စားစရာကိုမဆော့ရဘူးလို့ အမေမှာထားတယ်မဟုတ်လား?

အစားအစာကိုကျေးဇူးတင်ခြင်းဟာ ဂျပန်ယဥ်ကျေးမှုထဲမှာ အပါအဝင်တစ်ခုဖြစ်ပါတယ်။
ထမင်းစားတဲ့အချိန် “いただきます” အိတဒခိမ လို့ပြောကြပေမဲ့၊ ဒါဟာ “ အသက်ဆက်ရှင်ပါမယ်။ ကျေးဇူးတင်ပါတယ်။” ဆိုတဲ့အဓိပ္ပါယ်နဲ့ အစားအစာအားကျေးဇူးတင်တဲ့ယဥ်ကျေးမှုကို စကားလုံးနဲ့ဖော်ပြကြခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဆော့ကြည့်လိုက်တဲ့အခါတော့ နည်းနည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။
မေမေ့ရဲ့အမှာစကားကို ခဏလောက်ကျောခိုင်းပြီး ကစားကြည့်ရအောင်…

ဟမ်ဘာဂါကို အအေးနှင့်ပေါင်းစပ်ခြင်း။

https://news.merumo.ne.jp/article/genre/6380639

အာလူးကြော်နဲ့လည်းစမ်းကြည့်ရင်ရော? လိုက်ဖက်တဲ့ ဟမ်ဘာဂါတစ်ခုရမယ်ထင်တယ်။ ဒါပေမဲ့ စားရခက်မှာပဲမဟုတ်လား?

သစ်သီးအန်စာတုံး

https://www.pinterest.jp/pin/

ဒါကတော့ အလှဖက်ဆုံးပါပဲ။
တစ်ခုချင်းစီကို သွားကြားထိုးတံလေးနဲ့ ထိုးစားရင်လည်းကောင်းသလို၊ ဒီလိုအမျိုးအစားများစွာပါဝင်နေတဲ့ အသီးတစ်လုံးဆိုလည်း အရသာရှိမှာသေချာပါတယ်။ ကြည့်ရတာလည်း စားချင်စရာပဲနော်…

 

ဆော်လမွန်ငါးဥကို ကြိုက်လွန်းလို့ အကြီးကြီးလုပ်ကြည့်လိုက်တယ်။

ဆော်လမွန်ငါးရဲ့ဥတွေပါ။
ပဲငံပြာရည်နဲ့ ဆားအနည်းငယ်စိမ်ပြီးစားရပါတယ်။ ပါးစပ်ထဲမှာ “ ထုတ်ထုတ်” နဲ့အရမ်းစားကောင်းပါတယ်။
ဒါပေမဲ့ ဒါကတော့ ဘယ်လိုစားရပါ့မလဲ? အပေါ်ကနေစားမယ်ဆိုရင်တော့ အရင်ဆုံးဆော်လမွန်ငါးဥကိုသာ စားမိမှာဖြစ်တဲ့အတွက် အရသာလေးနေမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ထမင်းချည်းပဲသက်သက်လွတ်လိုဖြစ်သွားပါလိမ့်မယ်။

 

Ohmu သတ္တဝါ
နာမည်ကြီး အန်နီမေးရှင်းဇာတ်ကားဖြစ်တဲ့ Nausicaa of the Valley of the Wind ထဲက အရေးကြီးတဲ့အခန်းကနေ ပါဝင်ခဲ့တဲ့ အင်းဆက်ကြီး Ohmu

ဒါကို ဆော်လမွန်ငါးဥတွေနဲ့ ပုံဖော်ထားတာကတော့ ဒီမှာပါ။

grapee.jp

အသည်းယားစရာကြီး…… ဖန်တီးခဲ့သူကတော့ ဒါကိုတာဝန်ယူပြီးစားပေတော့ပဲ…

 

ပန်းသီးအရသာ ခေါက်ဆွဲကြော်

https://www.dailyshincho.jp/

ကုမ္ပဏီကိုယ်တိုင်က အစားအစာမဆော့ရအမိန့်ကို ကျူးလွန်ပြီး ဖြန့်ချိပြီးတောင်ရောင်းချပေမဲ့၊ သူကတော့ ပန်းသီးအရာသာ ခေါက်ဆွဲကြော်ပဲဖြစ်ပါတယ်။ အရသာကိုဘယ်လိုမှဖော်ပြမတတ်ပေမဲ့ “ စားမကောင်းဘူး” လို့နာမည်ကြီးပါတယ်။ ပုံမှန်ဆို အခြောက်ခံထားတဲ့ ဂေါ်ဖီအဖတ်တွေပါဝင်ပေမဲ့၊ ဒီမှာတော့ ပန်းသီးအဖက်ခြောက်တွေဖြစ်နေတယ်။

ဒီကုမ္ပဏီက ပုံမှန်ဆိုအရသာရှိတဲ့ခေါက်ဆွဲကြော်ကို အမြဲထုတ်လုပ်လေ့ရှိပေမဲ့၊ အခုတော့ ဘာစိတ်ကူးပေါက်သွားသလဲမသိပါ..

စကားမစပ် ဒီကုမ္ပဏီကထုတ်လုပ်တဲ့ ခေါက်ဆွဲကြော်အမျိုးမျိုးမှာ၊ ချောကလပ်အရသာစတော်ဘယ်ရီကိတ်အရသာ၊ Dango အရသာနှင့် ပဲနီလေးအရသာ ဆိုပြီးအမျိုးမျိုးထုတ်လုပ်ထားပါတယ်။

https://girlschannel.net/

ဒါနဲ့ ဒီခေါက်ဆွဲကြော်အကုန်လုံး ရောင်းမထွက်လို့၊ နောက်ဆုံးမှာ ပစ်စလက်ခက်ရောင်းတော့မှ ဝယ်ပြီးအိမ်မှာအချဥ်ရည်နဲ့ပြန်စားကြသူ အတော်များခဲ့တယ်လို့သိရပါတယ်။ စာဖတ်သူရော စားကြည့်ချင်ပါသလား? ဟောဒီကြောင်တောင်တောင်အရသာကို။

ကုမ္ပဏီကသက်သက်နာမည်ကြီးဖို့အတွက်နဲ့ မီဒီယာတွေဆီကနေ အာရုံရအောင်သာထုတ်လုပ်တယ်လို့ ထင်ပါတယ်။

စားစရာတွေကို အတိုင်းအတာတစ်ခုထိ ဆော့လို့ရပေမဲ့၊ ဆော့ပြီးရင်လည်း တာဝန်ယူစားဖို့လိုအပ်ပါတယ်။
ကဲ စာဖတ်သူတို့အားလုံးလည်း ပျော်ပျော်ကစားပြီး ပျော်ပျော်စားကာ အစားအစာတွေကို ကျေးဇူးတင်ရအောင်နော်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: