Genius ဒရမ်သမားလေး Yoyoka San အသက် ၁၂ နှစ်မှာ ဂျပန်ကထွက်ခွာပါတော့မယ်

ကမ္ဘာကလေးစားရတဲ့ ဂျပန်လူမျိုး အယောက် ၁၀၀
Newsweek Japanese version အထူးကော်လံမှာ အသက် ၉ နှစ်နဲ့ ရွေးချယ်ခံရတဲ့ Yoyoka Souma San၏
အသက် ၁၁ နှစ်မှာ နိုင်ငံတကာ ဒရမ်တီးသူများဝက်ဆိုက်ဖြစ်တဲ့ Drummer world မှာ TOP500 နဲ့ ကမ္ဘာ့အသက်အငယ်ဆုံးအဖြစ် ရွေးချယ်ခံရပြီး၊ ကမ္ဘာ့နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ အတူတကွ ဖျော်ဖြေခွင့် ရခဲ့ပါတယ်။

 


https://news.tv-asahi.co.jp/news_economy/articles/000250174.html

သူမဟာ အသက် ၁၂ နှစ်မှာ ဂျပန်ကနေထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ကမ္ဘာကြီးကို စိတ်ခေါ်ကြည့်ချင်တာလည်း ပါပေမယ့်၊ တကယ့်အကြောင်းပြချက်ကတော့

Yoyoka San ဟာ ကျောင်းက သီချင်းနဲ့ စိတ်နေစိတ်ထား အတန်းချိန်ကို မကြိုက်ခဲ့လို့လို့ ပြောပါတယ်။

သတ်မှတ်ထားတဲ့ လုပ်ပုံလုပ်နည်းအတိုင်း ဖျော်ဖြေရမယ်၊ ကိုယ့်စိတ်ကြိုက် arrange လုပ်ခွင့်မရပါဘူး။

စိတ်နေစိတ်ထား အတန်းချိန်ကိုလည်း အဆင်မပြေခံစားခဲ့ရပါတယ်။

အတန်းဖော်တွေက ကိုယ်စဥ်းစားထားတာကို ပြောပြတာကကောင်းပေမယ့်၊ နောက်ဆုံးကျတော့ အစကတည်းက အဖြေကိုသတ်မှတ်ပေးထားပြီး၊ အဆုံးသတ်မှာ ဆရာကပဲ အဲ့ဒီလမ်းကြောင်းပေါ် ခေါ်သွား‌ပေးလို့ပါ။

ဂျပန်နိုင်ငံပညာရေးစနစ်ရဲ့ ပြဿနာကို အသက် ၁၂ နှစ်ကလေးတစ်ယောက်က တိတိကျကျ မှန်မှန်ကန်ကန် ပြောနေတာပါ။

၁ နှစ်ခွဲကတည်းက ဒရမ်တီးလာတဲ့သူမဟာ အတင်းအကျပ်အခိုင်းခံခဲ့ရလို့ တီးခဲ့တာမဟုတ်ပါဘူး။
တူရိယာအမျိုးမျိုး မြင်ခဲ့ရပေမယ့် ဒရမ်ကိုပဲ တီးချင်နေခဲ့တာပါ။

မူလတန်းကျောင်းသားအရွယ်မှာ စာအုပ်ထဲမှာ လျှောက်ခြစ်ရေးတာတွေလုပ်ခဲ့ပေမယ့် မိဘက လွှတ်ထားပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံပညာရေးစနစ်ဟာ ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးထားပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ဆန်မှုတွေကို ဖိနင်းပစ်ပါတယ်။
သာတူညီမျှဖြစ်နေတဲ့ လူတွေကို ပမာဏအများကြီးမွေးဖုတ်ဖို့က ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ပါပဲ။
အခုအချိန်ထိကတော့ ဒီစနစ် မူဝါဒကြောင့်ပဲ ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံတစ်ခု ဖြစ်လာခဲ့ပေမယ့်၊ အခုကစပြီး တစ်သီးပုဂ္ဂလဆန်ဆန် ကိုယ့်ကိုယ်ကိုပဲ အရေးပေးတဲ့ ခေတ်ကိုပြောင်းလဲသွားတော့မယ် ထင်ပါတယ်။

ဂျပန်မှာလည်း ပညာရေးမူဝါဒတွေကို ပြောင်းလဲချိန်တန်ပြီထင်ပါတယ်။

မြန်မာနိုင်ငံကရော ကိုယ့်ကိုယ်ကိုပဲ အရေးပေးဖို့ သင်ပေးတဲ့ပညာရေးစနစ်ရှိတာလား?
ဒါမှမဟုတ် ပူးပေါင်းလုပ်ဆောင်ဖို့ သင်ပေးတာပါလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: