ဒဏ္ဍာရီလာမကောင်းဆိုးဝါးဝိညာဉ် အမြီး ၉ ချောင်းနဲ့မြေခွေး၊ ပြန်လည်အသက်ဝင်လာပြီလား?

Tochigi စီရင်စုရဲ့ Nasu မြို့မှာ၊ နိုင်ငံကသတ်မှတ်ထားတဲ့ သဘာဝရှုခင်းကြည့်သမိုင်းဝင်နေရာမှာ 殺生石 Sesshoseki ဆိုတဲ့ ကျောက်တုံးကြီးရှိပါတယ်။ ဒီနေရာမှာပြသထားတဲ့ကျောက်တုံးဟာ ဒဏ္ဍာရီလာမကောင်းဆိုးဝါးဝိညာဥ် အမြီး ၉ ချောင်းနဲ့မြေခွေးကို ပိတ်လှောင်ထားတယ်လို့ ပြောစမှတ်ပြုကြပါတယ်။

Shimenawa ဆိုတဲ့ကြိုးဟာ အစွမ်းထက်ပါတယ်။

အခုတော့ ဒီကျောက်တုံးကြီး ကွဲသွားပါပြီ။

ထက်ခြမ်းကွဲသွားခဲ့တာပါ။

လူအများကတော့ သဘာဝဖြစ်စဥ်တစ်ခုကြောင့်ကွဲသွားတာပါလို့ပြောကြပေမဲ့၊ သဘာဝဖြစ်စဥ်ကြောင့်သာဆို ဘာလို့ဒီကျောက်တုံးတစ်ခုတည်းကသာ ကွဲအပ်သွားတာခဲ့တာလဲ?

ဒါကြောင့် ဒီကျောက်တုံးနဲ့စပ်ဆက်ပြီး အမြီး ၉ ချောင်းမြေခွေးအကြောင်း အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

ဒီလိုအမြီး ၉ ချောင်းရှိတဲ့မြေခွေးဖြစ်ပြီး မကောင်းဆိုးဝါးဝိညာဥ်ဆိုတာထက် သားရဲဝိညာဥ်လို့ပြောရင် ပိုနီးစပ်ပါတယ်။
မူလက တရုတ်ဒဏ္ဍာကနေ ဂျပန်ကိုရောက်လာတာဖြစ်ပြီး၊ အမြီး ၉ ချောင်းနဲ့မြေခွေးပေါ်လာခဲ့တာက ကမ္ဘာကြီးငြိမ်းချမ်းတဲ့အချိန်ကာလနဲ့ မြင့်မြတ်တဲ့ဘုရင်ပေါ်ထွက်ခဲ့သော အချိန်ကာလဖြစ်တယ်လို့ ပြောကြပါတယ်။

မိန်းမလှလေးအဖြစ်ပြောင်းလဲပြီး လူတွေကိုလှည့်စားတတ်ပါတယ်။ အနည်းငယ်ကြောက်စရာကောင်းတဲ့ဘက်လည်းရှိတယ်လို့ ပြောကြပါတယ်။

ဂျပန်မှာကတော့ အေးချမ်းသာယာတဲ့ခေတ် ထိုအချိန်ဘုရင်ဖြစ်နေတဲ့ဧကရာဇ် Toba ထံမှာ အမှုထမ်းခဲ့တဲ့ မိန်းမလှလေးရဲ့သရုပ်မှန်က ဒီအမြီး ၉ ချောင်းနဲ့မြေခွေးပဲလို့ ပြောကြပါတယ်။
ဒါကို အကြားအမြင်ဆရာကတွေ့သွားခဲ့ပြီး လိုက်လံဖမ်းဆီခဲ့ပါတယ်။
ဒီမြေခွေးဟာ Tochigi စီရင်စုအထိထွက်ပြေးလာပေမဲ့ ပြေးစရာနေရာမရှိတော့ဘဲ နောက်ဆုံးကျောက်တုံးဖြစ်သွားတယ်လို့ ပြောကြပါတယ်။

ကျောက်တုံးဖြစ်သွားပြီးနောက်မှာတောင် အဆိပ်တွေထုတ်ပြီး အနီးကပ်လာတဲ့လူကို အဆိပ်မိပြီးသေစေတဲ့အတွက်၊ 殺生石 Sesshoseki လို့နာမည်ပေးလိုက်ပါတယ်။ တစ်နည်းအားဖြင့် “ Killing Stone” လို့လည်းခေါ်ကြပါတယ်။
တကယ်တော့ ဒီကျောက်တုံးမှာ မီးတောင်ထွက် ဓါတ်ငွေ့များစွာရှိနေတဲ့အတွက် မီးတောင်အသက်ဝင်လှုပ်ရှားတဲ့အချိန်ဆို လူကိုသေစေနိုင်တဲ့အထိ အန္တရာယ်ပေးပါတယ်။

ကောင်းတဲ့အခြမ်းလည်းရှိသလို၊ မကောင်းတဲ့အခြမ်းလည်းရှိတဲ့ အမြီး ၉ ချောင်းမြေခွေး။
ဒီလိုဒဏ္ဍာပုံပြင်ဟာ ကိုရီးယားကျွန်းဆွယ်(구미호)နဲ့ ဗီယက်နမ်က (Cửu vĩ hồ) မှာလည်းရှိတယ်လို့ဆိုပါတယ်။

ဒီအပြင် ၂၀၂၂ ခုနှစ်မှာ ဒီကျောက်တုံးဟာ ရုတ်တရက်ထကွဲသွားခဲ့တယ်။
အမြီး ၉ ချောင်းမြေခွေးထွက်လာပြီး၊ သင့်ကိုလာသွေးဆောင်နိုင်ချေရှိပါတယ်..
မိန်းမလှလေးတွေဆို သတိထားနော် …(ရယ်လျှက်)

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: