ဂျပန်ပြည်တွင်းက ကားနံပါတ်ပြားများရဲ့ အဓိပ္ပါယ်။ နံပါတ်ပြားကိုကြည့်ရုံနဲ့ စီးနင်းသူကို ခန့်မှန်းနိုင်သည်။

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကားတွေကို နံပါတ်ပြားတပ်ဆင်ထားကြပါတယ်။
ဒါဟာ ကားအတွက် ကိုယ်ပိုင်အထောက်အထားပြကဒ်ပြားဖြစ်သလို၊ ပုံစံချင်းကတော့ နိုင်ငံပေါ်မူတည်ပြီး ကွဲပြားပါတယ်။
ဂျပန်မှာတော့ ဒီလိုနံပါတ်ပြားတွေဖြစ်ပါတယ်။

 

https://car-me.jp/articles/8094

တစ်ချက်သတိထားကြည့်လိုက်ရင် ထိုနံပါတ်ပြားရဲ့ဒီဇိုင်းနဲ့ ပါဝင်တဲ့သင်္ကေတတွေမှာ ထူးခြားမှုရှိနေတယ်ဆိုတာကို သိကြပါသလား?
ဒီဆောင်းပါးမှာတော့ ထိုနံပါတ်ပြားရဲ့အမျိုးအစားမတူညီပုံနဲ့၊ အဲ့ဒီကနေခန့်မှန်းနိုင်တဲ့ အသုံးပြုသူရဲ့ရည်ရွယ်ချက်နဲ့ စီးနင်းသူ ဆိုတဲ့အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

အဖြူခံပေါ်က အစိမ်းရောင်စာသား။
အရင်ဆုံးအပေါ်မှာပြထားတဲ့ဓါတ်ပုံထဲကလိုပဲ သာမန်နံပါတ်ပြားဖြစ်ပါတယ်။
တစ်ဦးတစ်ယောက် သို့မဟုတ် လုပ်ငန်းအဖွဲ့အစည်းတစ်ခုက သွား‌လာရေးမှာအသုံးပြုတယ်၊ မိမိကုမ္ပဏီထုတ် ကုန်ပစ္စည်းကို သယ်ယူရာမှာအသုံးပြုတဲ့ယာဥ်ဟာ ဒီနံပါတ်ပြားကိုအသုံးပြုပါတယ်။
ဒီပုံစံကိုပိုပြီးအတွေ့များပေမဲ့၊ တကယ်တော့ ဒီမှာလည်းဖွက်ထားတဲ့ လျှို့ဝှက်ချက်ကို နောက်မှရှင်းပြပါ့မယ်။

အစိမ်းခံအပေါ်က အဖြူရောင်စာသား။

fyparts.jp/

အပေါ်ကတစ်ခုနဲ့ အရောင်ဆန့်ကျင်ဘက်ဖြစ်တဲ့ နံပါတ်ပြားဖြစ်ပါတယ်။
ဒါဟာသုံးငန်းသုံးအတွက်ဖြစ်ပြီး၊ ခရီးသည်တင်ဆောင်တဲ့ တက္ကစီနဲ့ ကုန်တင်တဲ့ Truck တွေမှာအသုံးပြုပါတယ်။
လုပ်ငန်းခွင်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတဲ့ကားတွေဖြစ်တယ်။
ဆိုလိုတာက ယာဥ်တိုက်မှုဖြစ်ပွားနှုန်းများတဲ့အတွက်၊ ဒီလိုကားအများစုမှာ ယာဥ်တိုက်မှုကိုင်တွယ်ဖြေရှင်းဖို့ အကြီးတန်းရှေ့နေတွေ ထားပေးကြပါတယ်။ ဟုတ်ပါတယ် တရားခွင်ရောက်ချိန်မှာ ထိပ်တိုက်တွေ့ရတာက ငြင်းခုံလာမယ့်ပြိုင်ဘက်နဲ့ပါ။
မိမိကိုယ်ကိုယုံကြည်တဲ့ယာဥ်မောင်းဟာ အပြင်းအထန်တရားစွဲဆိုမှာဖြစ်တဲ့အတွက် သတိထားဖို့လိုအပ်ပါတယ်။

အဝါခံပေါ်က အမည်းရောင်စာသား။

/www.carsensor.net

ဂျပန်မှာတော့ 660cc နှင့်အောက်ရှိကားတွေကို ပေါ့ပါးတဲ့ယာဥ်ငယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ဒီကားတွေက အခွန်သက်သာပါတယ်။
ဒီလိုသာမန်ယာဥ်တွေက ဒီအရောင်ကိုအသုံးပြုပါတယ်။
ပေါ့ပေါ့ပါးပါးစီးနှင်းနိုင်တဲ့အတွက် ကြမ်းကြမ်းတမ်းတမ်းမောင်းကြတာမျိုးတွေလည်း ရှိပါတယ်။

 

အမည်းခံပေါ်မှာ အဝါရောင်စာသား။

ဒါကတော့ ပေါ့ပါးယာဥ်ငယ်တွေရဲ့ လုပ်ငန်းသုံးနံပါတ်ပြားဖြစ်ပါတယ်။

 

အဖြူခံပေါ်မှာ အနီရောင်မျဥ်းစောင်းခြစ်ထားတဲ့နံပါတ်ပြား။

/fourel.info/

ဂျပန်မှာက ကားကိုပုံမှန်စစ်ဆေးမှု ပြုလုပ်တဲ့၊ 車検(しゃけん)ဆိုတဲ့ စနစ်တစ်ခုရှိတယ်။
ဒီ(စစ်ဆေးမှုကို မခံယူထားတဲ့ကား၊ သတ်မှတ်အချိန်ကာလ ကုန်လွန်သွားတဲ့ကား) ဆိုရင် မောင်းနှင်ခွင့်မပေးတော့ပါဘူး။
ဒါပေမဲ့ အထူးခွင့်ပြုချက်ရယူပြီး ကိုယ်တိုင်မောင်းနှင်မယ်ဆိုရင်တော့ ဒီနံပါတ်ပြားကိုအသုံးပြုရပါတယ်။

အပြာခံပေါ် အဖြူစာသား။

တိုကျိုနဲ့အိုဆာကာလို့ မြို့ကြီးတွေမှာသာတွေ့ရတဲ့ ကားနံပါတ်ပြားဖြစ်ပါတယ်။
ဒါဟာ နိုင်ငံခြားသံတမန်များနဲ့ ကောင်စစ်ဝန် သံတမန်တွေ အသုံးပြုတဲ့နံပါတ်ပြားဖြစ်ပါတယ်။
သူတို့ကလည်း ပါဝါရှိကြသူတွေဖြစ်တဲ့အတွက် လိုက်မစပ်စုတာတော့ ကောင်းမယ်ထင်ပါတယ်။

 

အပေါ်အတန်းက ဂဏန်းရဲ့အဓိပ္ပါယ်

နံပါတ်ပြားရဲ့အပေါ်အတန်းက ထုတ်ပေးတဲ့ဒေသနာမည်ကို ထည့်သွင်းထားခြင်းဖြစ်တယ်။
ဒီဓါတ်ပုံအရဆို 多摩(たま)ဒေသကဆိုတာကိုနားလည်ရတယ်။ ဒီနေရာမှာလည်း စီရင်စုနဲ့ ဒေသဆိုင်တာလက္ခဏာတွေပါဝင်ပေမဲ့၊ ရှင်းပြလို့ကုန်မှာမဟုတ်တဲ့အတွက် နောက်အခွင့်ကြုံတဲ့အခါ ပြောပြပါ့မယ်။
အဲ့ဒီဘေးက ဂဏန်းတွေဖြစ်တဲ့ ၂ တို့ ၃ တို့ရဲ့ ဘယ်ဘက်အစွန်ဆုံးဂဏန်း။ ဒီဂဏန်းဟာ ကားအမျိုးအစားကိုခွဲခြားခြင်းဖြစ်တယ်။
သာမန်ယာဥ်အများစုမှာ ၃ / ၅ ဂဏန်းနဲ့စပါတယ်။
ဒီနောက်ပိုင်းတော့ ၅ ဂဏန်းပိုပြီးများလာတယ်။ ၅ ဟာ သေးပြီးကျစ်လစ်တဲ့ယာဥ်ငယ်အမျိုးအစားဖြစ်ပါတယ်။
ထွက်လာတဲ့မီးခိုးပမာဏ၊ အရှည်၊ အကျယ်အဝန်း၊ အမြင့်မှာ ကန့်သတ်ချက်ရှိပေမဲ့၊ အဲ့ဒီအစား အခွန်ဆောင်ရသက်သာတဲ့ ကောင်းကွက်တော့ရှိပါတယ်။

၃ ဂဏန်းကတော့ အဲ့ဒီထက်ပိုမြင့်တဲ့ သာမန်အိမ်စီးကားဖြစ်ပါတယ်။

အောက်အတန်းကစကားလုံးများ။
အထက်ပါပုံအတိုင်းဆို “つ” ဆိုတဲ့စကားလုံးပါတဲ့အပိုင်းပါ။
ဒါကတော့ပုံစံအားဖြင့် ဟိရဂန စကားလုံးနဲ့ရေးပါတယ်။
ဒီမှာလည်း လျှို့ဝှက်ချက်အနေနဲ့ “わ” တို့ “れ” တို့ရေးထားတဲ့ နံပါတ်ပြားကို အနည်းငယ်သတိထားဖို့လိုအပ်တယ်။
အငှားကားဖြစ်လို့ပါ။
ငှားရမ်းထားတဲ့ကားဆိုတာက အမြဲတမ်း မောင်းသူတစ်ဦးတည်းနဲ့ ထိတွေ့နေတဲ့ကားမဟုတ်ပါဘူး။ အခန့်မသင့်ရင် ကားမောင်နေကြမရှိသူက တက်မောင်းတာမျိုးရှိတဲ့အတွက် သတိထားပါ။

နောက်ဆုံးပြောပြမှာကတော့ ဂျပန်လူမျိုးတောင်မသိတဲ့ ထူးဆန်းတဲ့နံပါတ်အကြောင်းဖြစ်ပါတယ်။
နံပါတ်ပြားရဲ့ အောက်စာကြောင်းမှာ ဟိရဂန စကားလုံးနဲ့ရေးတယ်ပြောပေမဲ့၊ အင်္ဂလိပ် alphabet နဲ့ရေးတာမျိုးလည်းရှိတတ်တယ်။
Y,E,T စတဲ့နံပါတ်တွေဖြစ်ပြီး၊ မြင်ဖူးသူတွေ ရှားပါတယ်။

ဒီကားရဲ့ပိုင်ရှင်ဟာ ဂျပန်နိုင်ငံသားမခံယူထားတဲ့ နိုင်ငံခြားသားဖြစ်ပြီး၊ အထူးသဖြင့် အကောက်ခွန်နဲ့ သုံးစွဲခွန် ကင်းလွတ်ခွင့်ပြုထားပုံရပါတယ်။
Y ဆိုတာဂျပန်နိုင်ငံမှာ ဝယ်ယူထားတဲ့ ပုဂ္ဂလိကပိုင်ယာဥ်ဖြစ်တယ်။
E ကတော့ အခွန်ကင်းလွတ်ခွင့်ရှိတဲ့ယာဥ်ဖြစ်ပြီး၊
T ကတော့ ကိုယ့်နိုင်ငံကကိုယ် သယ်လာတဲ့ ကိုယ်ပိုင်ယာဥ်ဖြစ်ပါတယ်။

အထူးသဖြင့် ဂျပန်ပြည်တွင်းက အမေရိကန်စစ်တပ်ပိုင်ကားတွေမှာ တွေ့ရတယ်။
အကယ်၍ ဒီလိုကားကိုသွားတိုက်မိခဲ့ရင်တော့ အမေရိကန်စစ်တပ်ပိုင်ဖြစ်လို့ ကြောက်စရာပဲနော်.. (ရယ်လျက်)

အမြဲတမ်းအန္တရာယ်ကင်းစွာ မောင်းနှင်သင့်ပေမဲ့၊ ကားနံပါတ်ပြားကိုကြည့်ပြီး သတိထားသင့်တာမျိုးလား၊ အကွာအဝေးတစ်ခုထားသင့်တာမျိုးလား ဆိုတာကို ကိုယ့်ဘာသာကိုယ်သိဖို့ လိုအပ်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: