မှာ ရှိပါသလား?

အမျိုးသားတွေထဲမှာလည်း အဲ့လိုလူမျိုးရှိပေမယ့် အမျိုးသားတွေကတော့ ရှင်းရှင်းဘွင်းဘွင်းသမားတွေ များပြီး တစ်ခုခုဆို သူငယ်ချင်းတွေအကြား ဆက်လက်ခေါ်ပြောခြင်း မရှိကြသူတွေ များတယ်လို့ ထင်ပါတယ်

ဒီလို အမျိုးသမီးများရဲ့ ကြောက်စရာဆက်ဆံရေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကတည်းက ရှိတဲ့အကြောင်းကို ဂျပန်နိုင်ငံရဲ့စာပေကနေ သိရှိခဲ့ရပါတယ်။

ရှေးတုန်းက နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်သူ မုရဆခိ ရှိခိဘု။

သူမကိုယ်တိုင်အကြောင်းရေးထားတဲ့ မုရဆခိ ရှိခိဘု နေ့စဉ်မှတ်တမ်းမှာ သူငယ်ချင်းဖြစ်တဲ့ အိဇုမိ ရှိခိဘု အကြောင်းကို ရေးသားထားပါတယ်။

ဘယ်လိုအကြောင်းအရာလဲဆိုတာ ကြည့်လိုက်ရအောင်။

အိဇုမိ ရှိခိဘုနဲ့ အရင်က စာနဲ့ဆက်သွယ်ဖူးပေမယ့် သူ့ဆီမှာ ငါသိပ်သဘောမကျတဲ့အချက်ရှိတယ်။

နည်းနည်းပေါင်းသင်းကြည့်လိုက်တာနဲ့ သူ့ကိုယ်သူ နာမည်ကြီးတစ်ယောက်လိုမျိုး လုပ်နေတာ

လို့ ရေးထားခဲ့ပါတယ်။ သူငယ်ချင်းအချင်းချင်းအကြား အသုံးအနှုန်းကောင်းတွေ သုံးထားတာတော့ ဟုတ်ဟန်မတူပါဘူး။

အဲ့ဒီလိုကနေ နာမည်ကြီးလာပုံရပါတယ်။

ဒီလိုရေးတာကို မလုပ်သင့်ဘူးလို့တော့ မဟုတ်ပေမယ့် အနုပညာဆိုတာ အကြိမ်ကြိမ်ဖန်တီးပြီးမှ အဲ့ထဲက အဆင်ပြေတာတစ်ခုထွက်လာတာမျိုးပါ။

ဒီလိုအခြေအနေမှာ အခြားသူအကြောင်းကို ကဗျာလုပ်ပြီး ဝေဖန်တာကတော့ ရယ်စရာကြီးပေါ့နော်

မုရဆခိ ရှိခိဘုဟာ သူငယ်ချင်းဖြစ်သူ အိဇုမိ ရှိခိဘု မကောင်းကြောင်းကို တွေးပြီး သူမနဲ့ စာအပြန်အလှန်ပို့နေတာက တစ်မျိုး ကြောက်စရာကောင်းနေပါတယ်

နောက်တစ်ယောက်ကတော့ မုရဆခိ ရှိခိဘုရဲ့ ပြိုင်ဘက်လိုဖြစ်နေတဲ့ ဆဲအိရှောနဂွန်း။

ဆဲအိရှောနဂွန်း ကိုယ့်ကိုကိုယ်တော်သယောင်၊ တတ်သယောင်လုပ်နေတဲ့ မိန်းမ

တော်သလိုလိုနဲ့ ခန်းဂျိအကြောင်းကို ကြွားလုံးထုတ်ရင်တောင် သေချာကြည့်ရင် အမှားတွေချည်းပဲ။

ကိုယ်ရည်သွေးတာလား၊ မိန်းမကောင်းပါဆိုပြီး ပြချင်တာလားမသိပေမယ့် ချို့ယွင်းချက်တွေ များလွန်းလို့ မြင်နေရတဲ့ကိုယ်တောင် ရှက်လာပြီ။

အဲ့ဒါကိုတောင် မသိတဲ့ မိုက်မဲတဲ့မိန်းမမှာ ကောင်းမွန်တဲ့ဘဝတစ်ခုက စောင့်မျှော်နေမှာ မဟုတ်ဘူးနော်။

မုရဆခိ ရှိခိဘု ရေ ကြောက်လိုက်တာနော် မင်းကို

မိန်းမတွေရဲ့ တကယ့်အတွင်းစိတ်ကို သိချင်သလိုလိုနဲ့ မသိချင်လိုလို ဖြစ်နေပြီ

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: