မိုးရွာတဲ့နေ့၏ ညအမှောင်တွင် မိမိကိုအန္တရာယ်မှကာကွယ်ပေးမည့်ထီး ထွက်ပေါ်လာ။

မိုးရွာတဲ့နေ့ရဲ့ ညအမှောင်။
မှောင်ရိပ်ပျိုးနေတဲ့လမ်းမထက်ပေါ် တစ်ယောက်တည်းလမ်းလျှောက်ပြန်ပါဆို ထိတ်လန့်ခြောက်ခြားစရာကြီးပဲနော်…
မိုးရွာတဲ့နေ့ဆို မြင်ကွင်းကပိုပြီးမရှင်းလင်းသလို၊ မြေပြင်ရဲ့မညီမျှချက်က ပိုမှန်ထက်ပိုပြီး မြင်ဖို့ခက်တယ်။
ဒီအပြင် ပြေးနေတဲ့ကားတွေလည်း မြင်ကွင်းမရှင်းလင်းမှုကြောင့် ကားနဲ့ပွတ်ခံရလုနီးပါးဖြစ်သွားသူတွေ တော်တော်များများရှိကြပါတယ်။

အဲ့ဒီလိုသင့်အသက်အန္တရာယ်ကိုကာကွယ်ပေးမယ့် ထီးပေါ်လာပါပြီ။

https://www.thanko.jp/view/item/000000003888

 

ဒါကတော့ မီးလင်းတဲ့ထီးပါ။
မီးအရောင်မှာ ဓါတ်ခဲ ၃ လုံးနဲ့ ရေးရေး‌လေးလင်းနေပါတယ်။ အလင်းထိန်ကြီးမဟုတ်တာက အားသာချက်ဖြစ်ပါတယ်။
ဒါဆိုရင် ခြေလှမ်းကိုသတိထားနိုင်သလို၊ ပြေးနေတဲ့ကားတွေလည်း မိမိလမ်းလျှောက်နေကြောင်းကို မြင်တွေ့ရလွယ်ကူနေမယ်။
တော်တော်လေးအဆင်ပြေတယ်လို့ ထင်ရပေမဲ့လည်း၊ ပြဿနာတစ်ချက်တော့ရှိပြန်တယ်။ အဲ့ဒါက မိမိကိုပြန်မြင်ရမယ့်ပုံစံပါ။

ဒီလိုမီးရောင်မှိန်မှိန်ထဲမှာ မတ်တပ်ရပ်နေတဲ့အခါ သရဲလိုလို၊ ဝိညာဥ်လိုလို မြင်နေရခြင်းပါ။

မှောင်ရိပ်ပျိုးနေတဲ့လမ်းမပေါ် အဝေးကနေလူတစ်ယောက်လမ်းလျှောက်လာခဲ့ရင် အနည်းငယ်ကြောက်စိတ်ဖြစ်မိတယ်နော်?
ဆံပင်အရှည်ဖားလျားနဲ့ အမျိုးသမီးတစ်ယောက် ဒီထီးဆောင်းထားရင်တော့ သေချာတယ် သရဲဆိုပြီး ထွက်ပြေးကြမှာပါ။

ဒါမှမဟုတ် ပန်းကန်ပြားပျံက ပြန်ပေးဆွဲထားတဲ့လူသားတစ်ယောက်လို့ ထင်ရနိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါပဲ။

ဒီထီးကို လူအများစုအသုံးပြုလာကြရင်တော့၊ ထူးထူးဆန်းဆန်းဖြစ်နေတော့မှာမဟုတ်ပါဘူး။ ဒါပေသော်ငြား လူအများစုလက်ခံအသုံးပြုဖို့အထိတော့ ဘယ်လောက်ကြိုးစားရအုံးမလဲ?
နောက်ပိုင်း ဒီထီးရဲ့ဆင့်ကဲတိုးတက်ပြောင်းလဲလာမှုဟာ စိတ်ဝင်စားစရာတစ်ခုပါပဲ။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: